ရွှေတိဂုံစေတီတော် လမ်းညွှန်

ပန်းပွတ်ပညာ

      ပန်းပွတ်ပညာဆိုသည်မှာ ယွန်းသစ်သားဖြင့် အသုံးအဆောင်များ၊ အလှအပများကိုပြုလုပ်သည့် ပညာဖြစ်ပါသည်။ ပန်းပွတ်ပညာကို ကလပ် အမျိုးမျိုး၊ လက်ဖက်အစ်၊ ဆွမ်းအုပ်၊ နွားလှည်းဘီးများမှ သစ်သားပွတ် လုံးများ၊ ထီးဖြူ၊ ရွှေထီးလက်ရိုးလက်ကိုင်များတွင် တွေ့ရှိနိုင်ပါသည်။ ထို့အပြင်ပန်းပုပညာဖြင့် ရုပ်လုံးဖော်ထားသော အကြမ်း ထည်များကို ချောမွေ့တောက်ပြောင်စေရန် ပန်းပွတ်ပညာဖြင့် ပြုလုပ်ရပါသည်။            ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းအောက်ခြေနေရာတွင် သစ်သားပွတ်လုံးတိုင်များကို မြင်တွေ့နိုင်ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်