ရွှေတိဂုံစေတီတော် လမ်းညွှန်

ထီးတော်ရုံတန်ဆောင်း(ဒေါ်ဖွားတန်ဆောင်း၊ စေတိယင်္ဂဏအသင်း တန်ဆောင်း)
ရွှေတိဂုံစေတီတော် ရင်ပြင်တော် အောင်မြေအနီးရှိ တန်ဆောင်းဖြစ်ပါသည်။ စတင်တည်ဆောက်ခဲ့သည့် ခုနှစ်မသိရှိရပါ။ ဒေါ်ဖွားဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ၂၈-၁၀-၁၈၇၁ ရက်နေ့တွင် မင်းတုန်းမင်းကြီး တင်လှူ သော ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ထီးတော်အသစ်အား ယာယီအပူဇော်ခံထားရှိခြင်း၊ ၁၉၉၉ ခုနှစ်ထီးတော် အသစ် တင်လှူစဉ်ကာလတွင် မင်းတုန်းမင်းကြီး၏ ကုသိုလ်တော် မူလထီးတော်ကြီးအား ယာယီထားရှိရာနေရာ ဖြစ်ခြင်းတို့ကြောင့် ထီးတော်ရုံတန်ဆောင်းဟု အမည်တွင်ပါသည်။ ယခင်က စေတိယင်္ဂဏပရိယတ္တိစာပြန်ပွဲ ကျင်းပသည့် စေတိယင်္ဂဏအသင်းတည်ရှိခဲ့ရာ တန်ဆောင်းဖြစ်သောကြောင့် စေတိယင်္ဂဏအသင်းတန်ဆောင်း ဟုလည်း ခေါ်တွင်ပါသည်။
၂၀၀၈တွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် တန်ဆောင်းရှိ ထုပိကာမှအထက် တွဲလဲကျခဲ့ခြင်းအား မူလလက်ရာမပျက် ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ကြမ်းခင်းပေါလစ် တိုက်ခြင်း၊ ၂၀၁၉ ခုနှစ်တွင် တန်ဆောင်းအတွင်းရှိ ရုပ်ပွား၊ ပလ္လင်၊ တံကဲ ပန်းများနှင့် တိုင်ခါးစည်းများ ရွှေသင်္ကန်းတော်ကပ်လှူခြင်း၊ ၂၀၂၃ ခုနှစ်တွင် ဆေးသုတ်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်