ရွှေတိဂုံစေတီတော်

ခရစ်မပေါ်မီခြောက်ရာစု (BC-၆၀ဝ) ခန့်မှခရစ်နှစ်(၁၄)ရာစုအထိ ရွှေတိဂုံ စေတီတော်ကို ဥက္ကလာပမင်း (၃၂)ဆက်တို့ကလည်းကောင်း၊ခရစ်နှစ် (၁၃၇၂) ခုနှစ်မှစတင်၍ဗညားဦးမင်း၊ ဗညားရန်မင်း၊ ဗညားကျန်းတောမင်း အစရှိသော မင်းအဆက်ဆက်တို့ကလည်းကောင်း ပြုပြင်မွမ်းမံ ထိန်းသိမ်းစောင့်ရှောက်ခဲ့ ကြသည်။ ခရစ်နှစ် (၁၄၅၃)ခုနှစ်၊ ဘုရင်မကြီးရှင်စောပုလက်ထက်တွင် စေတီ တော်ကြီးကို ဉာဏ်တော်အမြင့် (၃၀၂)ပေအထိ တိုးချဲ့တည်ဆောက်ခဲ့ပြီး (၁၇၇၄)ခုနှစ်၊ ဆင်ဖြူရှင်မင်းလက်ထက်တွင် လက်ရှိဉာဏ်တော်အမြင့် (၃၂၆)ပေ၊ (၉၉.၃၆)မီတာတိုင်အောင်မြှင့်တင်ပြုပြင်ခဲ့သည်။

Digital Directory

လှည့်လည်ဖူးမြော်ကြည့်ရှုသင့်သော နေရာများ

ရွှေတိဂုံစေတီတော်သမိုင်း

ရန်ကုန်မြို့သမိုင်း

ရွှေတိဂုံစေတီတော်ပရိဝုဏ်

လမ်းကြောင်းပြမြေပုံ

ဇရပ်တန်ဆောင်းများ

တိဂုံစေတီတော်ကြီး၏ စောင်းတန်း(၄)သွယ်၊ အာရုံခံမုခ်ဉီး(၄)ခုနှင့် ရင်ပြင်တော်ပေါ်ရှိ ဇရပ်၊ တန်ဆောင်းများ၏တည်နေရာ

$

မြောက်ဘက်စောင်းတန်း

$

တောင်ဘက်စောင်းတန်း

$

အနောက်ဘက်စောင်းတန်း

$

အရှေ့ဘက်စောင်းတန်း

$

အရှေ့ဘက်အာရုံခံမုခ်ဉီးဆောင်

$

မြောက်ဘက်အာရုံခံမုခ်ဉီးဆောင်

$

တောင်ဘက်အာရုံခံမုခ်ဉီးဆောင်

$

အနောက်ဘက်အာရုံခံမုခ်ဉီးဆောင်

$

ရင်ပြင်တော်တောင်မှအနောက်ကြား

$

ရင်ပြင်တော် အနောက်မှ မြောက်ကြား ၂၇ ခု

$

ရင်ပြင်‌တော်မြောက်မှ အရှေ့ကြား ၂၅ ခု

$

ရင်ပြင်တော်အရှေ့မှ တောင်ကြား ၁၅ ခု

မြန်မာမှုပန်းဆယ်မျိုး
မင်းအဆက်ဆက်တို့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သူ့ခေတ်သူ့ကာလ၊ သူ့အနုပညာလက်ရာ ပန်း(၁၀)မျိုးတို့ဖြင့် ထုံမွှန်းကာစေတီ၊ ပုထိုး၊ တန်ဆောင်း၊ ပြဿဒ် လက်ရာတို့ကို သူ့ထက်ငှာ လက်စွမ်းပြ တန်ဆာဆင်ကာ ပြုလုပ်လှူဒါန်းခဲ့ကြပါသည်။
သို့ဖြစ်ပါ၍ “ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ဆယ်ပွင့်ပန်း” ဟုဆိုစမှတ်ပြုကြသည့် အောက်ပါမြန်မာမှုလက်ရာ ပန်း(၁၀)မျိုးတို့အား ဆက်လက်တင်ပြအပ်ပါသည် –

ပန်းပဲပညာ

ပန်းထိမ်ပညာ

ပန်းတဉ်းပညာ

ပန်းတော့ပညာ

ပန်းတမော့ပညာ

ပန်းရန်ပညာ

ပန်းပုပညာ

ပန်းပွတ်ပညာ

ပန်းချီပညာ

ပန်းယွန်းပညာ

ရွှေတိဂုံစေတီတော် ၁၂လ ရာသီပွဲတော်များ
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း‌ဂေါပကအဖွဲ့သည် စေတီတော်ကြီးနှင့် အရံသာသနိက အဆောက် အဦများ အဓွန့်ရှည်တည်တံ့ခိုင်စေရန် လာရောက်ဖူးမြှော်ကြသော ရဟန်း၊ ရှင်လူပြည်သူများ စိတ်ကြည်လင်ချမ်းမြေ့ ကြစေရန်နှင့် ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ထွန်းကားပြန့်ပွားစေရန် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။
ဗုဒ္ဓသာသနာတော်ကြီးအား ထိန်းသိမ်းစောင့်ရှောက်ရာ၌ မြတ်ဗုဒ္ဓ၏ မမေ့အပ်ရာ နေ့ထူးနေ့မြတ် အထိမ်းအမှတ် အခါတော်နေ့ အခမ်းအနားများကို ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။
၁၉၈၀ ခုနှစ်အချိန်ကာလအထိ စေတီတော်ကြီး၌ တပေါင်းလတွင် တပေါင်းဗုဒ္ဓပူဇနိယပွဲတော်၊ တန်ဆောင်မုန်းလတွင် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပွဲတော်၊ ကဆုန်လတွင် ညောင်ရေသွန်း လောင်းပွဲတော်တို့သာ ကျင်းပခဲ့ကြပါသည်။
ဘက်စုံပြုပြင်ထားသည့် ခမ်းနားထည်ဝါသော ရင်ပြင်တော်ကြီး၌ သာသနာ၊ ဘာသာ ဆိုင်ရာလှုပ်ရှားမှု စဉ်ဆက်မပြတ်ရှိနေသင့်သည်ဟု ဆန္ဒတူညီကြပြီး ၁၂ လရာသီတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် ကိုက်ညီပြီး ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီးနှင့် မဆန့်ကျင်သော ပွဲတော် အခမ်းအနားများကို ကျင်းပပြုလုပ်နိုင်ရန် ဂေါပကအဖွဲ့သည် ဩဝါဒါစရိယဆရာတော်ကြီးများထံသို့ လျောက်ထားဩဝါဒခံယူခဲ့ပြီး ရုံးဝန်ထမ်းများနှင့် ဂေါပကအဖွဲ့တွင် မှတ်ပုံတင် ထားသော ဗုဒ္ဓဝေယျာဝစ္စအသင်းများ၏ အင်အားတို့ကို စုပေါင်းအခြေခံထားကာ လအလိုက် ဘာသာရေးဆိုင်ရာပွဲတော် များကို ၂၀၀၅ ခုနှစ်မှစတင်ကာ တိုးတက်ကျင်းပပြုလုပ်ခဲ့ပါသည်။
ရွှေတိဂုံဖွဲ့ စာများ

“ဇမ္ဗူသာလျှင််၊ ဂီဝါရောင်ခြည်၊ ရံဝန်းလည်၍၊ တွင်မည်ဒဂုံ၊ လူနတ်ယုံသည်၊ ကြေးမုံရတနာ၊ မြဆံကြာကို၊ ပန်ထွာရအောင်၊ ယူချေဆောင်မှ၊ ညီနောင်သမုတ် ”

– အစချီသော နဝဒေး၏ ဟင်သာ၀တီ ဒဂုံဆံတော်ရှင်ဘုရားတိုင်ရတု။

“ဇမ္ဗူသာလျှင််၊ ဂီဝါရောင်ခြည်၊ ရံဝန်းလည်၍၊ တွင်မည်ဒဂုံ၊ လူနတ်ယုံသည်၊ ကြေးမုံရတနာ၊ မြဆံကြာကို၊ ပန်ထွာရအောင်၊ ယူချေဆောင်မှ၊ ညီနောင်သမုတ် “

– အစချီသော နဝဒေး၏ ဟင်သာ၀တီ ဒဂုံဆံတော်ရှင်ဘုရားတိုင်ရတု။

“စူဠာမွေရှင်၊ ကျော်စောထင်သား၊ သုံးခွင်ရပ်သူ၊ နတ်နှင့်လူကို၊ ဆုယူချီးပင့်၊ ဉာဏ်တော်ချင့်၍၊ ရွှေဖြင့်ညီးညီး၊ ရွှေရည်စီးမျှ၊ ဘုန်းမီးရောင်ထွန်း ”

– အစချီသော နဝဒေး၏ ဟင်သာဝတီဆံတော်ရှင် ဘုရားတိုင်ရတု။

“တတ်ခေါင်တိုင်၍၊ ရွှေဆိုင်ရွှေနှစ်၊ ရွှေစင်စစ်ကို၊ သီရစ်ပုံပြင်၊ ခန့်စီရင်လျက်၊ ပွတ်တင်မျက်နှာ၊ ဗြဟ္မာဆောင်သွား၊ သိကြားကြိုးပတ်၊ နတ်ကားငင်စေ၊ စူးဆောက်ထွေဖြင့်”

– အစချီသော နဝဒေး၏ ဟင်သာဝတီ ရွှေတိဂုံဘုရားတိုင်ရတု။

“သိင်္ဂုတ္တရ၊ ကုန်းလှမြတ်စွာ၊ အမည်မှာမူ၊ သတ္တာဘုမ္မိ၊ ဘူရိဒတ္တ၊ ပေါက္ခရဝတီ၊ သီဟရာဇာ၊ တမ္မာဂုတ္တ၊ တိဂုမ္ဗ(မ္ဘ)ဟု၊ သတ္တနာမံ၊ ကမ္ဗည်းခံ၏ “

– အစချီသော ဝန်ကြီးပဒေသရာဇာ၏ ရွှေတိဂုံသမိုင်းဧကပိုဒ်။

“သပိတ်လေးလုံး၊ လက်နှိပ်ဖုံး၊ တလုံးတည်းဖြစ် ဘယ်နေ့နည်း”

– အစချီသော စွယ်စုံကျော်ထင်ကျမ်းမှထုတ်နုတ်သည့် ရွှေတိဂုံစေတီသမိုင်းဆိုင်ရာ အမေးပုစ္ဆာများ။

“သိင်္ဂုတ္တရေ သခံ ရမ္မေ၊ ဝသန္တာမှေ အဇာနိတွာ။ သာသနံ ဝါသံ ကေသိဉ္စံ၊ ဒန္နာ ဒေါသနာ ဝက္ခိဿံ။ ရမ္မေ၊ နှလုံးမွေ့လျော်၊ ပျော်ဘွယ်ရှိထသော”

– အစချီသော ကျဉ်းကန်ရှင်ကြီး၏ ပဏာမပတ္တနာ ရွှေတိဂုံမြို့ဘွဲ့နှင့်ဆုတောင်း။

“လေနရီ ရေဒီမျှပါတဲ့၊ ဗွေမဟီမြေသီခမှာ၊ စေတီက နိတုံ၊ ကေသီလှတရှိ စုံတယ်၊ ရွှေတိဂုံမြတ်ဖျား ”

– အစချီသော ကင်းဝန်မင်းကြီး၏ ရွှေတိဂုံဘုရား ဘုန်းတော်ဘွဲ့တေးထပ်။

“မင်္ဂလာတန်ဆောင်၊ ထိန်ထိန်ပြောင်သား၊ ရွှေညောင်ဗောဓိ၊ တုမယှိနှိုက်၊ တိဘဝထွဋ်၊ သုံးလူနတ်လျှင်၊ မြတ်သယမ္ဘူ၊ ဆုကြီးချူ၍၊ မှောင်မြူတဏှာ၊ ဂဟေကာကို၊ အာဏာပြပြ၊ ကြုံးသံပလျက် ”

– အစချီသော အကြီးတော် ဉီးသံမှို၏ သက္ကရာဇ် ၁၂၅၁ ခုနှစ်တွင် ရေးဖွဲ့ခဲ့သော ရွှေဒိဂုန်စေတီတော် ငှက်မြတ်နားသမိုင်း မော်ကွန်းလင်္ကာ။

“ယမိုက်မှောင်ချွေ၊ တဝေဝေတည့်၊ မီးရေစုံသား၊ ဂုဏ်တော်အားဖြင့်၊ မြတ်ဖျားဇေယျ၊ တိဂုံဘ၏၊ ကေသဆံတော်၊ ကိန်းဝပ်ပျော်သည်၊ အကျော်ထင်ရှား၊ နောင်တော်များ ”

– အစချီသော လယ်တီပဏ္ဍိတ ဉီးမောင်ကြီးရေးဖွဲ့ခဲ့သည့် မဟာဝဇီရမကုဋမင်္ဂလာ စိန်ဖူးတင်ဩဘာရတု။

“ဧက်ဒွေးအဋ္ဌာ စမ္ပာနှစ်၊ မြန်မာသက္ကရာဇ် ခေတ်ကောဇာ၊ တပေါင်းပုဏ္ဏ နေ့ဗုဒ္ဓါမှာ၊ ပရမေ့ဉက္ကဋ္ဌာ စိန္တေဖျား။ လေးဆူရှင်တော့် ဓာတုမွေကို၊ ပဏာပြုစေ ထည့်သွင်းနှံခဲ့ထား “

– အစချီသော လယ်တီပဏ္ဍိတ ဉီးမောင်ကြီး ၁၂၈၂ တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့၌ ရေးဖွဲ့ခဲ့သည့် စိန်ဖူးတော်တင်ပွဲ ရှစ်ဆယ်ပေါ်တေးထပ်။

“တိမ်စစ်ဗျူဟာသေနင်္ဂ၊ ဝေဟင်္ဂမ လိမ်ရှုပ်ဆင်၊ မြေပြင်ပဝရ၊ သိင်္ဂုတ်တခွင်မှာ၊ စိတ်မုတ်ဒရင် ရောင်ဝါလျှမ်း၊ စုလစ်မွန်ချွန့် ပြာဿဒ် ဆောင်မှာ နဝရတ်အရောင် ထိန်ညီးလျှံလို့သန်း “

– အစချီသော လယ်တီပဏ္ဍိတ ဉီးမောင်ကြီး ရေးဖွဲ့ခဲ့သည့် ရွှေတိဂုံ စေတီတော် ဘုရားရှင်ဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်။