ရွှေတိဂုံစေတီတော် လမ်းညွှန်

ပန်းပုပညာ

      ပန်းပုပညာဆိုသည်မှာ သစ်သား၊ ဆင်စွယ်၊ ရွံ့စေး၊ ဖယောင်း စသည့်ဝတ္ထုပစ္စည်းများကို ထုထွင်းပုံဖော်သောအနုပညာ ရုပ်လုံးရုပ်ကြွများ ဖန်တီးသည့်အတတ်ပညာ ဖြစ်ပါသည်။ ပန်းပုပညာတွင်အကြမ်းထည်ပစ္စည်း များကို ပုံကြမ်းရေးဆွဲခြစ်ခြင်း၊ ပုံသွင်းခြင်း(ပုံစံရေးဆွဲခြင်း)နှင့် ရေးဆွဲထား သည့်ပုံ၏ အတိုင်းအတာအချိုးအစား ရရှိအောင် ပုံဖော်ထုဆစ်ရသော ပညာရပ်ဖြစ်ပါသည်။
      ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ရခိုင်တန်ဆောင်း၊ ၇-ရက်သားသမီးတန်ဆောင်း၊ ရွှေစေတီတန်ဆောင်း၊ အရှေ့ဘက်အာရုံခံတန်ဆောင်း စသည်တို့သည် မြန်မာမှုပန်းပုလက်ရာများဖြင့် တန်ဆာဆင်ဆောက်လုပ်ထားသော တန်ဆောင်းများ ဖြစ်ပါသည်။ မြန်မာမှု ဘုံပြာဿဒ်အဆင့်ဆင့်တို့တွင် မုခ်ပန်း၊ အလယ်တုရင်ပန်း၊ ထောင့်တုရင်ပန်း၊ ‌ထောင့်ပန်း၊ ဖောင်းပန်း၊ ဖောင်းပန်းဆွဲ၊ ကြေးခွေ၊ အဆော်၊ ခြူးပန်း၊ ခြူးနွယ်၊ ‌ပန်းပွင့်၊ ပန်းပြောက်၊ ပန်းချီ၊ ပန်းပုစသည့် မြန်မာမှုရုပ်လုံးရုပ်ကြွများကို ထုဆစ်ပုံဖော်ကာ တည်ဆောက်ထားရှိပါသည်။
     ရင်ပြင်တော်မြောက်ဘက်၇-ရက်သားသမီးတန်ဆောင်း၌ မြန်မာမှု ပန်းပုပန်းများကို ဘုံပြာဿဒ်အဆင့်ဆင့်တွင် ဗုဒ္ဓဖြစ်တော်စဉ် (၅၅၀) နိပါတ်တော်တို့မှ အချို့ကို သရုပ်ဖော်ထုဆစ်ထားရှိပြီး ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခဲ့ရာ ကိုလိုနီခေတ်ဟန် ပန်းပုရုပ်လုံးရုပ်ကြွအချို့လည်း ပါဝင်ပါသည်။ ထို့အပြင် ရင်ပြင်တော်စနေထောင့် ရခိုင်တန်ဆောင်းရှိ ဘုံပြာဿဒ်အဆင့်ဆင့်တို့တွင်လည်း ပန်းပုပညာရပ်၏ အနုစိတ်လက်ရာ အကွေ့အကောက်၊ ခြူးပန်း၊ ခြူးနွယ်၊ ပန်းပွင့်၊အဖောင်းအကြွပန်းများသည် ယနေ့ခေတ်တွင်မြင်တွေ့ရခဲ့သော ပန်းပုပညာရှင်၏ အံ့မခန်းအနုပညာ တစ်ရပ်ဖြစ်ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်