ရွှေတိဂုံစေတီတော် လမ်းညွှန်

တန်ခူးလ  –  နှစ်သစ်မင်္ဂလာအခါတော်နေ့အခမ်းအနား

နှစ်ဟောင်းကုန်ပြီး နှစ်သစ်သို့ ကူးပြောင်းသောအခါ လ မှစ၍ တစ်နှစ်တာ ကာလပတ်လုံးမကောင်းသော ဘေးအန္တရာယ်များ မကျရောက်စေရန်နှင့် ကောင်းမြတ်သော ကျက်သရေမင်္ဂလာများ ပြည့်စုံကြစေရန် ရည်ရွယ်၍ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သည် မြန်မာနှစ် ဆန်းတစ်ရက်နေ့-
နံနက်အရုဏ်တက်ချိန်တွင် ဂေါပကအဖွဲ့ဝင်များ ဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင်အဖွဲ့ လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းသူ/သားများမှ စုပေါင်း၍ ဧည့်ခံတန်ဆောင်း အတွင်းတွင် စေတီတော်ကြီးကို ဆွမ်း၊ ပန်း၊ရေချမ်း၊ သစ်သီး၊ ဆီမီး၊နံ့သာတို့ဖြင့် အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ် လူဒါန်းခြင်း၊ ရောင်တော်ဖွင့် တန်ဆောင်းအတွင်း၌ ဩဝါဒါစရိယ ဆရာတော်ကြီး များနှင့် အလှည့်ကျစောင့်ရှောက်ရေး သံဃာတော်များကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊
နံနက်(၀၆၃၀) အချိန်တွင်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းအတွင်း၌ဆရာတော်ကြီးများထံမှသီလခံယူခြင်း၊ အန္တရာယ် ကင်းပရိတ်တရားနာကြားခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခြင်း၊ အနုမောဒနာ တရားနာယူပြီး ရေစက်ချ အမျှပေးဝေခြင်း တို့ကိုပြုလုပ်ကာ ဗုဒ္ဓ၊ ဓမ္မ၊ သံဃပူဇာ ပြည့်စုံစွာဖြင့် နှစ်သစ်မင်္ဂလာ အခါတော်နေ့ အခမ်းအနားကြီးကို ကျင်းပ ပြုလုပ်ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်