မြန်မာမှုပန်းဆယ်မျိုး
ရွှေတိဂုံစေတီတော် မြန်မာမှုပန်းဆယ်မျိုး

၁။  ပန်းပဲပညာဆိုသည်မှာ သံ၊သတ္ထုတို့ကို မီးအပူရှိန်ဖြင့် ပျော့ပျောင်း စေကာ ရဲနေအောင်ဖုတ်ပြီး လိုရာပုံစံရရှိစေရန် ပုံသွင်း ထုရိုက်ရသော‌ ပညာရပ် ဖြစ်ပါသည်။ မြန်မာ့သမိုင်းတွင် တကောင်း ခေတ်မှစ၍ ပန်းပဲပညာထွန်းကား ခဲ့ကြောင်း ပန်းပဲမောင်တင့်တယ် ရာဇဝင်တွင် တွေ့ရှိနိုင်ပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်မြောက်ဘက်ရှိ စဉ့်ကူးမင်းခေါင်းလောင်းတန်ဆောင်းတွင် တပ်ဆင်ထားသော မြန်မာမှု သံတိုင်များသည် ကိုလိုနီခေတ်လက်ရာ မြန်မာမှုပန်းပဲပညာဖြင့် ပုံစံသွင်းပြုလုပ်ထားခြင်း ဖြစ်ပါသည်။

၁။  ပန်းထိမ်ပညာဆိုသည်မှာ အဖိုးတန်သော ရွှေ၊ ငွေ၊ သတ္ထု စသည်တို့ဖြင့် လူတို့၏လက်ဝတ်ရတနာ အသုံးအဆောင်အမျိုးမျိုးတို့ကို သီးသန့်ပြုလုပ်ခြင်း၊ ကျောက်မျက်မျိုးစုံတို့ဖြင့် တွဲဖက်၍ပြုလုပ်သော အတတ်ပညာ ဖြစ်ပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏  အထွဋ်စိန်ဖူးတော်ကြီးနှင့် ငှက်မြတ်နားတော်တို့အား အဖိုးတန် ရွှေငွေကျောက်သံ ပတ္တမြားတို့ဖြင့် စီခြယ်ပူဇော်ထားခြင်း၊ ထီးတော်ဘုံ(၇)ဆင့်ပတ်လည်တွင် ရွှေဆည်း လည်းများ ချိတ်ဆွဲပူဇော်ထားခြင်း၊ ထီးတော်ဘုံ(၇)ဆင့် ကြေးဖရိန် ဘုံအဆင့်ဆင့်ကို အခေါက်ရွှေအားအပြားခတ်၍ ရွှေကွပ်ထားခြင်း၊ စေတီတော်ကြီး၏ ငှက်ပျောဖူးတော်မှ ခေါင်းလောင်းတော်အထိ ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ထားခြင်းတို့သည် မြန်မာမှုပန်းထိမ် ပညာရပ်ဖြင့် ပူဇော်ထားရှိခြင်းဖြစ်ပါသည်။ ထို့အပြင်စေတီတော်မြတ်ကြီး၏ ကြာမှောက်ကြာလန်နှင့် ပန်းဆွဲနေရာများသည် ပန်းတိမ်၊ ပန်းတဉ်း၊ ပန်းတော့ပညာရပ်များဖြင့် ပူဇော်ထားသည်ကို တွေ့မြင်နိုင်ပါသည်။   ထို့အပြင်စေတီတော်ကြီး၏ ကြေးဝန်းတော် (၅)ခွေနှင့် ရှစ်မြှောင့်ပစ္စယာ ဧရိယာအချို့အား ခေတ်မီပန်းတိမ်နည်းပညာတစ်ရပ် ဖြစ်သော ‌ရွှေစင်ကိုဓာတုဗေဒနည်းဖြင့် အရည်ပျော်စေ၍ ကြေးပြားချပ် ပေါ်တွင် တွယ်ကပ်စေသောနည်းဖြင့်ရွှေစင်ပြား(Gold Coating)များကို ကပ်လှူပူဇော်ထား ပါသည်။

‌၁။  ပန်းတဉ်းပညာဆိုသည်မှာ ကြေးထည်ပုံစံအမျိုးမျိုး သွန်းလုပ် သည့်ပညာရပ်ဖြစ်ပါသည်။  “ဗဒင်း” ဟုဆိုကြ သော်လည်း “ပန်းတဉ်း ” ဟူ၍ ပန်းထည့်ပြီး  တလေးတစားခေါ်ဝေါ်သုံးစွဲကြသော ရှေးမြန်မာမှု လက်မှု ပညာတစ်ရပ်ဖြစ်သည်။ ပန်းတဉ်းပညာရပ်သည် ပုဂံခေတ်တွင် စတင် ပေါ်ပေါက်ခဲ့သော မြန်မာမှုပညာဖြစ်ပြီး ပုဂံခေတ်မှ စတင်ကာ ပင်းယခေတ်၊ အင်း၀ခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံ ခေတ်မှသည် ကိုလိုနီခေတ်မှယ နေ့မျက်မှောက်ခေတ်ထိ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ   ချမ်းသာကြီး တန်ဆောင်းနှင့်  ရွှေခေါင်းလောင်းကြီး တန်ဆောင်းတို့၏  လင်းနို့တောင် ပန်းဆွဲနှင့် အမိုးပြာဿဒ်များတွင် တပ်ဆင်ထားသော မြန်မာမှုလက်ရာ များသည် ကိုလိုနီခေတ်လက်ရာ ကြေးပန်းတဉ်းပညာရပ်   ဖြစ်ပါသည်။ ထို့အပြင် ရင်ပြင်တော်အဂ်ါထောင့်ရှိ  ကလျာဏပါရမီတန်ဆောင်း အမိုးပြာဿဒ်တွင် တပ်ဆင်ထားသော  မြန်မာမှုပန်းများသည် မူလလက်ရာ အတိုင်း ပြန်လည်မွမ်းမံထားသော ‌ယနေ့ခေတ် မြန်မာမှု Gold Steel ပန်းတဉ်းလက်ရာဖြစ်ပါသည်။

၁။  ပန်းတော့ပညာဆိုသည်မှာ ဂူဘုရားများအဝင်ပေါက်အပေါ်ရှိ မုခ်တံကဲတွင် အဂ်တေပညာဖြင့် ပန်းခတ်၊ ပန်းလက်၊ ရုပ်ကြွရုပ်လုံး အမျိုးမျိုး သော ပုံသဏ္ဍာန်၊ သက်ရှိသက်မဲ့အရုပ်များ ပြုလုပ်ပူဇော်ထားခြင်းကို ပန်းတော့ပညာ ဟုခေါ်ပါသည်။ ဗိဿနိုး၊ သရေခေတ္တရာခေတ်က ပင်ပန်းတော့လက်ရာပညာများကို တွေ့ရှိနိုင်ပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဝတ္ထုကံမြေအတွင်းရှိ စေတီများ၊ အုတ်ဂူပြဿဒ်အများစုနှင့် တန်ဆောင်းအချို့သည် ပန်းတော့ ပညာရပ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ထို့အပြင်နတ်ရုပ်၊ ဘီလူးရုပ်၊ ဇော်ဂျီရုပ်၊ နဂါး ရုပ်၊ ဒေါင်းရုပ်စသည့် ရုပ်လုံးရုပ်ကြွများသည် ပန်းတော့ပညာရပ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါသည်။

၃။  မြန်မာမှုလက်ရာအမြောက်ဆုံးအနေဖြင့် ရင်ပြင်တော် ရာဟုထောင့်အနီး မနောစိတ္တုပ္ပါဒ်တန်ဆောင်း၏ ဘုံပြဿဒ်အဆင့်ဆင့်သည် ပန်းတော့ပညာရပ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ထို့အပြင်    ရွှေတန်ဆောင်း(ဓာတ်ပုံပြခန်း)၊ ထီးတော်ရုံတန်ဆောင်း၊ ရေကြည်တော် ဝတ်အသင်းတန်ဆောင်း စသည်တို့တွင်လည်း ပန်းတော့ပညာရပ်ကို မြင်တွေ့နိုင်ပါသည်။

‌၁။  ပန်းတမော့ပညာဆိုသည်မှာ ကျောက်များ၊ သဲကျောက်များ၊ စကျင် ကျောက်များကို အရုပ်သဏ္ဍာန်ပေါ်အောင် လှပသေသပ်စွာ ထုဆစ်သည့် ပညာရပ်ဖြစ်ပါသည်။ တနည်းအားဖြင့် ကျောက်ဆစ်ပညာရပ်ဟုလည်း ခေါ်တွင်ပါသည်။ ပန်းတမော့သည် ဘုရားဆင်းတု၊ သိမ်တိုင်၊‌ ကျောက်စာတိုင်၊ ခြင်္သေ့ရုပ်၊ ယမင်းရုပ်၊ ဆင်ရုပ်၊ ကျောက်ပျဉ်၊ ကျောက်ငရုတ်ဆုံ၊ ကျောက်စားပွဲ စသည်တို့ကို ပြုလုပ်ပါသည်။ ပန်းတမော့ ပညာကို အေဒီ(၂)ရာစုမှစ၍ ယနေ့တိုင်ခေတ်အဆက်ဆက်မှ လက်ရာ အမျိုးမျိုးကို လေ့လာတွေ့ရှိနိုင်ပါသည်။ အထင်ရှားဆုံး ပန်းတမော့ လက်ရာမှာ မင်းတုန်းမင်းလက်ထက် ကုသိုလ်တော်ဘုရားမှ ပိဋကတ်တော် များကို လေ့လာနိုင်ရန် စကျင်ကျောက်ပြားများပေါ်တွင် ပါဠိဘာသာဖြင့် ထွင်းထုအက္ခရာတင်ထားခဲ့ပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် စနေထောင့် ဆီမီးခုံ စေတီရံအမှတ်(၁၁)အရှေ့ရှိ ဘီလူးရုပ်ထုများ၊ ဝဿုန်န္ဒြေရုပ်တုများနှင့် ကမ္ပည်းကျောက်စာ၊ တနင်္ဂနွေထောင့် သာသနာ့ဟိတတန်ဆောင်းရှေ့ရှိ ကမ္ပည်းကျောက်စာ၊ မြောက်ဘက်အာရုံခံတန်ဆောင်းရှိ ကမ္ပည်းကျောက်စာ ချပ်များ စသည်တို့သည် စကျင်ကျောက်ကိုထွင်းထုထားသော နှစ်ပေါင်း ၁၀၀ကျော်သက်တမ်းရှိ ပန်းတမော့ပညာရပ်ဖြစ်ပါသည်။ အထူးခြားဆုံး အနေဖြင့် ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဓမ္မစေတီမင်းကောင်းမှု ကျောက်စာချပ်များသည် မြန်မာသက္ကရာဇ် ၈၄၇ခုနှစ်တွင် မွန်၊ မြန်မာ၊ ပါဠိ ဘာသာတို့ဖြင့် ရေးထိုးထားသော နှစ်ပေါင်း(၅၀၀)ကျော် သက်တမ်းရှိ ပန်းတမော့ပညာရပ်ဖြစ်ပါသည်။ ထို့အပြင် ၇ရက်သားသမီးတန်‌ဆောင်း အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်သည် ရင်ပြင်တော်ပေါ်ရှိ အချိုးအစား အပြေ ပြစ်ဆုံးနှင့် လက်ရာအမြောက်ဆုံး စကျင်ရုပ်ပွားတော်တစ်ဆူ ဖြစ်ပါသည်။

‌၁။  ပန်းရန်ပညာဆိုသည်မှာ ပျူခေတ်မတိုင်မီက ပေါ်ပေါက် ခဲ့သော ပညာရပ်ဖြစ်ပါသည်။ အဆောက်အဦများ တည်ဆောက်ရာတွင် အခြေခံ ဖြစ်သော အုတ်များကို အင်္ဂတေဖြင့်တွဲကပ်စေသော ပညာရပ် ဖြစ်ပါသည်။ ပုဂံဘုရားများကို လေ့လာခြင်းဖြင့်မြန်မာတို့၏ ပန်းရန်ပညာကို လေ့လာ သိရှိနိုင်ပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ငှက်ပျောဖူးတော်မှ အောက်ခြေ ရှစ်မြှောင့်ပစ္စယာထိအား အချိုးအစား ပြေပြစ်သေသပ်လှပစွာ ရှေးခေတ် ပန်းရန်ပညာဖြင့် တည်ဆောက်ထားသည်မှာ ကမ္ဘာ့ဗိသုကာ ပညာရှင်များ ချီးကျူးအတုယူဘွယ်ဖြစ်ပါသည်။ စေတီတော်မြတ်ကြီး၏ ပတ်လည်တွင် အရံစေတီများ၊ ထောင့်နေရာများတွင် စိန်တောင်ကြီးများ၊ ဆီမီးခုံစေတီများ၊ အုတ်ပြာဿဒ်စေတီများ၊ မြေစိုက်စေတီများပတ်ရံကာ တည်ဆောက်ပူဇော် ထားပြီး စေတီတော်မြတ်ကြီးအပါအဝင် ကုန်းတော်ကြံ့ခိုင်ရေးတို့အတွက် မဟာရံတံတိုင်းကြီးလေးထပ်ဖြင့် ကာရံထားသည်မှာ ပန်းရန်ပညာရပ်များ ပင်ဖြစ်ပါသည်။ ထို့အပြင်ရင်ပြင်တော်ပေါ်ရှိ  သာသနိကအဆောက်အဦများ၊ စေတီများ၊ အုတ်ပြာသာဒ်များ၊ စောင်းတန်းများ၊ တန်ဆောင်းများ စသည် တို့သည် ပန်းရန်ပညာဖြင့် တည်ဆောက်ထားပါ သည်။

၁။  ပန်းပုပညာဆိုသည်မှာ သစ်သား၊ ဆင်စွယ်၊ ရွံ့စေး၊ ဖယောင်း စသည့်ဝတ္ထုပစ္စည်းများကို ထုထွင်းပုံဖော်သောအနုပညာ ရုပ်လုံးရုပ်ကြွများ ဖန်တီးသည့်အတတ်ပညာ ဖြစ်ပါသည်။ ပန်းပုပညာတွင်အကြမ်းထည်ပစ္စည်း များကို ပုံကြမ်းရေးဆွဲခြစ်ခြင်း၊ ပုံသွင်းခြင်း(ပုံစံရေးဆွဲခြင်း)နှင့် ရေးဆွဲထား သည့်ပုံ၏ အတိုင်းအတာအချိုးအစား ရရှိအောင် ပုံဖော်ထုဆစ်ရသော ပညာရပ်ဖြစ်ပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ရခိုင် တန်ဆောင်း၊ ၇-ရက်သားသမီးတန်ဆောင်း၊ ရွှေစေတီတန်ဆောင်း၊ အရှေ့ဘက်အာရုံခံတန်ဆောင်း စသည်တို့သည် မြန်မာမှုပန်းပုလက်ရာ များဖြင့် တန်ဆာဆင်ဆောက်လုပ်ထားသော တန်ဆောင်းများ ဖြစ်ပါသည်။ မြန်မာမှု ဘုံပြာဿဒ်အဆင့်ဆင့်တို့တွင် မုခ်ပန်း၊ အလယ်တုရင်ပန်း၊ ထောင့်တုရင်ပန်း၊ ‌ထောင့်ပန်း၊ ဖောင်းပန်း၊ ဖောင်းပန်းဆွဲ၊ ကြေးခွေ၊ အဆော်၊ ခြူးပန်း၊ ခြူးနွယ်၊ ‌ပန်းပွင့်၊ ပန်းပြောက်၊ ပန်းချီ၊ ပန်းပုစသည့် မြန်မာမှုရုပ်လုံးရုပ်ကြွများကို ထုဆစ်ပုံဖော်ကာ တည်ဆောက်ထားရှိပါသည်။

၃။  ရင်ပြင်တော်မြောက်ဘက်၇-ရက်သားသမီးတန်ဆောင်း၌  မြန်မာမှု ပန်းပုပန်းများကို  ဘုံပြာဿဒ်အဆင့်ဆင့်တွင် ဗုဒ္ဓဖြစ်တော်စဉ် (၅၅၀) နိပါတ်တော်တို့မှအချို့ကို သရုပ်ဖော်ထုဆစ်ထားရှိပြီး ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခဲ့ရာ ကိုလိုနီခေတ်ဟန် ပန်းပုရုပ်လုံးရုပ်ကြွအချို့လည်း ပါဝင်ပါသည်။ ထို့အပြင် ရင်ပြင်တော်စနေထောင့် ရခိုင်တန်ဆောင်းရှိ ဘုံပြာဿဒ်အဆင့်ဆင့်တို့တွင်လည်း ပန်းပုပညာရပ်၏ အနုစိတ်လက်ရာ အကွေ့အကောက်၊ ခြူးပန်း၊ ခြူးနွယ်၊ ပန်းပွင့်၊အဖောင်းအကြွပန်းများသည် ယနေ့ခေတ်တွင်မြင်တွေ့ရခဲ့သော ပန်းပုပညာရှင်၏ အံ့မခန်းအနုပညာ တစ်ရပ်ဖြစ်ပါသည်။

‌၁။  ပန်းပွတ်ပညာဆိုသည်မှာ ယွန်းသစ်သားဖြင့် အသုံးအဆောင်များ၊ အလှအပများကိုပြုလုပ်သည့် ပညာဖြစ်ပါသည်။ ပန်းပွတ်ပညာကို ကလပ် အမျိုးမျိုး၊ လက်ဖက်အစ်၊ ဆွမ်းအုပ်၊ နွားလှည်းဘီးများမှ သစ်သားပွတ် လုံးများ၊ ထီးဖြူ၊ ရွှေထီးလက်ရိုးလက်ကိုင်များတွင် တွေ့ရှိနိုင်ပါသည်။ ထို့အပြင်ပန်းပုပညာဖြင့် ရုပ်လုံးဖော်ထားသော အကြမ်းထည်များကို ချောမွေ့တောက်ပြောင်စေရန် ပန်းပွတ်ပညာဖြင့် ပြုလုပ်ရပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းအောက်ခြေ နေရာတွင် သစ်သားပွတ်လုံးတိုင်များကို မြင်တွေ့နိုင်ပါသည်။

၁။  ပန်းချီပညာဆိုသည်မှာ မျက်နှာပြင်တစ်ခုခုပေါ်တွင် အရောင်ဖြင့် အသက်သွင်းခြင်းဟု ယေဘုယျဆိုနိုင်ပါသည်။ ပန်းချီပညာတွင် ပုံတူရေးဆွဲ ခြင်း၊ ပုံဖွဲ့ယူခြင်းများကို အနုပညာရှင်၏   အယူအဆအလိုက်ဖန်တီးခြင်း ဖြစ်ပါသည်။ ပန်းချီရေးခြင်းသည် ပြင်ပလောက၌ရှိနေသည်များကို ပြန်လည် သရုပ်ဖော် အသက်သွင်းခြင်းပင် ဖြစ်ပါသည်။ မြန်မာရှေးရိုးတစ်ကြောင်းရေး ပန်းချီမှသည် ယခုခေတ်ပို့စ်မော်ဒန်အထိဖြစ်သည်။ မြန်မာပန်းချီတွင် အခြေပြုလွှမ်းမိုးခဲ့သည်မှာ ဗုဒ္ဓဝင်ဆိုင်ရာများနှင့် မင်းခမ်းမင်းနားမှတ်တမ်း တင်ချက်များအပြင် နှောင်းပိုင်းတွင် ပုံတူရေးဆွဲခြင်းများ ဖြစ်ပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး     စောင်းတန်းလေးသွယ်၊ တန်ဆောင်း နေရာများတွင်   ဗုဒ္ဓဖြစ်တော်စဉ် ပန်းချီကားချပ်များ၊ ရွှေတိဂုံသမိုင်းနောက်ခံ ပန်းချီကားချပ်များ၊ ၅၅၀နိပါတ်တော်ပန်းချီကားချပ်များ၊ ခေါင်းလောင်း သမိုင်းပန်းချီကားချပ်များကို ခေတ်အဆက်ဆက်က ပန်းချီပညာရှင်များ၏ လက်ရာများကို တွေ့မြင်နိုင်ပါသည်။

၁။  ပန်းယွန်းပညာသည် အင်းဝခေတ်အလွန် ကုန်းဘောင်ခေတ် အတွင်း၌ တိုးတက်ဖွံ့ဖြိုးလာခဲ့သော ပညာရပ်ဖြစ်ပါသည်။ အထူးသဖြင့် ထီးသုံးနန်းသုံးပစ္စည်းများမှာ ယွန်းထည်များဖြစ်ပါသည်။ ပန်းယွန်းပညာကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်ပါသည် –

(က)  ကျောက္ကာထည် (ရိုးရိုးစင်းစင်းပြောင်ချောယွန်းထည်များ)

  ဥပမာ လင်ပန်း၊ ခွက်၊ ပန်းခြင်း၊ ပန်းကန်၊ ရေခွက်နှင့်   ကွမ်းအစ်များစသည်

( ခ)  ယွန်းထည်ရိုးရိုး (ဆေးသွင်းယွန်းထည်)

  ဥပမာ- စားပွဲ၊ စင်၊ ထိုင်ခုံ၊ အိုးခွက်၊ ပန်းခြင်း၊ ပန်းတင်ဘန်း၊   နံရံအလှဆင်ရတနာကြုတ်၊ဘူး၊ စောင်းတူရိယာ၊ သေတ္တာ၊   လက်ကောက်စသည်

( ဂ )  ရွှေဇဝါယွန်း (ရွှေသွင်းယွန်းထည်)

(ဃ)  သရိုး (ရုပ်ကြွပုံသွင်းယွန်းထည်)

( င)  မှန်စီရွှေချ (သလင်းမှန်ရောင်စုံနှင့်ရွှေချယွန်းထည်)

( စ)  မှန်ဖရာ့  (သို့မဟုတ်) နှီးဖရာ့ (ယွန်းချောက်ထည်)

(ဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီပုထိုးစသည့်တို့အတွက် ခြယ်သပူဇော်

ရန် အသုံးပြုခြင်းကြောင့် ယွန်းအခြောက်ထည်များဖြစ်လာရပါသည်၊   ဥပမာ-နှီးဘုရားစသည်)

ကျောက္ကယွန်းထည်

၂။  ကျောက္ကရွာမှစတင်ခဲ့သည့် ယွန်းထည်ကိုအစွဲပြု၍ ကျောက္က ယွန်းထည်ဟုခေါ်ပါသည်။ ရိုးရိုးစင်းစင်းပြောင်ချော ယွန်းထည်ခေါ်သည့် ကျောက္ကယွန်းထည်ကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တောင်ဘက် စောင်းတန်းနှင့် အရှေ့ဘက်စောင်းတန်းတိုင်လုံးများတွင်  အများဆုံး တွေ့မြင်နိုင်ပါသည်။

ယွန်းထည်ရိုးရိုး

၃။  ယွန်းထည်ရိုးရိုးတွင် ဆေးသွင်းသည့်ယွန်းထည်ရိုးရိုးကို ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းတိုင်လုံးများတွင် အများဆုံး တွေ့မြင်နိုင်ပါသည်။

ရွှေဇဝါယွန်း

၄။  ရွှေဇဝါယွန်းသည် သစ္စေးသုတ်ယွန်းထည်များပေါ်တွင် မြန်မာရိုးရာ ရွှေဆိုင်းချကပ်ပြီး ပန်းချီရေးဆွဲသည့်အနုပညာလက်ရာဖြစ်ပါသည်။ “ဇဝါ” ဆိုသည်မှာ ရွှေရောင်၊ ငွေရောင်စသည်ဖြင့် စာလုံးပန်းခက်ပန်းနွယ် ရေးခြစ်သော အတတ်ပညာဟုလည်းခေါ်ဆိုပါသည်။

၅။  ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် မြန်မာမှုရွှေဇဝါယွန်းလက်ရာ များကို အရှေ့ဘက်စောင်းတန်း ရင်ပြင်ဦးဆောင်ရှိ မျက်နှာကြက်နေရာတွင် လည်းကောင်း၊ တောင်ဘက်စောင်းတန်းရင်ပြင် ဦးဆောင်ရှိတိုင်လုံးများတွင် လည်းကောင်း၊တနဂ်နွေထောင့်ရှိရှင်အဇ္ဇဂေါဏတန်ဆောင်းမျက်နှာကြက်တွင်လည်းကောင်း  အများဆုံးမြင်တွေ့နိုင်ပါသည်။

သရိုး (ရုပ်ကြွပုံသွင်းယွန်းထည်)

၆။  သရိုးယွန်းထည်များကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တန်ဆောင်း နေရာများနှင့် စောင်းတန်းလေးသွယ်တို့တွင် မြင်တွေ့နိုင်ပါသည်။ အဓိက အားဖြင့် အရှေ့ဘက်စောင်းတန်း ရင်ပြင်ဦးဆောင်မျက်နှာကြက်၊ အနောက် ဘက်စောင်းတန်း ရင်ပြင်ဦးဆောင်ရှိတိုင်လုံးများတွင် ဗုဒ္ဓဖြစ်တော်စဉ် သရိုးရုပ်ကြွယွန်းထည်များ၊ အနောက်ဘက်အာရုံခံမုခ်ဦးရှိ တိုင်လုံးများတွင် သရိုးရုပ်ကြွပန်းခက်ပန်းနွယ်များကို အများဆုံးမြင်တွေ့နိုင်ပါသည်။

မှန်စီရွှေချ (သလင်းမှန်ရောင်စုံနှင့်ရွှေချယွန်းထည်)

၇။  မှန်စီရွေချယွန်းထည်များကို  ရွှေတိဂုံစေတီတော်မြတ်ကြီး၏   ရင်ပြင်တော်ပေါ်ရှိ  အာရုံခံတန်ဆောင်းများ၊  တန်ဆောင်းများ၏ မျက်နှာကြက်နေရာများ၊ အုတ်ပြာဿဒ်စေတီများ၏ ဂန္ဓကုဋီနောက်ကျော နံရံများတွင်မြင်တွေ့နိုင်ပါသည်။ အဓိကအားဖြင့် မြောက်ဘက်အာရုံခံမုခ် ဦးရှိ တိုင်လုံးများတွင် သရိုးကြိုးခင်းပန်းများကို မှန်ရောင်စုံကွက်များဖြင့် စီခြယ်ထားသော မှန်စီရွှေချအနုပညာမြောက်သောလက်ရာ ဖြစ်ပါသည်။

ပန်းပဲပညာ

၁။  ပန်းပဲပညာဆိုသည်မှာ သံ၊သတ္ထုတို့ကို မီးအပူရှိန်ဖြင့် ပျော့ပျောင်း စေကာ ရဲနေအောင်ဖုတ်ပြီး လိုရာပုံစံရရှိစေရန် ပုံသွင်း ထုရိုက်ရသော‌ ပညာရပ် ဖြစ်ပါသည်။ မြန်မာ့သမိုင်းတွင် တကောင်း ခေတ်မှစ၍ ပန်းပဲပညာထွန်းကား ခဲ့ကြောင်း ပန်းပဲမောင်တင့်တယ် ရာဇဝင်တွင် တွေ့ရှိနိုင်ပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်မြောက်ဘက်ရှိ စဉ့်ကူးမင်းခေါင်းလောင်းတန်ဆောင်းတွင် တပ်ဆင်ထားသော မြန်မာမှု သံတိုင်များသည် ကိုလိုနီခေတ်လက်ရာ မြန်မာမှုပန်းပဲပညာဖြင့် ပုံစံသွင်းပြုလုပ်ထားခြင်း ဖြစ်ပါသည်။

ပန်းထိမ်ပညာ

၁။  ပန်းထိမ်ပညာဆိုသည်မှာ အဖိုးတန်သော ရွှေ၊ ငွေ၊ သတ္ထု စသည်တို့ဖြင့် လူတို့၏လက်ဝတ်ရတနာ အသုံးအဆောင်အမျိုးမျိုးတို့ကို သီးသန့်ပြုလုပ်ခြင်း၊ ကျောက်မျက်မျိုးစုံတို့ဖြင့် တွဲဖက်၍ပြုလုပ်သော အတတ်ပညာ ဖြစ်ပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏  အထွဋ်စိန်ဖူးတော်ကြီးနှင့် ငှက်မြတ်နားတော်တို့အား အဖိုးတန် ရွှေငွေကျောက်သံ ပတ္တမြားတို့ဖြင့် စီခြယ်ပူဇော်ထားခြင်း၊ ထီးတော်ဘုံ(၇)ဆင့်ပတ်လည်တွင် ရွှေဆည်း လည်းများ ချိတ်ဆွဲပူဇော်ထားခြင်း၊ ထီးတော်ဘုံ(၇)ဆင့် ကြေးဖရိန် ဘုံအဆင့်ဆင့်ကို အခေါက်ရွှေအားအပြားခတ်၍ ရွှေကွပ်ထားခြင်း၊ စေတီတော်ကြီး၏ ငှက်ပျောဖူးတော်မှ ခေါင်းလောင်းတော်အထိ ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ထားခြင်းတို့သည် မြန်မာမှုပန်းထိမ် ပညာရပ်ဖြင့် ပူဇော်ထားရှိခြင်းဖြစ်ပါသည်။ ထို့အပြင်စေတီတော်မြတ်ကြီး၏ ကြာမှောက်ကြာလန်နှင့် ပန်းဆွဲနေရာများသည် ပန်းတိမ်၊ ပန်းတဉ်း၊ ပန်းတော့ပညာရပ်များဖြင့် ပူဇော်ထားသည်ကို တွေ့မြင်နိုင်ပါသည်။   ထို့အပြင်စေတီတော်ကြီး၏ ကြေးဝန်းတော် (၅)ခွေနှင့် ရှစ်မြှောင့်ပစ္စယာ ဧရိယာအချို့အား ခေတ်မီပန်းတိမ်နည်းပညာတစ်ရပ် ဖြစ်သော ‌ရွှေစင်ကိုဓာတုဗေဒနည်းဖြင့် အရည်ပျော်စေ၍ ကြေးပြားချပ် ပေါ်တွင် တွယ်ကပ်စေသောနည်းဖြင့်ရွှေစင်ပြား(Gold Coating)များကို ကပ်လှူပူဇော်ထား ပါသည်။

ပန်းတဉ်းပညာ

၁။  ပန်းတဉ်းပညာဆိုသည်မှာ ကြေးထည်ပုံစံအမျိုးမျိုး သွန်းလုပ် သည့်ပညာရပ်ဖြစ်ပါသည်။  “ဗဒင်း” ဟုဆိုကြ သော်လည်း “ပန်းတဉ်း ” ဟူ၍ ပန်းထည့်ပြီး  တလေးတစားခေါ်ဝေါ်သုံးစွဲကြသော ရှေးမြန်မာမှု လက်မှု ပညာတစ်ရပ်ဖြစ်သည်။ ပန်းတဉ်းပညာရပ်သည် ပုဂံခေတ်တွင် စတင် ပေါ်ပေါက်ခဲ့သော မြန်မာမှုပညာဖြစ်ပြီး ပုဂံခေတ်မှ စတင်ကာ ပင်းယခေတ်၊ အင်း၀ခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံ ခေတ်မှသည် ကိုလိုနီခေတ်မှယ နေ့မျက်မှောက်ခေတ်ထိ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ   ချမ်းသာကြီး တန်ဆောင်းနှင့်  ရွှေခေါင်းလောင်းကြီး တန်ဆောင်းတို့၏  လင်းနို့တောင် ပန်းဆွဲနှင့် အမိုးပြာဿဒ်များတွင် တပ်ဆင်ထားသော မြန်မာမှုလက်ရာ များသည် ကိုလိုနီခေတ်လက်ရာ ကြေးပန်းတဉ်းပညာရပ်   ဖြစ်ပါသည်။ ထို့အပြင် ရင်ပြင်တော်အဂ်ါထောင့်ရှိ  ကလျာဏပါရမီတန်ဆောင်း အမိုးပြာဿဒ်တွင် တပ်ဆင်ထားသော  မြန်မာမှုပန်းများသည် မူလလက်ရာ အတိုင်း ပြန်လည်မွမ်းမံထားသော ‌ယနေ့ခေတ် မြန်မာမှု Gold Steel ပန်းတဉ်းလက်ရာဖြစ်ပါသည်။

ပန်းတော့ပညာ

၁။  ပန်းတော့ပညာဆိုသည်မှာ ဂူဘုရားများအဝင်ပေါက်အပေါ်ရှိ မုခ်တံကဲတွင် အဂ်တေပညာဖြင့် ပန်းခတ်၊ ပန်းလက်၊ ရုပ်ကြွရုပ်လုံး အမျိုးမျိုး သော ပုံသဏ္ဍာန်၊ သက်ရှိသက်မဲ့အရုပ်များ ပြုလုပ်ပူဇော်ထားခြင်းကို ပန်းတော့ပညာ ဟုခေါ်ပါသည်။ ဗိဿနိုး၊ သရေခေတ္တရာခေတ်က ပင်ပန်းတော့လက်ရာပညာများကို တွေ့ရှိနိုင်ပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဝတ္ထုကံမြေအတွင်းရှိ စေတီများ၊ အုတ်ဂူပြဿဒ်အများစုနှင့် တန်ဆောင်းအချို့သည် ပန်းတော့ ပညာရပ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ထို့အပြင်နတ်ရုပ်၊ ဘီလူးရုပ်၊ ဇော်ဂျီရုပ်၊ နဂါး ရုပ်၊ ဒေါင်းရုပ်စသည့် ရုပ်လုံးရုပ်ကြွများသည် ပန်းတော့ပညာရပ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပါသည်။

၃။  မြန်မာမှုလက်ရာအမြောက်ဆုံးအနေဖြင့် ရင်ပြင်တော် ရာဟုထောင့်အနီး မနောစိတ္တုပ္ပါဒ်တန်ဆောင်း၏ ဘုံပြဿဒ်အဆင့်ဆင့်သည် ပန်းတော့ပညာရပ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ထို့အပြင်    ရွှေတန်ဆောင်း(ဓာတ်ပုံပြခန်း)၊ ထီးတော်ရုံတန်ဆောင်း၊ ရေကြည်တော် ဝတ်အသင်းတန်ဆောင်း စသည်တို့တွင်လည်း ပန်းတော့ပညာရပ်ကို မြင်တွေ့နိုင်ပါသည်။

ပန်းတမော့ပညာ

‌၁။  ပန်းတမော့ပညာဆိုသည်မှာ ကျောက်များ၊ သဲကျောက်များ၊ စကျင် ကျောက်များကို အရုပ်သဏ္ဍာန်ပေါ်အောင် လှပသေသပ်စွာ ထုဆစ်သည့် ပညာရပ်ဖြစ်ပါသည်။ တနည်းအားဖြင့် ကျောက်ဆစ်ပညာရပ်ဟုလည်း ခေါ်တွင်ပါသည်။ ပန်းတမော့သည် ဘုရားဆင်းတု၊ သိမ်တိုင်၊‌ ကျောက်စာတိုင်၊ ခြင်္သေ့ရုပ်၊ ယမင်းရုပ်၊ ဆင်ရုပ်၊ ကျောက်ပျဉ်၊ ကျောက်ငရုတ်ဆုံ၊ ကျောက်စားပွဲ စသည်တို့ကို ပြုလုပ်ပါသည်။ ပန်းတမော့ ပညာကို အေဒီ(၂)ရာစုမှစ၍ ယနေ့တိုင်ခေတ်အဆက်ဆက်မှ လက်ရာ အမျိုးမျိုးကို လေ့လာတွေ့ရှိနိုင်ပါသည်။ အထင်ရှားဆုံး ပန်းတမော့ လက်ရာမှာ မင်းတုန်းမင်းလက်ထက် ကုသိုလ်တော်ဘုရားမှ ပိဋကတ်တော် များကို လေ့လာနိုင်ရန် စကျင်ကျောက်ပြားများပေါ်တွင် ပါဠိဘာသာဖြင့် ထွင်းထုအက္ခရာတင်ထားခဲ့ပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် စနေထောင့် ဆီမီးခုံ စေတီရံအမှတ်(၁၁)အရှေ့ရှိ ဘီလူးရုပ်ထုများ၊ ဝဿုန်န္ဒြေရုပ်တုများနှင့် ကမ္ပည်းကျောက်စာ၊ တနင်္ဂနွေထောင့် သာသနာ့ဟိတတန်ဆောင်းရှေ့ရှိ ကမ္ပည်းကျောက်စာ၊ မြောက်ဘက်အာရုံခံတန်ဆောင်းရှိ ကမ္ပည်းကျောက်စာ ချပ်များ စသည်တို့သည် စကျင်ကျောက်ကိုထွင်းထုထားသော နှစ်ပေါင်း ၁၀၀ကျော်သက်တမ်းရှိ ပန်းတမော့ပညာရပ်ဖြစ်ပါသည်။ အထူးခြားဆုံး အနေဖြင့် ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဓမ္မစေတီမင်းကောင်းမှု ကျောက်စာချပ်များသည် မြန်မာသက္ကရာဇ် ၈၄၇ခုနှစ်တွင် မွန်၊ မြန်မာ၊ ပါဠိ ဘာသာတို့ဖြင့် ရေးထိုးထားသော နှစ်ပေါင်း(၅၀၀)ကျော် သက်တမ်းရှိ ပန်းတမော့ပညာရပ်ဖြစ်ပါသည်။ ထို့အပြင် ၇ရက်သားသမီးတန်‌ဆောင်း အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်သည် ရင်ပြင်တော်ပေါ်ရှိ အချိုးအစား အပြေ ပြစ်ဆုံးနှင့် လက်ရာအမြောက်ဆုံး စကျင်ရုပ်ပွားတော်တစ်ဆူ ဖြစ်ပါသည်။

ပန်းရန်ပညာ

‌၁။  ပန်းရန်ပညာဆိုသည်မှာ ပျူခေတ်မတိုင်မီက ပေါ်ပေါက် ခဲ့သော ပညာရပ်ဖြစ်ပါသည်။ အဆောက်အဦများ တည်ဆောက်ရာတွင် အခြေခံ ဖြစ်သော အုတ်များကို အင်္ဂတေဖြင့်တွဲကပ်စေသော ပညာရပ် ဖြစ်ပါသည်။ ပုဂံဘုရားများကို လေ့လာခြင်းဖြင့်မြန်မာတို့၏ ပန်းရန်ပညာကို လေ့လာ သိရှိနိုင်ပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ငှက်ပျောဖူးတော်မှ အောက်ခြေ ရှစ်မြှောင့်ပစ္စယာထိအား အချိုးအစား ပြေပြစ်သေသပ်လှပစွာ ရှေးခေတ် ပန်းရန်ပညာဖြင့် တည်ဆောက်ထားသည်မှာ ကမ္ဘာ့ဗိသုကာ ပညာရှင်များ ချီးကျူးအတုယူဘွယ်ဖြစ်ပါသည်။ စေတီတော်မြတ်ကြီး၏ ပတ်လည်တွင် အရံစေတီများ၊ ထောင့်နေရာများတွင် စိန်တောင်ကြီးများ၊ ဆီမီးခုံစေတီများ၊ အုတ်ပြာဿဒ်စေတီများ၊ မြေစိုက်စေတီများပတ်ရံကာ တည်ဆောက်ပူဇော် ထားပြီး စေတီတော်မြတ်ကြီးအပါအဝင် ကုန်းတော်ကြံ့ခိုင်ရေးတို့အတွက် မဟာရံတံတိုင်းကြီးလေးထပ်ဖြင့် ကာရံထားသည်မှာ ပန်းရန်ပညာရပ်များ ပင်ဖြစ်ပါသည်။ ထို့အပြင်ရင်ပြင်တော်ပေါ်ရှိ  သာသနိကအဆောက်အဦများ၊ စေတီများ၊ အုတ်ပြာသာဒ်များ၊ စောင်းတန်းများ၊ တန်ဆောင်းများ စသည် တို့သည် ပန်းရန်ပညာဖြင့် တည်ဆောက်ထားပါ သည်။

ပန်းပုပညာ

၁။  ပန်းပုပညာဆိုသည်မှာ သစ်သား၊ ဆင်စွယ်၊ ရွံ့စေး၊ ဖယောင်း စသည့်ဝတ္ထုပစ္စည်းများကို ထုထွင်းပုံဖော်သောအနုပညာ ရုပ်လုံးရုပ်ကြွများ ဖန်တီးသည့်အတတ်ပညာ ဖြစ်ပါသည်။ ပန်းပုပညာတွင်အကြမ်းထည်ပစ္စည်း များကို ပုံကြမ်းရေးဆွဲခြစ်ခြင်း၊ ပုံသွင်းခြင်း(ပုံစံရေးဆွဲခြင်း)နှင့် ရေးဆွဲထား သည့်ပုံ၏ အတိုင်းအတာအချိုးအစား ရရှိအောင် ပုံဖော်ထုဆစ်ရသော ပညာရပ်ဖြစ်ပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ရခိုင် တန်ဆောင်း၊ ၇-ရက်သားသမီးတန်ဆောင်း၊ ရွှေစေတီတန်ဆောင်း၊ အရှေ့ဘက်အာရုံခံတန်ဆောင်း စသည်တို့သည် မြန်မာမှုပန်းပုလက်ရာ များဖြင့် တန်ဆာဆင်ဆောက်လုပ်ထားသော တန်ဆောင်းများ ဖြစ်ပါသည်။ မြန်မာမှု ဘုံပြာဿဒ်အဆင့်ဆင့်တို့တွင် မုခ်ပန်း၊ အလယ်တုရင်ပန်း၊ ထောင့်တုရင်ပန်း၊ ‌ထောင့်ပန်း၊ ဖောင်းပန်း၊ ဖောင်းပန်းဆွဲ၊ ကြေးခွေ၊ အဆော်၊ ခြူးပန်း၊ ခြူးနွယ်၊ ‌ပန်းပွင့်၊ ပန်းပြောက်၊ ပန်းချီ၊ ပန်းပုစသည့် မြန်မာမှုရုပ်လုံးရုပ်ကြွများကို ထုဆစ်ပုံဖော်ကာ တည်ဆောက်ထားရှိပါသည်။

၃။  ရင်ပြင်တော်မြောက်ဘက်၇-ရက်သားသမီးတန်ဆောင်း၌  မြန်မာမှု ပန်းပုပန်းများကို  ဘုံပြာဿဒ်အဆင့်ဆင့်တွင် ဗုဒ္ဓဖြစ်တော်စဉ် (၅၅၀) နိပါတ်တော်တို့မှအချို့ကို သရုပ်ဖော်ထုဆစ်ထားရှိပြီး ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခဲ့ရာ ကိုလိုနီခေတ်ဟန် ပန်းပုရုပ်လုံးရုပ်ကြွအချို့လည်း ပါဝင်ပါသည်။ ထို့အပြင် ရင်ပြင်တော်စနေထောင့် ရခိုင်တန်ဆောင်းရှိ ဘုံပြာဿဒ်အဆင့်ဆင့်တို့တွင်လည်း ပန်းပုပညာရပ်၏ အနုစိတ်လက်ရာ အကွေ့အကောက်၊ ခြူးပန်း၊ ခြူးနွယ်၊ ပန်းပွင့်၊အဖောင်းအကြွပန်းများသည် ယနေ့ခေတ်တွင်မြင်တွေ့ရခဲ့သော ပန်းပုပညာရှင်၏ အံ့မခန်းအနုပညာ တစ်ရပ်ဖြစ်ပါသည်။

ပန်းပွတ်ပညာ

‌၁။  ပန်းပွတ်ပညာဆိုသည်မှာ ယွန်းသစ်သားဖြင့် အသုံးအဆောင်များ၊ အလှအပများကိုပြုလုပ်သည့် ပညာဖြစ်ပါသည်။ ပန်းပွတ်ပညာကို ကလပ် အမျိုးမျိုး၊ လက်ဖက်အစ်၊ ဆွမ်းအုပ်၊ နွားလှည်းဘီးများမှ သစ်သားပွတ် လုံးများ၊ ထီးဖြူ၊ ရွှေထီးလက်ရိုးလက်ကိုင်များတွင် တွေ့ရှိနိုင်ပါသည်။ ထို့အပြင်ပန်းပုပညာဖြင့် ရုပ်လုံးဖော်ထားသော အကြမ်းထည်များကို ချောမွေ့တောက်ပြောင်စေရန် ပန်းပွတ်ပညာဖြင့် ပြုလုပ်ရပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းအောက်ခြေ နေရာတွင် သစ်သားပွတ်လုံးတိုင်များကို မြင်တွေ့နိုင်ပါသည်။

ပန်းချီပညာ

၁။  ပန်းချီပညာဆိုသည်မှာ မျက်နှာပြင်တစ်ခုခုပေါ်တွင် အရောင်ဖြင့် အသက်သွင်းခြင်းဟု ယေဘုယျဆိုနိုင်ပါသည်။ ပန်းချီပညာတွင် ပုံတူရေးဆွဲ ခြင်း၊ ပုံဖွဲ့ယူခြင်းများကို အနုပညာရှင်၏   အယူအဆအလိုက်ဖန်တီးခြင်း ဖြစ်ပါသည်။ ပန်းချီရေးခြင်းသည် ပြင်ပလောက၌ရှိနေသည်များကို ပြန်လည် သရုပ်ဖော် အသက်သွင်းခြင်းပင် ဖြစ်ပါသည်။ မြန်မာရှေးရိုးတစ်ကြောင်းရေး ပန်းချီမှသည် ယခုခေတ်ပို့စ်မော်ဒန်အထိဖြစ်သည်။ မြန်မာပန်းချီတွင် အခြေပြုလွှမ်းမိုးခဲ့သည်မှာ ဗုဒ္ဓဝင်ဆိုင်ရာများနှင့် မင်းခမ်းမင်းနားမှတ်တမ်း တင်ချက်များအပြင် နှောင်းပိုင်းတွင် ပုံတူရေးဆွဲခြင်းများ ဖြစ်ပါသည်။

၂။  ရွှေတိဂုံစေတီတော်မြတ်ကြီး     စောင်းတန်းလေးသွယ်၊ တန်ဆောင်း နေရာများတွင်   ဗုဒ္ဓဖြစ်တော်စဉ် ပန်းချီကားချပ်များ၊ ရွှေတိဂုံသမိုင်းနောက်ခံ ပန်းချီကားချပ်များ၊ ၅၅၀နိပါတ်တော်ပန်းချီကားချပ်များ၊ ခေါင်းလောင်း သမိုင်းပန်းချီကားချပ်များကို ခေတ်အဆက်ဆက်က ပန်းချီပညာရှင်များ၏ လက်ရာများကို တွေ့မြင်နိုင်ပါသည်။

ပန်းယွန်းပညာ