ရွှေတိဂုံစေတီတော် လမ်းညွှန်

တော်သလင်းလ – ဂရုဓမ္မအခါတော်နေ့အခမ်းအနား

     ဂေါတမမြတ်စွာဘုရား အလောင်းတော်ဘဝနုစဉ်ကာလ၌ ငါးပါးသီလ စောင့်ထိန်းခြင်းကြောင့် တိုင်းပြည်သာယာဝပြော အေးချမ်းပြီး ကပ်ကြီး (၃)ပါးကင်းဝေးသည့် အကြောင်းကိုအခြေပြုပြီး ဟောကြားသည့် ဂရုဓမ္မ ဇာတ်တော်ကို မိုးတွင်းကာလဝယ် ဟောကြားတော်မူခဲ့သည်ကို အကြောင်း ပြုပြီး ဗုဒ္ဓဘာသာဝင်သူတော်ကောင်းကြီးတို့သည် မြန်မာတို့၏ “တော်သ လင်းနေ ပုဇွန်သေ၊ တော်သလင်းမိုး ကန်သင်းကျိုး” ဟူသော တောင်သူ လယ်သမား ဝေါဟာရကိုမှီငြမ်းပြီး တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါ တော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြပါသည်။
      ရှေးသူတော်ကောင်းကြီးတို့၏ အစဉ်အလာကောင်းများကို ထိန်းသိမ်း သောအားဖြင့် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သည် တော်သလင်းလပြည့် နံနက်အရုဏ်တက်ချိန်တွင် ဂေါပကအဖွဲ့ဝင်များဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စ အသင်းများအကျိုးဆောင်အဖွဲ့ လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းသူ/သားများမှ စုပေါင်း၍ ဧည့်ခံတန်ဆောင်းအတွင်းတွင် စေတီတော် ကြီးကို ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ နံ့သာတို့ဖြင့် အရုဏ်ဆွမ်း တော်ကြီး ဆက်ကပ်လှူဒါန်းခြင်း။
        နံနက် (၀၆၀၀)အချိန်တွင် ရှေးဟောင်းတန်ဆောင်းအတွင်း၌ ဂေါပက အဖွဲ့ဝင်များ ဦးဆောင်ပြီး ဗုဒ္ဓဝေယျာဝစ္စအသင်းများ အကျိုးဆောင်အဖွဲ့ လူကြီးများ၊ ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းသူ/သားများ ပါဝင်လျက် ဂရုဓမ္မငါးပါးသီလနှင့်ပတ်သက်သော ဗဟုသုတရဖွယ်ရာ အမေးအဖြေများ၊ ကဗျာ၊ လင်္ကာ၊ သံပေါက်များရွတ်ဆိုခြင်း စသည်တို့ပြုလျက် ဂရုဓမ္မအခါတော်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ပါသည်။
      နံနက် (၀၉၃၀)အချိန်တွင် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူခြင်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကပ်လှူခြင်း၊ အနုမောဒနာ တရားနာကြားကာ ရေစက်ချ အမျှပေးဝေခြင်း။
       နံနက် (၁၀၃၀)အချိန်တွင် ရောင်တော်ဖွင့်တန်ဆောင်းအတွင်း၌ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် အလှည့်ကျ စောင့်ရှောက်ရေး သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဉပုသ်သည်များအား ထမင်းကျွေးခြင်းများကို ဆောင်ရွက်ခြင်းဖြင့် တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့ တစ်နေ့တာပတ်လုံး အာမိသပူဇာ၊ ဓမ္မပူဇာနှစ်ဖြာသော ပူဇော်မှုဖြင့် ပြည့်စုံစွာ ဆောင်ရွက်ခဲ့ကြပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်