ရွှေတိဂုံစေတီတော် လမ်းညွှန်

ဧည့်ခံတန်ဆောင်း
၁၉၈၅ ခုနှစ်တွင် ပန်းဆွဲအမှတ်(၁၆)ကို ပုံတူပြု၍ ဘုရားဖူးများ အနီးကပ်လေ့လာကြည်ညိုနိုင်စေရန် ပြုလုပ်တပ်ဆင်ခြင်းကြောင့် ရွှေပန်းဆွဲကြီးတန်ဆောင်းဟု ခေါ်တွင်ခဲ့ဖူးသည်။ ထို့နောက် ဂျပန်မတ်ရပ်ဘုရားကို ထိုတန်ဆောင်း၌ ပူဇော်ခံခဲ့သောကြောင့် ဂျပန်တန်ဆောင်းဟု ခေါ်တွင်ပြန်သည်။ ထိုတန်ဆောင်း၏ တိုင်များမှာ သံတိုင်များဖြစ်ပြီး ၁၉၀၃ခုနှစ်ဟု ရေးထိုးထားသည်။ ၁၉၆၉ ခုနှစ်တွင် ဦးကြည်အိန်+ဒေါ်သန်းမိသားစုတို့က မွမ်းမံခဲ့ကြောင်း ကမ္ပည်းအရ သိရှိရသည်။ ၂၀၀၁ခုနှစ်တွင် ဦးစံချိန်တန်ဆောင်း မွမ်းမံခြင်းနှင့်အတူ ထိုတန်ဆောင်းမှ အမိုးများ၊ သွပ်ပန်းတဉ်းများ၊ အခင်းများ၊ လက်ရန်းများ ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဧည်သည်တော်များအား ထိုတန်ဆောင်း၌ ဧည့်ခံသောကြောင့် ဧည့်ခံတန်ဆောင်းဟု အမည်တွင်သည်။ ၂၀၀၆- ၂၀၀၇ ခုနှစ်တွင် ထိုတန်ဆောင်းနှင့် ဦးစံချိန်တန်ဆောင်းကို တစ်စပ်တည်းဖြစ်အောင် မွမ်းမံသည်။ အမိုးပြာဿဒ်တွင် ဘင်္ဂလီပြာဿဒ်ပုံမှ စံပယ်ထပ်ပုံ ပြောင်းခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း မိသားစုက ငွေကျပ် (၂၀၀)သိန်းကျော် လှူဒါန်းပြီး မွမ်းမံသူအလှူရှင် ကမ္ပည်းတင်ခဲ့သည်။ တန်ဆောင်းကြီးမှာ အလျား ၅၁ ပေ၊ အနံ ၃၅ ပေခန့် ကျယ်ဝန်းပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်