ရွှေတိဂုံစေတီတော် လမ်းညွှန်

သမိုင်း

ရွှေတိဂုံစေတီတော်ရင်ပြင်ဗုဒ္ဓဟူးထောင့်အရပ်ရှိဧည့်ခံတန်ဆောင်း သည်မူလပထမပြတိုက်ဖြစ်သည်။ စေတီတော်ကြီးသို့ခေတ်အဆက်ဆက် မှ လာရောက်လှူဒါန်းထားသော လက်ဝတ်ရတနာအထည်အမျိုးမျိုးမှ ရွှေရည်ကျို၍ရွှေစင်၊ရွှေပြားမပြုလုပ်သင့်သည့်ရွှေထည်ပစ္စည်းများ၊မြန်မာမှု အနုပညာလက်ရာပစ္စည်းများနှင့်ရှေးဟောင်းပစ္စည်းများကို စုစည်းထိန်း သိမ်းထားသော ပရိဘောဂတိုက်အနေဖြင့်ထိုတန်စောင်းအား (၁၉၇၀)ခန့် အထိ အသုံးပြုခဲ့ပြီး ထိုအချိန်တွင် ရွှေတိဂုံစေတီတော်၏ သီးခြား ပြတိုက် မရှိသေးပါ။ ပရိဘောဂတိုက်တွင် ထိန်းသိမ်းထားရှိသော ပစ္စည်းများ များပြားလာသောအခါ စေတီတော်ပြတိုက်တစ်ခုသီးခြား တည်ဆောက် ရန် လိုအပ်သဖြင့် (၁၉၇၆)ခုနှစ်တွင် သီးခြားပုံစံရေးဆွဲစေကာ ပြတိုက်ကြီး တစ်ခုတည်ဆောက်ခဲ့ပါသည်။ ထိုတန်ဆောင်းမှာယခုအသုံးပြုနေသော ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တန်ဆောင်း ဖြစ်ပါသည်။

ယင်းပြတိုက်ကြီးတွင် ပရိဘောဂတိုက်နှင့် ထိန်းသိမ်း ထားရှိသော  မြန်မာမှုအနု ပညာလက်ရာပစ္စည်းများ၊  ရှေးဟောင်း အဖိုးတန်ပစ္စည်းများနှင့် ရှေး ဟောင်းရုပ်ပွားဆင်းတုတော်များအား ပြတိုက်အတွင်းခင်းကျင်းကာအများပြည်သူတို့အားလေ့လာကြည်ညို  ခွင့်ပြုခဲ့ပါသည်။

ရွှေတိဂုံစေတီတော်ပြတိုက်အတွင်းဗုဒ္ဓရုပ်ပွားတော်ကြီး၅ဆူအပါအဝင်ပြသပစ္စည်းများသည် တစ်နေ့တစ်ခြား ပိုမိုများပြား လာ သောကြောင့် ပြတိုက်နှင့်မတူဘဲ သိုလှောင်ရုံသဖွယ်ဖြစ်နေပါသည်။     ၁၉၈၆ခုနှစ်တွင် ဂေါပကအဖွဲ့သည်ပညာရှင်အဖွဲ့နှင့်ညှိနှိုင်းကာ ပြတိုက်အသစ်တစ်ခုတိုးချဲ့ဆောက်လုပ်ရန်  လုပ်ငန်းအစီအမံများ စတင်ဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် လုပ်ငန်းအကောင်အထည် ဖော်နိုင်ခဲ့ခြင်းမရှိပါ။

၁၉၈၉ခုနှစ်တွင်နိုင်ငံတော်မှဦးဆောင်ကာရွှေတိဂုံစေတီတော်နှင့်ဆက်စပ်သော လုပ်ငန်းကြီး၃ရပ်ကို အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပါသည်။စီမံကိန်းလုပ်ငန်းကြီး၃ရပ်အနက်တစ်ခုအပါအဝင်ဖြစ်သောရွှေတိဂုံစေတီတော်ပြတိုက်၊ပိဋကတ်တိုက်၊မော်ကွန်းတိုက်ကြီးကို (၁၄.၁၀.၁၉၈၉) ခုနှစ်တွင်တည်ဆောက်ခဲ့ပါသည်။ (၁၄.၇.၁၉၉၂) တွင်ပြီးစီး၍ဖွင့်လှစ်ပြသခဲ့ပါသည်။အဆောက်အအုံ၏ ပုံစံကိုပြည်သူ ဆောက်လုပ်ရေးလုပ်ငန်းမှဗိသုကာပညာရှင်များကရေးဆွဲပြီး တည် ဆောက်မှုလုပ်ငန်းကိုအမှတ်၂စက်မှုဝန်ကြီးဌာနကတည်ဆောက်ခဲ့ပါသည်။၂၀၁၃ခုနှစ်တွင်ပြတိုက်ကြီးအား အဆင့်မြှင့်တင်ခင်းကျင်းမည်

ဖြစ်သောကြောင့်နိုင်ငံတော်မှဦးဆောင်၍ ဆပ်ကော်မတီအသီးသီးဖွဲ့ စည်းပြီး ဗုဒ္ဓပြတိုက်အဆင့်မြှင့်ပြင်ဆင်ခင်းကျင်းခြင်းကိုလုပ်ဆောင်ခဲ့ ပါသည်။

ဗုဒ္ဓပြတိုက်ကြီးသည်ရွှေတိဂုံစေတီတော်၏ ရာဟုထောင့် ရင်ပြင်တော်နှင့်တစ်ဆက်တည်းတွင်တည်ရှိ ပါသည်။ ဗုဒ္ဓပြတိုက်ကြီး သည်ယခင်က အပေါ်ဆုံးထပ်အားပြတိုက်ကြီးအဖြစ်လည်းကောင်း၊ အလယ်ထပ်တွင်ပိဋကတ်တိုက်အဖြစ်လည်းကောင်း၊မြေညီထပ်အား မော်ကွန်းတိုက်အဖြစ်လည်းကောင်း၊ (၃)ထပ်အဆောက်အဦးကြီး တွင် ပြတိုက်၊ပိဋကတ်တိုက်၊မော်ကွန်းတိုက်အဖြစ် ၁၉၉၂ခုနှစ် ဇူလိုင်လ(၁၄)ရက်တွင် စီမံဆောင်ရွက်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၁၃ခုနှစ်တွင်ပြတိုက်ကြီးအားဗုဒ္ဓပြတိုက်အဖြစ်အဆင့်မြှင့်ခင်းကျင်းမည် ဖြစ်သောကြောင့် အလယ်ထပ်တွင်ရှိသော ပိဋကတ် စာကြည့်တိုက်အား အရှေ့ဘက်အာဇာနည်လမ်းရှိဒေါ်လှဆင် ပိဋကတ်တိုက်သို့လည်းကောင်း၊ မြေညီထပ်တွင်ရှိသောမော်ကွန်း တိုက်အားဦးအုန်းခင်(ဖျာပုံ)ပိဋကတ်တိုက်သို့ လည်းကောင်း၊ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီးပြတိုက်ကြီး၏ (၃)ထပ်အဆောက်အဦးကြီး တစ်ခုလုံးအားပြုပြင်မွမ်းမံခင်းကျင်း၍ဗုဒ္ဓပြတိုက်ကြီးအဖြစ်၁၈.၃.၂၀၁၆နေ့တွင်အသစ်ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။

ဗုဒ္ဓပြတိုက်ကြီးတွင်ယုံကြည်ကိုးကွယ်မှုနှင့်ဆိုင်သောပစ္စည်း များ၊ သာသနာတော်ဆိုင်ရာပစ္စည်းများ၊မြန်မာရိုးရာထုံးဓလေ့သုံး ပစ္စည်းများစသည်ဖြင့် အလွန်ရှားပါးရှေးကျသော အနုပညာလက်ရာ မြောက်သောပစ္စည်းများအားခင်းကျင်းပြသထားပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်