ရွှေတိဂုံစေတီတော် လမ်းညွှန်

သိင်္ဂုတ္တရပန်းဥယျာဉ်
၁၉၈၉ ခုနှစ်တွင် ရွှေတိဂုံစေတီတော်စီမံကိန်းလုပ်ငန်းကြီး (၃)ရပ်အနက် တစ်ခုအပါအဝင် ဖြစ်သော သိင်္ဂုတ္တရဥယျာဉ်တော် တည်ဆောက်စိုက်ပျိုးခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ သိင်္ဂုတ္တရဥယျာဉ်တော်တွင် သိင်္ဂုတ္တရဥယျာဉ် တောင်ခြမ်းပန်းဥယျာဉ်၊ မြောက်ခြမ်းပန်းဥယျာဉ်၊ ဝင်္ကဘာပန်းဥယျာဉ်နှင့် ကန်တော်မင်္ဂလာပန်းဥယျာဉ်များ ပါဝင်ပါသည်။ သိင်္ဂုတ္တရဥယျာဉ် တောင်ခြမ်းနှင့် မြောက်ခြမ်းတို့အား နိုင်ငံတော်မှကြီးမှူး၍ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဗိသုကာဒီဇိုင်းများ ရေးဆွဲပြီး၊ ဌာနပေါင်းစုံမှ ပေါင်းစပ်ပါဝင်ဆောင်ရွက်ခဲ့ရာ ၁၉၉၀ ခုနှစ် ဇန်နဝါရီလ တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။
၁၉၉၃-၉၄ ခုနှစ်တွင် သိင်္ဂုတ္တရဥယျာဉ်တော် သာယာလှပမှု တဖြည်းဖြည်းလျော့နည်း လာသဖြင့် ၁၉၉၄ ခုနှစ်တွင် ထပ်မံ၍ ဥယျာဉ်တော်အဆင့်ဖြင့် စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများကို ထပ်မံဆောင်ရွက်ခဲ့ကြပါသည်။ ထို့ပြင် ဝင်္ကဘာပန်းဥယျာဉ်ကိုပါ လက်ရှိပုံစံအတိုင်း ဆောင်ရွက်ခဲ့ ကြပါသည်။
၂၀၀၅ ခုနှစ်တွင် ကန်တော်မင်္ဂလာပန်းဥယျာဉ်အား ဂေါပကအဖွဲ့မှ ကြီးကြပ်၍ ပြင်ပမြေယာ ပြုပြင်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ အကျယ်အဝန်း ၁၂.၅ ဧကရှိသော ရှင်ဥပဂုတ္တကန်ဘေးရှိ မြေနိမ့်ချိုင့်ဝှမ်းများအား မြေဖို့ခြင်း၊ မြေယာအလှပြုပြင်ခြင်း၊ အရိပ်ရပင်၊ ပန်းအလှပင်နှင့် မြက်ခင်း များ စိုက်ပျိုးခြင်း၊ လျှပ်စစ်မီးရောင်စုံ ထွန်းညှိခြင်း၊ ရေပိုက်နှင့် ရေပန်းများ တပ်ဆင်ခြင်းလုပ်ငန်းများ အား အများပြည်သူလှူဒါန်းငွေ ကျပ်သိန်းပေါင်း (၂၅၀၀) ကျော်ကျခံသုံးစွဲကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်