ရွှေတိဂုံစေတီတော် လမ်းညွှန်

ပန်းပဲပညာ

     ပန်းပဲပညာဆိုသည်မှာ သံ၊သတ္ထုတို့ကို မီးအပူရှိန်ဖြင့် ပျော့ပျောင်းစေကာ ရဲနေအောင်ဖုတ်ပြီး လိုရာပုံစံရရှိစေရန် ပုံသွင်းထုရိုက်ရသော‌ ပညာရပ် ဖြစ်ပါသည်။ မြန်မာ့သမိုင်းတွင် တကောင်းခေတ်မှစ၍ ပန်းပဲပညာ ထွန်းကားခဲ့ကြောင်း ပန်းပဲမောင်တင့်တယ် ရာဇဝင်တွင် တွေ့ရှိနိုင်ပါသည်။
      ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကိုယ်လုံးတော် ကြံ့ခိုင်တောင့်တင်းစေရန်အတွက် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက စေတီတော်ကြီး၏ ကိုယ်လုံးတော်တွင် ၂’’ x ၁/၂’’ အရွယ်ခန့်ရှိသော သံပြား သံချောင်းများကို အုတ်စီရာတွင် ကြံ့ခိုင်မှုပိုမိုကောင်းမွန်စေရန် ထည့်သွင်းအသုံးပြုခဲ့ပါသည်။ စေတီတော်မြတ်ကြီး၏ ရွဲလုံး၊ ကြာမှောက်ကြာလန်နေရာများအား ၂၀၀၈-၂၀၀၉ ခုနှစ် ပြုပြင်မွမ်းမံရာတွင် ၎င်းသံချောင်းများကို အများဆုံးတွေ့ရှိရပါသည်။ ခေတ်မီနည်းပညာများဖြင့် ထည့်သွင်းတည်ဆောက်ထားသော မြို့ပြအင်ဂျင်နီယာ အဆောက်အဦများမှ Reinforced Concrete များမတိုင်မီကပင် ရှေးမင်း အဆက်ဆက်မှ စေတီတော်မြတ်ကြီး ကြံ့ခိုင်စေရေးအတွက် သံချောင်းများအား လိုအပ်သလို ထည့်သွင်း အသုံးပြုခဲ့ကြပါသည်။ ထို့အပြင် စေတီရံစေတီငယ်များ၏ ငှက်ပျောဖူးထိပ်၊ ထီးတော်အထိုင် ကလပ်များအား မြန်မာတို့၏ ပန်းပဲအတတ်ပညာဖြင့် ပူဇော်ဆောင်ရွက်ခဲ့ကြပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်