ရွှေတိဂုံစေတီတော် လမ်းညွှန်

PagodaDigitalDirectory(Offline)ဆိုင်ရာအချက်အလက်များ လွှဲပြောင်းပေးအပ်လက်ခံပွဲအခမ်းအနား
၁။ ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်တွင် Kisok Touch Screen များဖြင့် ထားရှိမည့် ရွှေတိဂုံ စေတီတော် Pagoda Digital Directory (Offline) Project နှင့် Online Website Project တို့ကို Myanmar ICT Solutions Limited မှ လှူဒါန်းသည့်အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးခဲ့ ပါသည်။ ထို့အပြင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးမှ တာဝန်ယူကိုင်တွယ် ထိန်းသိမ်းမည့် ဝန်ထမ်း (၄)ဦးကိုလည်း ၎င်းကုမ္ပဏီမှ ရက်သတ္တပတ် (၂)ပတ်ကြာ သင်ကြားပြသပေးခြင်း၊ ကနဦးအဆင့်ပြီးစီပြီဖြစ်သော ပထမ Project ဖြစ်သည့် ရွှေတိဂုံစေတီ တော်ဆိုင်ရာ Pagoda Digital Directory (Offline)အား Host ပြုလုပ်ရန်အတွက် ရွှေတိဂုံ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးရှိ Server တွင် Web Server Installation နှင့် Configuration ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
၂။ ၄-၁၂-၂၀၂၃ ရက်နေ့၊ နံနက် ၁၀၀၀ နာရီအချိန်တွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် Myanmar ICT Solutions Limited မှ ရွှေတိဂုံစေတီတော် Pagoda Digital Directory (Offline) Project နှင့် Web Sever တို့ကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ ပါသည်။ ၎င်းကုမ္ပဏီ အနေဖြင့် ပထမ Project ဖြစ်သည့် Offline Project လွှဲအပ်ပြီးနောက် Project နှင့် သက်ဆိုင်သော Maintenance Service များလိုအပ်လာပါက ကုသိုလ်ယူ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ သို့အတွက် တင်ဒါစနစ်ဖြင့် ဆောင်ရွက် နေသော Kiosk Touch Screen TV (၁၀)လုံးနှင့် 24 Core Fiber Network Line များ ရရှိချိန်တွင် ဘုရားဖူးများသို့ပြသရန် အဆင်သင့်အနေအထား ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်