အဆုံးအမတော်များ

ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော တရားဓမ္မများအနက် သိမှတ်၊ လိုက်နာ၊ ကျင့်ကြံအားထုတ်ရမည့် ဒေသနာတော် အဆုံးအမများ

ဗုဒ္ဓ၏ အဆုံးအမတော်များ

မကောင်းမှုဟူသမျှကို
မပြုလုပ်စေရာ။
ကောင်းမှုဟူသမျှကို
ပြလုပ်စေရာ၏။
မိမိစိတ်ကို သန့်ရှင်း
စေရာ၏။

တည်နေရာ  –  ကလျာဏပါရမီတန်ဆောင်းဘေးဘက်တွင် ဖောင်းကြွ   အင်္ဂတေဖြင့် ရေးထိုးထားပါသည်။

ပုထုဇဉ် သူမြတ်တို့ မွေ့လျော်ရာ ဒုစရိုက် ကင်းစင်သည့် မြင့်မြတ်သော သာသနာ့နယ်မြေ

ဒုစရိုက်တရားဟူသော စကားရပ်တွင်
ဘာသာရေးနှင့် မအပ်စပ်သည်သာမက
သဘောသဘာဝခြင်းလည်း ခြားနားဆန့်ကျင်သော
ကာယဝစီ မနောချီသည့်
အလုပ်သုံးပါးလုံး အကြုံးဝင်သည်။

တည်နေရာ  – ကလျာဏပါရမီတန်ဆောင်းဘေးဘက်တွင်လက်ရေးဖြင့်   ရေးထိုးထားပါသည်။

အနှိုင်းမဲ့ ကျေးဇူး ရှိသူများ

ဘုရား
တရား
သံဃာ
မိဘ
ဆရာ

(ဗုဒ္ဓဘာသာ လက်စွဲကျမ်း-ပထမတွဲ)

တည်နေရာ  -ပါရမီတန်ဆောင်းအတွင်းဘက်တွင်
ဖောင်းကြွအင်္ဂတေဖြင့် ရေးထိုးထားပါသည်။

ဗောဓိဉာဏ်၏ အင်္ဂါ (၇)ပါး

၁။  သတိ သ‌မ္ဗောဇ္စျင်  –  ဖြစ်ပေါ်လာသမျှ ရုပ်နာမ်သင်္ခါရတို့ကို   မလစ်လပ်အောင် မလွတ်တမ်း ရှုမှတ်   တတ်သော သတိ။
၂။  ဓမ္မဝိဇယ သ‌မ္ဗောဇ္စျင်   –  သန့်ရှင်းကြည်လင်သော ဉာဏ်ပညာ။
၃။  ဝိရိယ သ‌မ္ဗောဇ္စျင်   –  တက်တက်ကြွကြွ အရှိန်ကောင်းနေသော   ဝိရိယ။
၄။  ပီတိ သ‌မ္ဗောဇ္စျင်   –  ရွှင်လန်းကြည်လင်နှစ်သက်သော ပီတိ။
၅။  ပဿဒ္ဓိ သ‌မ္ဗောဇ္စျင်   –  ငြိမ်သက်အေးချမ်းမှု ပဿဒ္ဓိ။
၆။  သမာဓိ သ‌မ္ဗောဇ္စျင်   –  မလှုပ်မယှက်တည်ငြိမ် စူးစိုက်မှု သမာဓိ။
၇။  ဥပေက္ခာ သ‌မ္ဗောဇ္စျင်   –  ပကတိအတိုင်း တည်ရှိမှုကို ဥပေက္ခာပြုရန်။

(ဗုဒ္ဓဘာသာလက်စွဲကျမ်း- ပထမတွဲ)

တည်နေရာ  – စေတနာသမ္ဘာရတန်ဆောင်းဘေးဘက်တွင်ဖောင်းကြွ   အင်္ဂတေဖြင့် ရေးထိုးထားပါသည်။

ကြိုတင်သတိအကျိုးရှိ

၁။  တနေဝင်လျက် တနေထွက် နေ့ရက်နာရီကုန်ခဲ့ပြီ၊
၂။  နာရီတွေပြောင်း ရက်တွေနှောင်း တပေါင်းဆင့်ဆင့်တက်ခဲ့ပြီ၊
၃။  လပေါင်းစုထွေ ကုန်လွန်စေ သစ်ဝေတနှစ်ဆန်းတော့မည်၊
၄။  တနှစ်ဆန်းလျှင် ငါ့အသွင် တွင်တွင်ဆန်းစစ် ကြည့်သင့်ပြီ၊
၅။  တနှစ်တာတွင် မဆင်ခြင် ပျော်ချင်သမျှ ပျော်ခဲ့သည်၊
၆။  တနှစ်တာတွင် မဆင်ခြင် မော်ချင်သမျှ မော်ခဲ့သည်၊
၇။  အရွယ်ချင့်သော် တော်သင့်နော် ပျော်မော်အကြွား နားသင့်ပြီ၊
၈။  ပျော်မော်မကင်း မေ့လျော့လျှင် သေမင်းငါ့ကို ညှင်းတော့မည်၊
၉။  သေမင်းလက်တွင် မရောက်ခင်က ကြိုတင်စဉ်းစားမြတ်တရား
  ကြိုးစားသင့်လှပြီ။ 

အောင်ရွှေထီးအဖွဲ့

ချမ်းသာရရန်ချမ်းသာအရင်းခံ

တိက္ထိပရိဗိုဇ်များက ရှင်ဂေါတမအား ချမ်းသာသုခရရှိရန် ဘာကို အရင်းတည်ရမည်နည်းဟု မေးကြသည်။
  မြတ်စွာဘုရားရှင်က ချမ်းသာသုခရရှိဖို့ရ် ချမ်းသာသုခကိုပင် အရင်းတည်ရစေမည်။ ဤကဲ့သို့ ချမ်းသာသုခကို အရင်းတည်မှသာလျှင် တစ်ဆင့်ထက်တစ်ဆင့်မြင့်သော ချမ်းသာသုခကို ရရှိခံစားနိုင်မည်ဟု ဖြေဆိုတော်မူသည်။ ထိုစကား၏ ပထမဈာန်ချမ်းသာကို အရင်းခံ၍ ဒုတိယဈာန်ချမ်းသာကို အရယူနိုင်သည်။ ဒုတိယဈာန်ချမ်းသာကို အရင်းတည်၍ တတိယဈာန်ချမ်းသာကို ရနိုင်သည်။ တတိယဈာန်ချမ်းသာကို အရင်းတည်၍ စတုတ္ထဈာန်ချမ်းသာကို ရရှိခံစားနိုင်မည်။
  (ဗုဒ္ဓဘာသာလက်စွဲကျမ်း-ဒုတိယတွဲ)

တည်နေရာ  – ပိဒုံးပဒိုင်းတန်ဆောင်းဘေးဘက်တွင်ဖောင်းကြွ   အင်္ဂတေဖြင့် ရေးထိုးထားပါသည်။

ပါရမီ (၁၀)ပါး မြင့်မြတ်သူတို့ ကျင့်အပ်၍ နိဗ္ဗာန်ရောက်စေတတ်သောကုသိုလ်တရားစုများ

၁။  ဒါနပါရမီ  စွန့်ကြဲပေးကမ်း  လှူဒါန်းခြင်း
၂။  သီလပါရမီ  အားထုတ်၍  စောင့်စည်းခြင်း
၃။  နေက္ခမ္မပါရမီ  စွန့်ခွါ၍  ကျွတ်လွတ်ခြင်း
၄။  ပညာပါရမီ  ဟုတ်မှန်စွာ  အမှန်ကိုသိမြင်ခြင်း
၅။  ဝီရိယပါရမီ  သက်စွန်ကြိုးပမ်း  အားထုတ်ခြင်း
၆။  ခန္တီပါရမီ  မယိမ်းမယိုင်  သည်းခံနိုင်ခြင်း
၇။  သစ္စာပါရမီ  ဖြောင့်မတ်စွာ  အမှန်ကိုဆိုခြင်း
၈။  အဓိဌာန်ပါရမီ  မဖြစ်မနေ  ဇွဲကောင်းခြင်း
၉။  မေတ္တာပါရမီ  တွေ့မြင်သမျှ  ချမ်းသာစေခြင်း
၁၀။  ဥပေက္ခာပါရမီ  ချီးမြောက်ရှုံချနှစ်ဌာန၌  လျစ်လျူရှုခြင်း
  ဂေါပကအဖွဲ့

တည်နေရာ  – ပါရမီတန်ဆောင်းဘေးဘက်တွင်လက်ရေးပန်းချီဖြင့်   ရေးထိုးထားပါသည်။

ကြိုတင်ကောင်းမှု ကြိုးစားပြုလော့ ရုပ်နာမ်ဓမ္မ၊ သင်္ခါရတို့၊ ကိုယ်ကဤပုံ၊ ဖြစ်လိုတုံလဲ တဖုံဆင်တွဲ၊ သူတနဲဖြင့် ဖောက်လွဲတတ်စွာ ဓမ္မတာကိုပညာစက္ခု၊ မျှော်ထောက်ရှု၍

ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့
ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့
ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့
       ရတုချိန်ထောက်၊ ဤခါရောက်မှ၊ ချုပ်ပျောက်ခန္ဓာ၊ သေစိမ့်ငှါဟု၊
      သတ္တဝါခပင်း၊ ရှင်သေမင်းနှင့်၊ မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်၊
                                        တစက်ကမှ၊ မရှိကြဘူး။
                                 အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ
                ဘုရားစကားလိုက်နာပွားသည်၊ တရားလက်မလွတ်စေနှင့်။

  မင်းကွန်းတိပိဋကဆရာတော်

မြတ်ဗုဒ္ဒ၏ကျေးဇူးတော်

အကယ်၍သာ မြတ်ဗုဒ္ဒသည်၊ လူသူထင်ရှား၊ မပွင့်ငြားက၊
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘ၀၊ မသိရ၊ များလှအပြစ်တွေ၊
ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖော်သွန်ကြား၊ မြတ်တရားကြောင်း၊
ဤကားကုသိုလ်၊ အကုသိုလ်နှင့် ထိုထိုဘ၀၊ သိကြရ၊ များလှကျေးဇူးပေ၊
ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို၊ ဦးတင်မပြတ်၊ ကျေးဇူးဆပ်ဘို့၊ အမြတ်ရတနာ၊
သာသနာ၏၊ နိုင်ရာဝန်ထမ်း၊ ကိုယ်စီစွမ်း ကြိုးပမ်းကြပါလေ။
                           အရှင်ဇနကာဘိဝံသ

တည်နေရာ  – ဗောဓိမဏ္ဍိုင်တန်ဆောင်းနောက်ဘက်တွင် ဖောင်းကြွ   အင်္ဂတေဖြင့် ရေးထိုးထားပါသည်။

ဩဝါဒပါတိမောက်ဓမ္မစေတီကျောက်စာတော်

၁။  ခန္တီပရမံတပေါတိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိဗုဒ္ဓါ။ နဟိပဗ္ဗဇိတော။
  ပရူပယာတီ၊ နသမဏော ဟောတိပရံဝိဟေဌယ‌နေ္တာ။
  လွန်စွာ ချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော
  အကျင့်ပေတည်း။ နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့   ဟောတော်မူကုန်၏။ သူတစ်ပါးကို သတ်သောသူသည် စိတ်အညစ်   အကြေးကို နှင်ထုတ်သူမဟုတ်။ သူတစ်ပါးကို ညှင်းဆဲသောသူသည်   မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။
၂။  သဗ္ဗပါပဿအကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
  သစိတ္တပရိယောဒပန၊ ဧတဗုဒ္ဓါနသာသနံ။
  မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ။
  ကောင်းမှု ဟူသမျှကို ပြည့်စုံစေရာ၏။
  မိမိစိတ်ကို သန့်ရှင်းဖြူစင်စေရာ၏။
  ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။
၃။  အနူပဝါဒေါအနူပယာတော၊ ပါတိမောက္ခေစ သံဝရော။
  မတ္တညုတာစ ဘက္ကသိ္မံ၊ ပန္တဥ္စသယနာသနံ။
  သူတစ်ပါးကို မစွပ်စွဲမပြစ်မှားရာ။
  သူတစ်ပါးကို မညှင်းဆဲမနှိပ်စက်ရာ။
  မြတ်သောသီလ၌ စောင့်စည်းလုံခြုံရာ၏။
  စားသုံးဖွယ်၌ ပမာဏကိုသိရာ၏။
  အစွန်းအဖျားကျောင်းအိမ်ရာ၌ နေရာ၏။
  ထူးမြတ်သောစိတ်၌ လွန်စွာအားထုတ်ရာ၏။
  ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

တည်နေရာ  – ရွှေခေါင်းလောင်းကြီး  တန်ဆောင်းဘေးဘက်တွင်   ဖောင်းကြွအင်္ဂတေဖြင့်   ရေးထိုးထားပါသည်။

မြတ်ဗုဒ္ဓ၏ ဉာဏ်တော်များ

၁။  ဌာန ဌာန ကောသလ္လဉာဏ်တော်  –  အကြောင်းဟုတ်မဟုတ်ကို သိသော ဉာဏ်။
၂။  ဝိပါက ဉာဏ်တော်  –  ကောင်းကျိုး မကောင်းကျိုးကို သိသော ဉာဏ်။
၃။  သဗ္ဗတ္ထဂါမိနီပဋိပဒါဉာဏ်တော်  –  သတ္တဝါတို့ လားရာ ရောက်ရာကို သိသော ဉာဏ်။
၄။  အနေကဓာတုနာ နာဓာတုဉာဏ်တော်  –  အထူးထူးသော ဓါတ်သဘောတို့ကို သိသော ဉာဏ်။
၅။  နာ နာဓိမုတ္တိဉာဏ်  –  အလိုဆန္ဒအားလုံးကို သိသော ဉာဏ်။
၆။  ဣန္ဒြိယပရော ပရိယတ္တဉာဏ်  –  သတ္တဝါတို့၏ ဣန္ဒြိအနုအရင့်ကို သိသော ဉာဏ်။
၇။  စျာနဝိမောက္ခသမာဓိသမာပတ္တိဉာဏ်  –  ညစ်ညူးကြောင်းကို သိသော ဉာဏ်တော်။
၈။  ပုဗ္ဇေနိဝါသာနုဿတိဉာဏ်  –  ရှေ့ဖြစ်ဟောင်း ဘ၀ခန္ဓာအစဉ်ကို  သိသော ဉာဏ်။
၉။  ဒိဗ္ဗစက္ခုဉာဏ်  –  သတ္တဝါတို့၏ စုတေခြင်း၊ ပဋိသနေ္ဓနေခြင်းတို့ကို သိသောဉာဏ်။
၁၀။  အာသဝက္ခယဉာဏ်  –  အာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော ဉာဏ်။
၁၁။  အာသယာနုသယဉာဏ်တော်  –  နှလုံးသွင်းဓါတ်ခံကို သိသောဉာဏ်။
၁၂။  ယမကပါဋိဟာရိယဉာဏ်  –  ရေမီးအစုံအစုံတန်ခိုး ပြာဋိဟာ ပြနိုင်သော ဉာဏ်။
၁၃။  မဟာဂရုဏာသမာပတ္တိဉာဏ်  –  ဒုက္ခိတသတ္တဝါတို့ကို ကြီးစွာသော သနားကြင်နာမှုနှင့် ယှဉ်သော ဉာဏ်။
၁၄။  သဗ္ဗညုတဉာဏ်  –  အလုံးစုံကို သိမြင်သော ဉာဏ်။
၁၅။  အနာဝရဏဉာဏ်  –  အပိတ်အပင် အတားအဆီးမရှိ ဖောက်ထွင်းသိမြင်သော ဉာဏ်။

တည်နေရာ  – ချမ်းသာကြီးတန်ဆောင်းဘေးဘက်တွင်ဖောင်းကြွ   အင်္ဂတေဖြင့် ရေးထိုးထားပါသည်။