ရွှေတိဂုံစေတီတော် လမ်းညွှန်

ဂေါပကအဖွဲ့ရုံးဌာန(၁၀)ခု ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ
ဌာနအလိုက်လုပ်ငန်းတာဝန်များ
လုပ်ငန်းမြို့ပြဌာန။        ။ ပရိဝုဏ်အတွင်းရှိ သာသနိကအဆောက်အဦများ၊ မြန်မာမူ လက်ရာများ၊ အဆောက်အဦ၊ လမ်း၊ တံတား၊ ရေမြောင်းများ ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်း၊ ပွဲတော်အခမ်းအနားများတွင် ပြင်ဆင်ပေးခြင်း။

လျှပ်စစ်နှင့်ရေသန့်ဌာန။        ။ လျှပ်စစ်နှင့်ရေရရှိရေး၊ ဖြန့်ခွဲသုံးစွဲရေး၊ သန့်စင်ခန်းများ ထိန်းသိမ်း ရေးလုပ်ငန်းများ၊ ဓါတ်လှေကား၊ စက်လှေကား၊ ကြံ့ခိုင်ထိန်းသိမ်းရေး လုပ်ငန်း၊ လျှပ်စစ်ဓါတ်အားခ၊ ရေခွန် ရေခများ ကောက်ခံပေးချေခြင်း၊ ဘာသာရေးပွဲတော် အခမ်းအနားများ၊ အစည်းအဝေးများတွင် လိုအပ် သော ပြင်ဆင်မှုများ ပြုလုပ်ပေးခြင်း။

ဘဏ္ဍာရေးဌာန။        ။ အလှူငွေနှင့် စီမံခန့်ခွဲမှုငွေများ ကောက်ခံခြင်း၊ ထိန်းသိမ်းခြင်း၊ ဘဏ်သို့အပ်နှံခြင်း၊ ထုတ်ပေးခြင်း၊ နိုင်ငံခြားဧည့်ဝင်ကြေးကောက်ခံခြင်း၊ ထိန်းသိမ်းခြင်း၊ စာရင်းစစ်ဆေးခြင်း၊ ငွေသုံးစွဲမှုစစ်ဆေးခြင်းလုပ်ငန်းများ။

ပြတိုက်/ပြခန်းဌာန။        ။ ရွှေတိဂုံစေတီတော်ပြတိုက်၊ ပိဋကတ်တိုက်၊ မဟာဗုဒ္ဓဝင်ပြခန်း၊ ဓါတ်ပုံပြခန်းတို့တွင် ဘုရားဖူးများ၊ လေ့လာကြည့်ရှုနိုင်ရန် စီမံပေးခြင်း၊ ထိန်းသိမ်းခြင်း၊ အလှူခံဌာနဖွင့်လှစ်ခြင်း။

အုပ်ချုပ်ရေးဌာန။        ။ ဂေါပကအဖွဲ့၏ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကန်ထရိုက်လုပ်ငန်းများထိန်းသိမ်းခြင်း၊ အခွန်အခကောက်ခံခြင်း၊ ဓါတ်လှေ ကားမောင်းနှင် ထိန်းသိမ်းခြင်း၊ မော်တော်ယာဉ်၊ ဆေးပေးခန်း၊ ဘာသာရေး အသင်းအဖွဲ့ဆိုင်ရာလုပ်ငန်းများ။

ဗဟိုသိုလှောင်ရေးဌာန။        ။ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့တွင်သုံးစွဲရန် လိုအပ်သော ပစ္စည်းများ ဝယ်ယူခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ ထုတ်ပေးခြင်း၊ ဖျက်သိမ်း ပစ္စည်း၊ ပိုလျှံပစ္စည်းများ ထိန်းသိမ်းခြင်း၊ ထုခွဲရောင်းချနိုင်ရန် စီမံဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းများနှင့် စေတိယင်္ဂဏစာလျှောက်မေးပွဲ ကျင်းပခြင်း။

ရွှေနှင့်ရတနာဌာန။        ။ ရွှေပြား၊ ရွှေမျက်ပါးသင်္ကန်းတော်များကပ်လှူခြင်း၊ ရွှေနှင့်ကျောက် မျက်ရတနာများ လက်ခံထိန်းသိမ်းကပ်လှူခြင်း၊ ရွှေချလုပ်ငန်းနှင့် ဆက်စပ်သော မှန်စီရွှေချလုပ်ငန်း၊ ရွှေဇဝါယွန်းနှင့် သရိုးကြိုးခင်း လုပ်ငန်းများ။

ဝန်ထမ်းရေးရာနှင့်မှတ်တမ်းဌာန။        ။ ဩဝါဒါစရိယဆရာတော်များကိစ္စ၊ ဂေါပကအဖွဲ့ဝင် လူကြီးများကိစ္စ၊ ဝန်ထမ်းရေးရာကိစ္စ၊ ပွဲတော်များကျင်းပရေး၊ ဧည့်သည်တော်ကြိုဆိုရေး၊ မော်ကွန်းမှတ်တမ်းဆိုင်ရာကိစ္စများ ဆောင်ရွက်ခြင်း၊ သတင်းထုတ်ပြန် ခြင်း။

ဝတ္ထုကံမြေသာယာရေးဌာန။        ။ သိင်္ဂုတ္တရကုန်းတော် တစ်ခုလုံးရှိ သစ်ပင်ကြီးများ၊ အရိပ်ရပင်၊ ပန်းအလှပင်များ၊ စိုက်ပျိုးထိန်းသိမ်းခြင်း၊ ဥယျာဉ်ပန်းခြံ မြက်ခင်းများ တည်ဆောက်စိုက်ပျိုး ထိန်းသိမ်းခြင်း လုပ်ငန်း။

လုံခြုံရေးနှင့်မီးသတ်ဌာန။        ။ ဗုဒ္ဓသန္တက ပစ္စည်းများ၊ လုံခြုံရေးနှင့် မီးဘေးကာကွယ်ရေးလုပ်ငန်း များ (၂၄)နာရီပတ်လုံး တာဝန်ယူဆောင်ရွက်ခြင်း၊ ဘုရားဖူးများ လုံခြုံရေး၊ နိုင်ငံတော်ဧည့်သည်တော်များ လုံခြုံရေးနှင့် ဂေါပကအဖွဲ့က ချမှတ် ထားသော စည်းကမ်းများကို သက်ဆိုင်သူများက လိုက်နာဆောင်ရွက် စေရန် စည်းကမ်းထိန်းသိမ်းခြင်းလုပ်ငန်းများ။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်