ရွှေတိဂုံစေတီတော်အကြောင်း

ရွှေတိဂုံစေတီတော်သမိုင်းအကျဉ်း

မဟာသက္ကရာဇ်၁၀၃ခုနှစ်၊ (BC-588)တွင် ဂေါတမဗုဒ္ဓမြတ်စွာ ဘုရား အဖြစ်သို့ ရောက်တော်မူ ပြီးနောက် သတ္တသတ္တာဟ (၇)ဌာနတွင် လှည့်လည် စံမြန်းတော်မူစဉ် ဥက္ကလာတိုင်းမှ တဖုဿနှင့် ဘလ္လိကအမည်ရှိ ကုန်သည် ညီနောင်တို့သည်ပျားမုန့်ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းကြ၏။ ထို့နောက်ဘုရား ရှင်ထံမှဘုရားရှင် ကိုယ်တိုင်ပေးသနားတော်မူသော ဆံတော်မြတ်ရှစ်ဆူကို ပင့်ဆောင်လျက် ဥက္ကလာပတိုင်းသို့ပြန်လည်ရောက်ရှိခဲ့ရာ ဥက္ကလာပမင်းကြီး အမှူးပြုပြီး တိုင်းသူ ပြည်သားများက ကြိုဆိုပူဇော်ခဲ့ကြသည်။

  ဥက္ကလာပမင်းကြီးအမှူးပြုသော ဥက္ကလာပတိုင်းသားများသည် ရှေးယခင် ပွင့်တော်မူပြီးသောကကုသန္ဓဘုရားရှင်၏ တောင်ဝှေးတော်၊ ကောဏာဂမန ဘုရားရွင္၏ ရေစစ်တော်၊ ကဿပဘုရားရှင်၏ ရေသနုတ်သင်္ကန်းတော်တို့နှင့် ဂေါတမဘုရားရှင်၏ ဆံတော်ရှစ်ဆူကို သိင်္ဂုတ္တရကုန်းတော်တွင် ဌာပနာ၍ ဉာဏ် တော်အမြင့် (၆၆)ပေ၊ (၄၄တောင်)- (၂၀မီတာ)ရှိသော ရွှေတိဂုံစေတီတော်ကို တည်ထားပူဇော်ခဲ့သည်။ ပွင့်တော်မူပြီးသော ဗုဒ္ဓဘုရားလေးဆူတို့၏ ဓာတ်တော်၊ မွေတော်များ ကိန်းဝပ်ရာစေတီ ဖြစ်သောကြောင့် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော် ဟု ဘွဲ့အမည်ရသည်။

  ခရစ်မပေါ်မီခြောက်ရာစု (BC-၆၀ဝ) ခန့်မှခရစ်နှစ်(၁၄)ရာစုအထိ ရွှေတိဂုံ စေတီတော်ကို ဥက္ကလာပမင်း (၃၂)ဆက်တို့ကလည်းကောင်း၊ခရစ်နှစ် (၁၃၇၂) ခုနှစ်မှစတင်၍ဗညားဦးမင်း၊ ဗညားရန်မင်း၊ ဗညားကျန်းတောမင်း အစရှိသော မင်းအဆက်ဆက်တို့ကလည်းကောင်း ပြုပြင်မွမ်းမံ ထိန်းသိမ်းစောင့်ရှောက်ခဲ့ ကြသည်။ ခရစ်နှစ် (၁၄၅၃)ခုနှစ်၊ ဘုရင်မကြီးရှင်စောပုလက်ထက်တွင် စေတီ တော်ကြီးကို ဉာဏ်တော်အမြင့် (၃၀၂)ပေအထိ တိုးချဲ့တည်ဆောက်ခဲ့ပြီး (၁၇၇၄)ခုနှစ်၊ ဆင်ဖြူရှင်မင်းလက်ထက်တွင် လက်ရှိဉာဏ်တော်အမြင့် (၃၂၆)ပေ၊ (၉၉.၃၆)မီတာတိုင်အောင်မြှင့်တင်ပြုပြင်ခဲ့သည်။

ခရစ်သက္ကရာဇ် ၈၉၉ ခုနှစ်တွင် မင်းတရားရွှေထီးသည် ဟံသာဝတီစစ်မက်ပြုရာတွင် ဒဂုန်တွင် တပ်ချနေ‌တော်မူကြောင်း၊ ဘုရင့်နောင် မင်းတရားလက်ထပ်တွင် ယိုးဒယားမြို့ကို တိုက်ရာ တွင် ဒဂုန်တွင် ဖြတ်သန်းသွားခဲ့ကြောင်း ဘုရင့်နောင်၏သားမြေးမြစ်များ ကြီးစိုးသော ညောင်ရမ်း ခေတ်တွင် သံလျင်၌ ပေါ်တူဂီဖီလစ်ဒီဗရစ်တိုကြီးစိုး၍ ဘုရားစေတီများ ဖျက်ဆီးသောခေတ်၌ ဒဂုန် မြို့သည် တောရွာအခြေသို့ ရောက်ရှိသွားဟန်ရှိ သည်။ အလောင်းဘုရား ရာမညတိုင်းအားလုံးကို သိမ်းကျုံးတိုက်ခိုက်ရာတွင် ဒဂုန်သို့ရောက်ရှိရာတွင် ဒဂုန်မြို့သည် ယာတောဖြစ်လျက်ရှိသည်ဟု ဆို ပါသည်။
၁၁၁၇ ခုနှစ်တွင် အလောင်းမင်းတရားသည် ဒဂုန်သို့ရောက်၍ ဆူးလေစေတီ၏ အရှေ့တောင်အရပ်၌ မြို့ဟောင်းအရပ်တွင် တောရှင်း ကျင်းဖို့၍ ကဆုန်လပြည့်ကျော် ၇ ရက် ကြာသပတေးနေ့တွင် ကျုံးမြောင်းတံခါးပြအိုး စသော မြို့အင်္ဂါပြည့်စုံစွာဖြင့် ခုနှစ်ရက်နှင့်ပြီးအောင် တည်ပြီး ဒဂုံမြို့ကို ရန်ကုန်မြို့ဟူ၍ သမုတ်လေသည်။ မြင်းလျင်တက် ရဲဖက်တော်ခြောက်ကျိပ်ဝင် မင်းကျော်စည်သူဘွဲ့ခံ ငယ်မည် ဦးရွှေရည်အား နေမျိုး နော်ရထာဘွဲ့ဖြင့် ရန်ကုန်မြို့ဝန်ခန့်ခဲ့သည်။
ရန်ကုန်မြို့ပတ်လည်တွင် သစ်တပ်မြို့ရိုးတည်ဆောက်ခဲ့ရာ အမြင့် ၁၀ ပေ၊ ၁၂ ပေမှ ပေ ၂၀ ထိ အမြင့်ရှိသည်။ မြို့တံခါးကြီး ရှစ်ပေါက် ရှိခဲ့ သည်။ ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပဋ္ဌမစစ် ဖြစ်ပွားသောအခါ ရန်ကုန်မြို့သည် စစ်မြေပြင်ဖြစ်ခဲ့ရုံမက အင်္ဂလိပ်တို့၏ ခေတ္တသိမ်းပိုက်ထား ခြင်းခံရသည်။ ၁၈၂၆ ခုနှစ်တွင်မှ မြန်မာတို့လက်သို့ ပြန်လည်ရောက်ရှိလာသည်။ ၁၈၄၁ ခုနှစ်တွင် သာယာဝတီမင်းသည် မင်းခမ်းမင်းနားဖြင့် ရန်ကုန်မြို့သို့ ရေကြောင်းမှ စုံဆင်းလာပြီး တင်ကြိုတည်ဆောက်ပြီးဖြစ်သော ဥက္ကလာပနန်းတော်သို့ ဝင်ရောက်စံတော်မူပြီး တာဝန်း ၁၈၀၀ ရှိသော မြေမြို့ကို ခုနှစ်ရက်အတွင်း မြို့အင်္ဂါပြည့်စုံစွာဖြင့် မြို့တော်ကို အောင်မြေရန်နှင့် နန်းတော်ကို မြတ်နန်းအောင်ချာ သမုတ်တော်မူသည်။ ပုဂံမင်းလက်ထက် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲပြီးဆုံးသောအခါ အောက်မြန်မာနိုင်ငံ တဝှန်းလုံး အင်္ဂလိပ်အောက်ကျဆင်းပြီး ရန်ကုန်မြို့ သည် ဗြိတိသျှမြန်မာနိုင်ငံ၏ ကော်မရှင်နာခေါ် မဟာဝန်ရှင်တော်မင်းကြီးရုံးစိုက်ရာ မြို့တော်ဖြစ်လာသည်။ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ ပြီးနောက် ရန်ကုန်မြို့သည် မြို့တော်ဖြစ်လာပြီး ဒုတိယဘုရင်ခံကအုပ်ချုပ်ခဲ့သည်။ ရန်ကုန်မြို့ကို မြို့ဝန်ကြီးက တာဝန်ခံအုပ်ချုပ်ရသည်။ ၁၈၇၄ ခုနှစ်တွင် မျူနီစီပယ်အဖွဲ့ကို ပဋ္ဌမအကြိမ် တည်ထောင်လိုက်ပြီး မြို့ဝန်လက်မှ မျူနီစီပယ်အဖွဲ့လက်ထဲသို့ ရန်ကုန်မြို့အုပ်ချုပ်ရေး တာဝန် ကျရောက်လာသည်။

ရန်ကုန်မြို့သမိုင်း

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ် သည်။ နိုင်ငံ၏မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ပျဉ်းမနားမြို့ကို အခြေတည် ပြီး နိုင်ငံ၏ နေပြည်တော်အဖြစ် သတ်မှတ်ခဲ့ပြီး အစိုးရရုံးများ ပြောင်းရွှေ့ခဲ့သဖြင့် ရန်ကုန်မြို့တော်ကို စီးပွားရေးမြို့တော်အဖြစ် သတ်မှတ်ခဲ့ ပါသည်။ မြောက်လတ္တီတွဒ် ၁၆’.၄၆ နှင့် အရှေ့လောင်ဂျီတွဒ် ၉၆.၁၀’ ဆုံရာတွင် တည်ရှိသည်။ ရန်ကုန်မြစ်ခေါ် လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးမြစ်တို့ ဆုံရာတွင် တည်ရှိ၍ ပင်လယ်ဝမှ ၂၁မိုင်ခန့် ကွာဝေးသည်။ ရေတက်ရေကျ ရှိသဖြင့် ပင်လယ်ကူးသင်္ဘောကြီးများသည်ရန်ကုန် ဆိပ်ကမ်းသို့ ဝင်ထွက်သွား လာနိုင်ပါသည်။ ကုန်းလမ်း၊ ရေလမ်း၊ လေကြာင်းလမ်း တို့ဖြင့် ဆက်သွယ်လျက် ရှိပြီး ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အခြာနေရာလည်း ဖြစ်သည်။ ရန်ကုန်မြို့သမိုင်းသည် ရှေးနှစ်ပေါင်း ၂၆၀၀ ကျော်က အစပြုခဲ့၍ ရွှေတိဂုံစေတီတော်သမိုင်း နှင့်လည်း ဆက်စပ်လျက်ရှိသည်။ ရှေးက ဥက္ကလာပ ဟုအမည်တွင်ခဲ့ပြီး (၁၁) ရာစုနှစ်သို့ရောက်သော အခါ ဒဂုန်ဟုခေါ်ကြောင်း မွန် ရာဇဝင်တွင် ဖော်ပြ ထားသည်။ အလောင်းဘုရားလက်ထက် ခရစ်နှစ် ၁၇၅၅ ခုနှစ်တွင် ရန်ကုန်ဟူသော အမည်ရရှိခဲ့သည်။ ဥက္ကလာပမြို့သည် သိင်္ဂုတ္တရ ကုန်း၏ မြောက်ဘက်၌ရှိသည်ဟု သမိုင်းများအရ သိရှိရပြီး၊ ရန်ကုန်မြို့သည် ဥက္ကလာပမင်းကြီး၏ ဥက္ကလာပ မြို့တည်ရာ ­ဌာနမဟုတ်နိုင်ဟု ယူဆကြသည်။ ပုဂံခေတ်တွင် ရန်ကုန်မြို့သည် ဒဂုန်ဟု အမည်တွင်နေကြောင်းကို ဇမ္ဗူဒီပ အုပ်ဆောင်းကျမ်း၌ ပုဂံပြည်နယ်မြေ အပိုင်းအခြားပြဆိုရာတွင် “အရှေ့တောင် သို့လားသော် ရှမ်းပြည်အကုန် ဒဂုန်ပြည်မြေအဆုံး” ဟုပါရှိသည်။ ပုဂံပြည်ရှင် အနော်ရထာဘုရင် သထုံပြည်ကို တိုက်သိမ်းစဉ်က ဒဂုန်မြို့သို့ရောက်ရှိလာဟန် ရှိပါသည်။ ပုဂံတစ်ခေတ်လုံးတွင် မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းမြို့ ဖြစ်သည့် ဒလမြို့က လွှမ်းမိုးနေသဖြင့် ဒဂုန်မြို့သည် မြန်မာနိုင်ငံအရပ်ရပ်မှ ရွှေတိဂုံစေတီ တော်ကို လာရောက်ကြည်ညိုဖူးမြော်ရာ ဘုရားဖူးစခန်းအဖြစ်သာ တည်ရှိခဲ့ သည်။
ပင်းယ၊ အင်း၀ခေတ်တွင် ဒဂုန်သည် အတော်အသင့် အမည်ရလာသည်။ ဝါရီဂူမင်း၏ မြစ်တော် ဆင်ဖြူရှင် ဗညားဦးလက်ထက်တွင် ဗညားဦး၏ အစ်မတော် မဟာဒေဝီနှင့် တူတော် ဗညားနွဲ့မင်းသားတို့ ထီးနန်းအတွက် မသင့်မမြတ်ဖြစ်ကြရာ ဗညားနွဲ့မင်းသားသည် ဒဂုန်သို့ ထွက်ခွာ ရှောင်တိမ်း အောင်မြေနင်း၍ အင်အားစုပြီး ကြိုးစားခဲ့ရာ ဗညားနွဲ့ထီးနန်းရပြီး အရီးတော် မဟာဒေဝီအား ဒဂုန်မြို့ မြို့စားအဖြစ် အပ်နှင်းခဲ့သည်။ ဗညားနွဲ့သည် ထီးနန်းရပြီး ရာဇဓိရာဇ်ဘွဲ့ခံယူသည်။ ဟံသာ၀တီဘုရင် ရာဇဓိရာဇ်နှင့် အင်းဝဘုရင်မင်းခေါင်တို့၏ မွန်-မြန်မာစစ်ပွဲကြီး နှစ်ရှည်လများ ဖြစ်ပွားသောအခါ ဘုရင်မင်းခေါင် သည် ဟံသာ၀တီသို့ချီတက်ရန် လမ်းကောင်းစခန်းဖြစ်သည့် ဒဂုံမြို့ကို သိမ်း၍ တမိုးတွင်းလုံး နေထိုင်ခဲ့ဖူးသည်။ ရာဇာဓိရာဇ်မင်းသားဘ၀က အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ ရာဇမနုဘွဲ့ခံ မင်းကံစီ သည် ပုသိမ်တိုက်ပွဲတွင် ကျဆုံးသဖြင့် မင်းမိန့်ဖြင့် ကောင်းစွာသဂြိုလ်ပြီး အရိုးအိုးကို ဒဂုန်သို့ယူဆောင်ကာ ‌ရွှေတိဂုံစေတီရင်ပြင်တော်ဝယ် မြှုပ်ထားခဲ့စေသည်။ မြောင်းမြစား လောက်ဖျားကိုဖမ်းမိ၍ အသက်ချမ်းသာပေး၍ ရွှေတိဂုံဘုရားမှာပင် သီတင်းသီလဆောက်တည်စေခဲ့သည်။
ရာဇာဓိရာဇ်လက်ထက်တွင် ဒဂုန်မြို့သည် ထူးခြားမှုသိပ်မရှိသော်လည်း ၎င်း၏သမီးတော် ရှင်စောပုလက်ထက်တွင် ထင်ရှားလာပြန် သည်။ ဗညားရံက နှမတော်ရှင်စောပုကို အင်းဝ ဘုရင် သီဟသူအား ဒဂုန်မြို့တွင် ဆက်သခဲ့သည်။ ရှင်စောပုသည် ဟံသာဝတီထီးနန်းကို ခုနှစ်နှစ်မျှ စိုးစံပြီးနောက် သမက်တော် ဓမ္မစေတီအား မြို့နန်းကိုလွှဲအပ်ပြီး ဒဂုန်မြို့သို့သွားရောက်ကာ ရွှေတိဂုံစေတီတော်မြတ်၏ အရိပ်အာဝါသ အောက်၌ဘုရားကြီး၏ဝေယျာဝစ္စပြုစုရင်းတရားနှလုံးသွင်း၍သက်ဆုံးတိုင်နေထိုင်သွားသည်။

၁၉၂၂ခုနှစ်တွင် ရန်ကုန်မျူနီစီပယ်အက်ဥပဒေဖြင့် အုပ်ချုပ်ခဲ့သည်။ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့ကို မြို့ကွက်ချတည်ဆောက်ရန်အတွက် အင်ဂျင်နီယာတပ် ဗိုလ်ဖရေဇာသည် လူဦးရေ ၃၆၀၀၀ အခြေတည် နေထိုင်နိုင်မည့် မြို့သစ်ပုံစံကို ‌ဒေါက်တာဝီလျံမောင် ဂိုမာရီ ဆရာဝန်၏ အကူအညီအကြံပေးချက် ရယူရေးဆွဲခဲ့ပြီး ၁၈၅၃ ခုနှစ်မှစ၍ မြို့သစ်ကို တည်ဆောက်ခဲ့သည်။ ရန်ကုန်မြို့သည် လူဦးရေ တိုးသည်ထက် တိုးလာသဖြင့် ၁၈၇၆ ခုနှစ်တွင် ၁၁ စတုရန်းမိုင်ရှိခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် ၃၂ စတု ရန်းမိုင်အထိ ရှိလာခဲ့သည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဒုတိယကမ္ဘာစစ် စတင်ဖြစ်ခဲ့ရာ ဂျပန်တို့သည် ရန်ကုန်မြို့ကို လေတပ်ဖြင့် ဒီဇင်ဘာ ၂၃ ရက်တွင် ဗုံးစတင်ကြဲခဲ့သဖြင့် ပြည်သူလူထုသည် နယ်များသို့ ပြောင်းရွှေ့ သွားခဲ့ကြသည်။ ရန်ကုန်မြို့သစ် စစ်ဒဏ်ကို မရှုမလှခံ လိုက်ရပြီး ၁၉၄၅ ခုနှစ် မေလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ကို ဗမာတော်လှန်ရေးတပ်မတော်က သိမ်းပိုက်ပြီး အပျက်အစီးများကို စစ်အုပ်ချုပ်ရေး အတွင်းတွင် မျူနီစီပယ်အဖွဲ့ စည်ပင်သာယာရေးအဖွဲ့တို့က ရှင်းလင်းထူထောင်ခဲ့ကြသည်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရကာလအတွင်း တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတမြို့သစ်များကို တည်ဆောက်ပေးခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့သည် ၁၁၀ စတုရန်းမိုင် ကျယ်ဝန်းလာသည်။ ရန်ကုန်မြို့တော်ရေရရှိရေးကို ကန်တော်ကြီး၊ အင်းလျားကန်၊ လှော်ကားကန်၊ ဂျိုးဖြူရေကန်တို့ ရေသွယ်ရယူခဲ့သည်။
ရန်ကုန်မြို့တွင် စေတီပုထိုး အများအပြားရှိသည့်အနက် ရွှေတိဂုံစေတီ၊ ဆူးလေစေတီ၊ ဗိုလ်တထောင်စေတီ၊ ကမ္ဘာအေးစေတီ၊ စွယ်တော် စေတီတို့ ထင်ရှားပြီး ရွှေတိဂုံစေတီသည် ရန်ကုန်မြို့သမိုင်းနှင့်လည်း ဆက်စပ်လျက်ရှိသည်။ ရန်ကုန်မြို့သည် အထက်တန်းပညာရပ်များ ဆည်းပူး ရာ တက္ကသိုလ်ပညာသင်ကျောင်းများ ဖွင့်လှစ်ထားရှိခဲ့သည်။ ရန်ကုန်မြို့ မျူနီစီပယ်အဖွဲ့ရုံး တည်ရှိရာ မြို့တော်ခန်းမအဆောက်အအုံကြီးကို ၁၉၂၆ ခုနှစ်တွင် စတင်တည်‌ဆောက်ခဲ့ပြီး ၁၉၃၆ ခုနှစ်တွင် ပြီးစီးခဲ့သည်။ မြို့တော်ခန်းမကြီးမှာ မြန်မာဗိသုကာလက်ရာမြောက်သော အဆောက်အအုံ ဖြစ်လေသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၀ အရ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည်ဟု သတ်မှတ်ခဲ့သဖြင့် ယခုအခါ ရန်ကုန်မြို့သည် စီးပွားရေးအခြေခံမြို့တော်အဖြစ်သာ တည်ရှိခဲ့ပါသည်။

ရွှေတိဂုံစေတီ အင်္ဂါရပ်တော်အစိတ်အပိုင်းများနှင့် သိမှတ်ဖွယ်ရာအကျဉ်း

ရွှေတိဂုံစေတီတော် ထီးတော်

ရွှေတိဂုံစေတီတော် ငှက်မြတ်နားတော်

ရွှေတိဂုံစေတီတော် စိန်ဖူးတော်

ရွှေတိဂုံစေတီတော်ကြီး၏ တည်နေရာပြမြေပုံ

မြောက်ဘက်စောင်းတန်း

(  က  )  စတင်တည်ဆောက်သည့်နေ့  ၁၀-၁၂-၁၉၉၇
(  ခ  )  ပြီးစီးသည့်နေ့  ၂၀-၉-၁၉၉၈
(  ဂ  )  စောင်းတန်းအရှည်  ၄၃၈ ပေ
(  ဃ  )  ပြာသာဒ်ဆောင်ပေါင်း  ၆
(  င  )  လှေကားထစ်ပေါင်း  ၁၄၃
(  စ  )  တိုင်လုံးပေါင်း  ၅၆
(  ဆ  )  ဆိုင်ခန်းပေါင်း  ၇၁
(  ဇ  )  စောင်းတန်းအကျယ်  ၆၀ပေ  (ဆိုင်ခန်းအပါအဝင်)
တောင်ဘက်စောင်းတန်း
(  က  )  စတင်တည်ဆောက်သည့်နေ့  ၂၀-၄-၁၉၉၅
(  ခ  )  ပြီးစီးသည့်နေ့  ၁၆-၉-၁၉၉၆
(  ဂ  )  စောင်းတန်းအရှည်  ၇၇၀.၈ ပေ
(  ဃ  )  ပြာသာဒ်ဆောင်ပေါင်း  ၁၀
(  င  )  လှေကားထစ်ပေါင်း  ၁၅၂
(  စ  )  တိုင်လုံးပေါင်း  ၁၄၂
(  ဆ  )  ဆိုင်ခန်းပေါင်း  ၆၅
(  ဇ  )  စောင်းတန်းအကျယ်  ၆၃ပေ  (ဆိုင်ခန်းအပါအဝင်)
အနောက်ဘက်စောင်းတန်း
(  က  )  စတင်တည်ဆောက်သည့်နေ့  ၁-၈-၁၉၉၅
(  ခ  )  ပြီးစီးသည့်နေ့  ၂၈-၁-၂၀၀၂
(  ဂ  )  စောင်းတန်းအရှည်  ၆၉၄ ပေ
(  ဃ  )  စောင်းတန်းအကျယ်  ၄၀ ပေ
(  င  )  စောင်းတန်းအမြင့်  ၂၂ ပေ
(  စ  )  လှေကားထစ်ပေါင်း  ၁၆၄ ပေ
(   ဆ  )  ပြာသာဒ်ဆောင်ပေါင်း  ၅ ဆောင်
(  ဇ  )  အလယ်တိုင်လုံးပေါင်း  ၁၀၆ လုံး
(  ဈ  )  ဘေးတိုင်ပြားပေါင်း  ၁၃၆ လုံး
(  ည  )  ထောင့်တိုင်ပေါင်း  ၃၂ တိုင်
(  ဋ  )  ကုန်ကျတန်ဘိုးငွေ  ၁၅၅၉၇၄၈၈၇ ကျပ်
အရှေ့ဘက်စောင်းတန်း
( က ) စတင်တည်ဆောက်သည့်နေ့ ၁၃-၆-၁၉၉၅
( ခ ) ပြီးစီးသည့်နေ့ ၂၄-၅-၁၉၉၇
( ဂ ) စောင်းတန်းအရှည် ၇၇၄.၈ ပေ
( ဃ ) ပြာသာဒ်ဆောင်ပေါင်း ၅
( င ) လှေကားထစ်ပေါင်း ၂၀၄
( စ ) တိုင်လုံးပေါင်း ၂၃၈
( ဆ ) ဆိုင်ခန်းပေါင်း ၁၄၀
( ဇ ) စောင်းတန်းအကျယ် ၈၉ပေ (ဆိုင်ခန်းအပါအဝင်)
အာရုံခံမုခ်ဉီး (၄) ခု

အရှေ့ဘက်အာရုံခံမုခ်ဉီးဆောင်

မြောက်ဘက်အာရုံခံမုခ်ဉီးဆောင်

အနောက်ဘက်အာရုံခံမုခ်ဉီးဆောင်

တောင်ဘက်အာရုံခံမုခ်ဉီးဆောင်

ရင်ပြင်ပေါ်ရှိဇရပ်တန်ဆောင်းများ

အာရုံခံမုခ်ဦးတန်ဆောင်းများ

(  ၁  )  တောင်ဘက်အာရုံခံတန်ဆောင်း
(  ၂  )  အနောက်ဘက်အာရုံခံတန်ဆောင်း
(  ၃  )  မြောက်ဘက်အာရုံခံတန်ဆောင်း
(  ၄  )  အရှေ့ဘက်အာရုံခံတန်ဆောင်း
(  ၅  )  အထက်ပစ္စယံ (ပတ္တမြားမျက်ရှင်ရှေ့)

ရင်ပြင်တော်တောင်မှအနောက်ကြား

(  ၆  )  ဗုဒ္ဓဟူးညနေတန်ဆောင်း
(  ၇  )  ပုညကုသလအသင်းတန်ဆောင်း
(  ၈  )  ရွှေတောင်ငွေတောင်တန်ဆောင်း
(  ၉  )  နေလတန်ဆောင်း (နောက်တိုး)
(  ၁၀  )  အောင်ရွှေထီးတန်ဆောင်း
(  ၁၁  )  သီလရက္ခိတန်ဆောင်း
(  ၁၂  )  ရခိုင်တန်ဆောင်း
(  ၁၃  )  ရွှေဂုဏ်မြင့်တန်ဆောင်း
(  ၁၄  )  ဦးချိန်တန်ဆောင်း

ရင်ပြင်တော် အနောက်မှ မြောက်ကြား

(  ၁၅  )  ဦးမောင်ကလေး၊ ‌ဒေါ်ကျုတ်တန်ဆောင်း
(  ၁၆  )  ဗုဒ္ဓသာသနဟိတတန်ဆောင်း
(  ၁၇  )  စေတနာသမ္ဘာရတန်ဆောင်း
(  ၁၈  )  ပဲခူးတန်ဆောင်း
(  ၁၉  )  ဒေါ်စောမြတန်ဆောင်း
(  ၂၀  )  ဗုဒ္ဓပြတိုက်
(  ၂၁  )  ဆောက်လုပ်ရေးတန်ဆောင်း
(  ၂၂  )  စဉ့်ကူးမင်းတန်ဆောင်း
(  ၂၃  )  မဟိဒ္ဓိအသင်းတန်ဆောင်း
(  ၂၄  )  အင်္ဂါသမာဓိတန်ဆောင်း
(  ၂၅  )  ဦးဘိုးသောင်းတန်ဆောင်း
(  ၂၆  )  ချမ်းသာကြီးတန်ဆောင်း
(  ၂၇  )  ရှင်စောပုတန်ဆောင်း
(  ၂၈  )  ပဉ္စဗောဓိတန်ဆောင်း
(  ၂၉  )  ပါရမီတန်ဆောင်း
(  ၃၀  )  သာသနာ့ဝေယျာဝစ္စတန်ဆောင်း
(  ၃၁  )  ဓမ္မသိင်္ဂီတန်ဆောင်း
(  ၃၂  )  ဗုဒ္ဓသာသနာ့ဝေယျာဝစ္စတန်ဆောင်း
(  ၃၃  )  ရှမ်းတန်ဆောင်း (ဦးအုန်းမြင့်) တန်ဆောင်း
(  ၃၄  )  စိန်ပေါလ်တန်ဆောင်း
(  ၃၅  )  ဗဟိုတံမျက်လှည်းတန်ဆောင်း
(  ၃၆  )  သောကြာ (ခြေတော်ရာ) တန်ဆောင်း
(  ၃၇  )  ဒေါ်ဖွားတန်ဆောင်း
(  ၃၈  )  ဆံတော်တွင်းတန်ဆောင်း
(  ၃၉  )  (၇) ရက်သားသမီး (ဦးသက်ရှည်) တန်ဆောင်း
(  ၄၀  )  ရွှေတန်ဆောင်း (အဖျောက်တန်ဆောင်း)
(  ၄၁  )  ပန်း‌ရေချမ်းတန်ဆောင်း

ရင်ပြင်‌တော်မြောက်မှ အရှေ့ကြား

(  ၄၂  )  ဝိဇ္ဇာတန်ဆောင်း
(  ၄၃  )  သမားတော်တန်ဆောင်း
(  ၄၄  )  ဦးဝမ်းတင်တန်ဆောင်း
(  ၄၅  )  သုကကာရီတန်ဆောင်း
(  ၄၆  )  မဟာဗောဓိတန်ဆောင်း
(  ၄၇  )  ဘိုးဘိုးအောင်တန်ဆောင်း
(  ၄၈  )  တနင်္ဂနွေတန်ဆောင်း
(  ၄၉  )  သာသနာ့ဟိတတန်ဆောင်း
(  ၅၀  )  ရှင်အဇ္ဇဂေါဏတန်ဆောင်း
(  ၅၁  )  ပေါင်းမြက်တန်ဆောင်း
(  ၅၂  )  ရှင်မထီးတန်ဆောင်း
(  ၅၃  )  ဓမ္မစေတီကျောက်စာတန်ဆောင်း
(  ၅၄  )  ဘိုးမင်းခေါင်တန်ဆောင်း
(  ၅၅  )  ရာဇမုနိတန်ဆောင်း
(  ၅၆  )  ဦးဘိုးထုံးတန်ဆောင်း
(  ၅၇  )  ဦးဘရီတန်ဆောင်း
(  ၅၈  )  အောင်သစ္စာတန်ဆောင်း
(  ၅၉  )  သာယာဝတီမင်းတန်ဆောင်း
(  ၆၀  )  အောင်မြေတန်ဆောင်း
(  ၆၁  )  ဦးအောင်ရှည်တန်ဆောင်း
(  ၆၂  )  ဘိုးဘိုးအောင်တန်ဆောင်း
(  ၆၃  )  နေစကြာ လစကြာတန်ဆောင်း
(  ၆၄  )  ဓမ္မစေတီတန်ဆောင်း
(  ၆၅  )  လေးတိုင်စင်တန်ဆောင်း
(  ၆၆  )  ‌ဒေါ်ငွေဇင်တန်‌ဆောင်း

ရင်ပြင်တော်အရှေ့မှ တောင်ကြား ၁၅ ခု

(  ၆၇  )  ဒေါက်တာဦးညိုတန်ဆောင်း
(  ၆၈  )  ဦးဝိဇ္ဇာတန်ဆောင်း
(  ၆၉  )  ဆာဘိုးသာတန်‌ဆောင်း
(  ၇၀  )  ဒေါ်စောဉတန်ဆောင်း
(  ၇၁  )  ရှင်မဟာကဿပတန်ဆောင်း
(  ၇၂  )  ဗဟိုလေဟာပြင်တန်ဆောင်း
(  ၇၃  )  ဗောဓိမဏ္ဍိုင်တန်ဆောင်း
(  ၇၄  )  ပြဒါးရှင်ဘုရားတန်‌ဆောင်း
(  ၇၅  )  ရောင်တော်ဖွင့်တန်ဆောင်း
(  ၇၆  )  ဦးမောင်မောင်ကြီးတန်ဆောင်း
(  ၇၇  )  ဂေါပကရုံးရှေ့လျှောက်လမ်း
(  ၇၈  )  ရှေးဟောင်းရုပ်ပွားတော်များတန်ဆောင်း
(  ၇၉  )  ဦးစံချိန်တန်ဆောင်း
(  ၈၀  )  ဧည့်ခံတန်ဆောင်း‌
(  ၈၁  )  စည်တော်တန်ဆောင်း
(  ၈၂  )  ဂေါပကရုံးသစ်
(  ၈၃  )  ဂေါပကရုံးဟောင်း
(  ၈၄  )  လုံခြုံရေးရုံးခန်းအဆောက်အဦး