ရွှေတိဂုံစေတီတော် လမ်းညွှန်

အင်္ဂါထောင့် တံခွန်တိုင်

       ရွှေတိဂုံစေတီတော် ရင်ပြင်တော် အင်္ဂါထောင့်ရှိ တံခွန်တိုင်သည် မြန်မာသက္ကရာဇ် ၁၂၈၆(၁၉၂၄)ခုနှစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ကျောင်းကြီးလမ်း၊ အိမ်အမှတ် (၂)၊ စာရေးကြီးဦးမှော် + ဇနီးဒေါ်လေး တို့မှ လှူဒါန်းထားခဲ့သည်ဟု ယခင်မှတ်တမ်းများအရ သိရှိရပါသည်။ ကလျာဏ ပါရမီတန်ဆောင်း (ဦးဘအေး+ဒေါ်စောတင်တန်ဆောင်း) နှင့်ကပ်လျက် မျက်နှာစာတွင်ရှိပြီး အုတ်စီတံခွန်တိုင် အမျိုးအစားဖြစ်သည်၊ တံခွန်တိုင် ပတ်လည်အား မှန်ကွက်များစီထားသည်၊ တိုင်ထိပ်တွင် ဟင်္သာငှက်ရုပ် ရှိသည်။ အောက်ခြေတွင် မုခ်ပေါက်တစ်ခုရှိပြီး ဘိလပ်ပြန်ဘုရားဟု ထင်ရှားသော သစ်သားရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ကျောက်ရပ် တော်မူ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူရှိပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်