ရွှေတိဂုံစေတီတော် လမ်းညွှန်

ချမ်းသာကြီးဗုဒ္ဓဆင်းတုတော်
ချမ်းသာကြီးဗုဒ္ဓရုပ်ပွားတော်သည် ရွှေတိဂုံရင်ပြင်တော် ရာဟုအရပ် အောင်မြေအနီးရှိ ၁၈၈၂ ခုနှစ်တွင် ဦးစံထွန်း+ဒေါ်နှစ် တို့လှူဒါန်းခဲ့သော တန်ဆောင်းအတွင်း သီတင်းသုံးတော်မူသည်။ ချမ်းသာကြီး ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို ပန်းပုဆရာကြီး ဆရာဉာဏ်က ထုလုပ်ခဲ့သည်။ ယခင်ကနေပူခံ ဘုရားကြီးဟု ခေါ်ဝေါ်ခဲ့ကြသည်။
ချမ်းသာကြီးဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ပေ ၃၀ ကျော်ရှိပြီး ရွှေတိဂုံစေတီတော်ရှိ ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးနှင့် အရွယ်အစားအကြီးဆုံး ရုပ်ပွားတော်မြတ်ကြီး ဖြစ်သည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်