ရွှေတိဂုံစေတီတော် လမ်းညွှန်

ကျောက်စိမ်းတန်ဆောင်း(ပုညကုသလဗဟုကရအသင်း C M A )

ရွှေတိဂုံစေတီတော် ရင်ပြင်တော် စနေထောင့်ရှိ တန်ဆောင်းဖြစ်ပါသည်။ အခြားတန်ဆောင်းများနှင့် ကပ်လျက်မတည်ရှိဘဲ စေတီတော်ကြီးဘက်သို့ ပို၍ထွက်နေသော တန်ဆောင်းဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၁၂၆၀(၁၈၉၈) ခုနှစ်ခန့်တွင် ဒေါ်လှမေ ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၃၁၉ ခုနှစ်တွင် ပုညကုသလဗဟုကရ အသင်း ( C M A )မှ ထပ်မံပြုပြင်ခဲ့ပါသည်။
၁၉၉၉ ခုနှစ် ရင်ပြင်တော်ဘက်စုံပြုပြင်ရေးအစီအစဉ်၌ မြန်မာမှုများတပ်ဆင်ခြင်း၊ ကြွေပြားခင်းခြင်း၊ ဝရံတာများ ဖြုတ်သိမ်းခြင်း၊ မျက်နှာကြက်များ ပြုပြင်ခြင်းနှင့် နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားတော်များကိန်းဝပ်ရာ ဂန္ဓကုဋိတိုက်များ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ၃-၄-၁၉၉၉ ရက်နေ့မှ စတင်၍ ထီးတော်တင်ပွဲ အထိမ်းအမှတ်အနေဖြင့် လှူဒါန်းသော ကျောက်စိမ်းရုပ်ပွားတော် အပူဇော်ခံထားရှိသောကြောင့် ကျောက်စိမ်း တန်ဆောင်းဟု လူသိများသည်။
၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်းတိုင်းဒဏ်ကြောင့် တန်ဆောင်းရှိ မြန်မာမှုများပျက်စီးခဲ့ခြင်းအား ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် အမိုးဒိုင်းလဲလှယ်ခြင်း၊ ဆွေးမြေ့နေသော ပန်းပြားများလဲလှယ် ခြင်းနှင့် သွပ်ပန်းတဉ်းများ ပြုပြင်တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၂ ခုနှစ်တွင် C M A တန်ဆောင်းသည် နှစ်ကာလကြာမြင့်လာသည့်အခါ မူလတပ်ဆင်ထားသော သွပ်ပန်းများနှင့် ရေတံလျှောက်များ ဆွေးမြေ့ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် အမိုးပိုင်းအမာခံများ ပြုပြင်ခြင်းနှင့် မြန်မာမှု Gold Steel ပန်းများ အသစ်ပြုလုပ်တပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်