ရွှေတိဂုံစေတီတော် လမ်းညွှန်

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရှေးခေတ်စာဆိုတော်များက သီကျူးဖွဲ့ဆိုပူဇော်ခဲ့သည့် ရတု၊ လင်္ကာ၊ တေးထပ်၊ လေးချိုးနှင့် ဆုတောင်းစာများ

” ဒဂုံမွေရှင်၊ သိင်္ဂုတ်တွင်နှိုက်၊ ရှင်ပင်သစ္စာ၊ ပွင့်သောခါဝယ်၊ မြောက်ဌာနလွန်၊ တဖန်ရက်စေ့၊ ပြည့်သည်နေ့နှိုက်၊   ကြုံတွေ့လျှင်းအောင်၊ မြတ်ညီနောင်လျှင်”

န၀ဒေး၏ ဟင်သာ၀တီ ရွှေဒဂုံဘုရားတိုင်ရတု

“သိင်္ဂုတ္တရ၊ ကုန်းလှမြတ်စွာ၊ အမည်မှာမူ၊ သတ္တာဘုမ္မိ၊ ဘူရိဒတ္တ၊ ပေါက္ခရဝတီ၊ သီဟရာဇာ၊ တမ္မာဂုတ္တ၊ တိဂုမ္ဗ(မ္ဘ)ဟု၊ သတ္တနာမံ၊   ကမ္ဗည်းခံ၏ “

ဝန်ကြီးပဒေသရာဇာ၏ ရွှေတိဂုံသမိုင်းဧကပိုဒ်။

“မင်္ဂလာတန်ဆောင်၊ ထိန်ထိန်ပြောင်သား၊ ရွှေညောင်ဗောဓိ၊ တုမယှိနှိုက်၊ တိဘဝထွဋ်၊ သုံးလူနတ်လျှင်၊ မြတ်သယမ္ဘူ၊ ဆုကြီးချူ၍၊  မှောင်မြူတဏှာ၊ ဂဟေကာကို၊ အာဏာပြပြ၊ ကြုံးသံပလျက် ” 

အကြီးတော် ဉီးသံမှို၏ သက္ကရာဇ် ၁၂၅၁ ခုနှစ်တွင် ရေးဖွဲ့ခဲ့သော ရွှေဒိဂုန်စေတီတော် ငှက်မြတ်နားသမိုင်း မော်ကွန်းလင်္ကာ။

“စိန်ဝရုတ္တရအောင်လံ ဂုဏ်တော်တဆောင် ပရမေထင့် ဂဠုန် တဘောင်တွေထွန်းရာက၊ သိင်္ဂုတ္တရတောင်ယံ ရဂုံချောင်တွေ   မြှောင်တွေနှင့် ဒဂုန်အောင်မြေကွန်းမှာတော့၊ ယမုန်သောင် ငွေဝန်းရယ်နှင့်-ကျွန်းမလဲ ကျွန်းမော်ဇမ္ဗူ၊(အိုကွယ်) ကဆုန်   ညောင်ရေသွန်းချိန်မို့ လွမ်းလဲလွမ်းတော်မူ-လေ့” 

သခင်ကိုယ်တော်မှိုင်းက ခရစ်နှစ် ၁၉၃၀ ပြည့်တွင် ငလျင်လှုပ်ခြင်းနှင့် ၁၉၃၁ ခုနှစ်တွင် စေတီတော်ကြီး မီးခခြင်းတို့ကို အကြောင်းပြုရေးဖွဲ့ခဲ့သည့် ရွှေဒဂုန်ဆံတော်ရှင်ဘုရားကြီး တရားမီးပြတော်မူပုံဘွဲ့ လေးချိုးကြီး။

“ရဂုံမှာ အထုံကြွေ့ပါလို့၊ ဒဂုံရွှေ့ မြတ်ဆံ၊ ဝသုန်မြေ့ရပ်ဌာန်ဝယ်၊ သတ္တဘန် ပတ်ကုံး။ တင့်ရွှန်းတဲ့ ပင့်လွန်းညောင်မှာ၊ မြင့်ထွန်းအောင်   ပေးဘွဲ့ဗျာထုံး”

ဆရာဉီးဝေ၏ သုံးချက်ညီတေးထပ်။

“ဖလ်မြေ မှန်မြေ ရံဝေဘိ၊ စံရွှေအတိ ပြည့်ချက်ညှာ။ ဟံဘွေမဟိ စည့်မျက်နှာဝယ်၊ ရှက်ဖြာ ဆက်ကာစကြာမျိုး၊ မီးဓာတ် ညီးလျှပ်   ကြီးမတ်ပြောင်တယ်၊ ထီးဓာတ်တန်ဆောင် မှန်ကင်းထူလို့မိုး “

ဆရာဉီးဝေ၏ သိင်္ဂုတ္တရတောင်တော်ဘွဲ့ သုံးချက်ညီတေးထပ်။

“စက္ကင်္ဂီ-ရွှေဗျာရင့်ပါလို့၊ မဂ္ဂင်္ဂီ-ဇေယာတင့်တယ်၊ သေလာမြင့် တောင်တော်၊ ဘွေညာခွင့် ခေါင်မော်ကို၊ နောင်အဟော်ကပ်လုံး” 

ဉီးကျော်သူရ၏ သိင်္ဂုတ္တရတောင်တော်ဘွဲ့ တေးထပ်ဆန်း။

“ဇမ္ဗူသာလျှင််၊ ဂီဝါရောင်ခြည်၊ ရံဝန်းလည်၍၊ တွင်မည်ဒဂုံ၊ လူနတ်ယုံသည်၊ ကြေးမုံရတနာ၊ မြဆံကြာကို၊ ပန်ထွာရအောင်၊   ယူချေဆောင်မှ၊ ညီနောင်သမုတ် “

နဝဒေး၏ ဟင်သာ၀တီ ဒဂုံဆံတော်ရှင်ဘုရားတိုင်ရတု။

“သပိတ်လေးလုံး၊ လက်နှိပ်ဖုံး၊ တလုံးတည်းဖြစ် ဘယ်နေ့နည်း” 

စွယ်စုံကျော်ထင်ကျမ်းမှထုတ်နုတ်သည့် ရွှေတိဂုံစေတီသမိုင်းဆိုင်ရာ အမေးပုစ္ဆာများ။

“ယမိုက်မှောင်ချွေ၊ တဝေဝေတည့်၊ မီးရေစုံသား၊ ဂုဏ်တော်အားဖြင့်၊ မြတ်ဖျားဇေယျ၊ တိဂုံဘ၏၊ ကေသဆံတော်၊ ကိန်းဝပ်ပျော်သည်၊   အကျော်ထင်ရှား၊ နောင်တော်များ ” 

လယ်တီပဏ္ဍိတ ဉီးမောင်ကြီးရေးဖွဲ့ခဲ့သည့် မဟာဝဇီရမကုဋမင်္ဂလာ စိန်ဖူးတင်ဩဘာရတု။

“တဇေယုံ ချောင်တွေ မြှောင်တွေမြန်းခဲ့ရပါတော့၊ ရေယမုန် သောင်ငွေကမ်းရယ်နှင့်၊ ရွှေဒဂုန်တောင်ခြေခပန်းတွင်မှ ညောင်သပြေပန်း   တွေနှင့် သွန်းသနဲ့ ကသိုဏ်ရေဗြဟ္မစိုရ်၊ (ကွယ်တို့ရယ်) အောင်မြေဘဟန်းဆီသို့ လွန်းရဲ့မှိုင်းရွှေကိုယ် “

ခရစ်နှစ် ၁၉၂၃ ခုနှစ်တွင် အမျိုးသားကောလိပ်ပျက်သွားပြီးနောက် အညာပြန်ပြီး ဘွိုင်းကောက်ဋီကာရေးရင်း ရန်ကုန်ဗဟန်းကို လွမ်းမိပုံ အကြောင်းရေးဖွဲ့ခဲ့သည့် သခင်ကိုယ်တော်မှိုင်း၏ ရွှေဒဂုန်ဘုရားတိုင် လေးချိုးကြီး။

“ဝသုန်တွင်-ဒဂုံစက်ကိုလ၊ ယမုန္နက် ဟီညံ၊ ဗလုံတက် ဒီသံငယ်၊ နရီမှန်မလွဲ။ ဘွေချက်သို့-ခွေလျက်ဆိုင်သည်၊ ရေယက်ပြိုင်-လှိုင်းပွင့်   ပန်းကြဲ”

ဆရာဉီးဝေ၏ သိင်္ဂုတ္တရတောင်တော်ဘွဲ့ သုံးချက်ညီတေးထပ်။

“လျှံဖြာ-မန္ဒာ-ရံကာခ၊ တိုင်းရာမည ကြက်သရေ၊ နှိုင်းစံသင်္က-စက်ရဝေလို၊ တက်နေ-လက်ဝေ-ထက်ဘွေစွန်း၊ မြေဒွန့်ရေညွန့်-ခွေကွန့်   သွယ်တယ်၊ ဟေမဝန့်နယ်-နှာမောင်းညှာတဲ့ကွန်း “

ဆရာမှိန်၏ သိင်္ဂုတ္တရကုန်းတော်ဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်။

“မိုး-ဣန္ဒာ၊ တည်လာ-ဖန်၊ စံရွှေနန်း၊ ရံထွေဆန်း ရစ်သန်း ရေယဉ်သွယ်၊ ငွေမင်ခြယ်၊ ပြင်ကျယ် ပင်လယ်ကမ်း၊ မြင်ဖွယ်လွမ်းလို့-  တမ်းဆိုယောင်ကာ၊ ဟံသာတိုင်းကြီး အောင်ချာမြေ”

ဆရာဉီးပြုံးချို၏ ရွှေတိဂုံစေတီတော်သမိုင်း၊ ပန်းမြိုင် လယ်သို့ လိုက်သော ယိုးဒယားဖိတ်းချားကြီး။

“စူဠာမွေရှင်၊ ကျော်စောထင်သား၊ သုံးခွင်ရပ်သူ၊ နတ်နှင့်လူကို၊ ဆုယူချီးပင့်၊ ဉာဏ်တော်ချင့်၍၊ ရွှေဖြင့်ညီးညီး၊ ရွှေရည်စီးမျှ၊   ဘုန်းမီးရောင်ထွန်း ” 

နဝဒေး၏ ဟင်သာဝတီဆံတော်ရှင် ဘုရားတိုင်ရတု။

“သိင်္ဂုတ္တရေ သခံ ရမ္မေ၊ ဝသန္တာမှေ အဇာနိတွာ။ သာသနံ ဝါသံ ကေသိဉ္စံ၊ ဒန္နာ ဒေါသနာ ဝက္ခိဿံ။ ရမ္မေ၊ နှလုံးမွေ့လျော်၊   ပျော်ဘွယ်ရှိထသော” 

ကျဉ်းကန်ရှင်ကြီး၏ ပဏာမပတ္တနာ ရွှေတိဂုံမြို့ဘွဲ့နှင့်ဆုတောင်း။

“ဧက်ဒွေးအဋ္ဌာ စမ္ပာနှစ်၊ မြန်မာသက္ကရာဇ် ခေတ်ကောဇာ၊ တပေါင်းပုဏ္ဏ နေ့ဗုဒ္ဓါမှာ၊ ပရမေ့ဉက္ကဋ္ဌာ စိန္တေဖျား။ လေးဆူရှင်တော့်   ဓာတုမွေကို၊ ပဏာပြုစေ ထည့်သွင်းနှံခဲ့ထား “

လယ်တီပဏ္ဍိတ ဉီးမောင်ကြီး ၁၂၈၂ တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့၌ ရေးဖွဲ့ခဲ့သည့် စိန်ဖူးတော်တင်ပွဲ ရှစ်ဆယ်ပေါ်တေးထပ်။

“သိပ္ပံကျောင်းကြီးအသေမှာ သပိတ်သွပ်တဲ့ဆွမ်းတွေနှင့်၊ အဓိဋ္ဌာန်ကောင်းချီးဒေသနာ ပရိတ်ရွတ်သနဲ့မန်းခဲ့ပါရဲ့၊ (ဪ) ကျမ်းဟော   တိတ်အမြွက်မှာတော့၊ ဆန်းသောနိမိတ်တွေအတွက်ပေထင့်၊ တခက်ရန်ကုန်မသာ”

သခင်ကိုယ်တော်မှိုင်း ရေးဖွဲ့ခဲ့သည့် ဘဟန်းကောလိပ်သပိတ်သွတ်ပုံနှင့် ရွှေတိဂုံဘုရားတိုင်လေးချိုးကြီး။

“ကိုးဆယ်မှာ-ကိုးသွယ်လှောက်၊ ဖြိုးကယ်မောက်စုံခွင်၊ မိုးနယ်အောက်ဘုံပြင်တွင်၊ ဂုဏ်ဒုရင်နေမီး။ စံထွန်းလို့-ဖန်ညွှန်းလေ၊ ရံဝန်းလို့   သိင်္ဂုတ်တောင့်ထီး” 

ဆရာဉီးဝေ၏ တိဂုံဆံတော်ရှင်ဘွဲ့ သုံးချက်ညီတေးထပ်။

“ကျွန့် ကျွန့် လကျ်ာ မျက်နှာစွန်း၊ ကွန့် ကွန့် ထွန်းလှ တိုင်းဟံသာ၊ ညွန့် ညွန့် ရွှန်းမျှ နှိုင်းစံရာငယ်၊ နတ်နန်း နတ်ရွာ ပမာညွှန်း “

ဆရာမှိန်၏ ရွှေတိဂုံညီနောင်နှစ်ဆူဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်။

“တဖုဿငယ်နှင့်၊ ဘလ္လိကညီနောင်၊ မြတ်ဆံတော်ရှစ်ချောင်း၊ စုပေါင်း၍-ယူခဲ့ဆောင် တန်ခိုးတော်က တောက်လောင်၊ ရွှေရောင်လေ-   ငွေရောင်လေ-မြရောင်ပြိုးပြက်၊ ဉက္ကလာ များစွာဗိုလ်ခြေ ဆက်ပါလို့လေး ” 

မဟာဂီတပေါင်းချုပ်ကျမ်းပါ ရွှေတိဂုံသမိုင်းဘွဲ့။

“တတ်ခေါင်တိုင်၍၊ ရွှေဆိုင်ရွှေနှစ်၊ ရွှေစင်စစ်ကို၊ သီရစ်ပုံပြင်၊ ခန့်စီရင်လျက်၊ ပွတ်တင်မျက်နှာ၊ ဗြဟ္မာဆောင်သွား၊ သိကြားကြိုးပတ်၊   နတ်ကားငင်စေ၊ စူးဆောက်ထွေဖြင့်” 

နဝဒေး၏ ဟင်သာဝတီ ရွှေတိဂုံဘုရားတိုင်ရတု။

“လေနရီ ရေဒီမျှပါတဲ့၊ ဗွေမဟီမြေသီခမှာ၊ စေတီက နိတုံ၊ ကေသီလှတရှိ စုံတယ်၊ ရွှေတိဂုံမြတ်ဖျား ” 

ကင်းဝန်မင်းကြီး၏ ရွှေတိဂုံဘုရား ဘုန်းတော်ဘွဲ့တေးထပ်။

“တိမ်စစ်ဗျူဟာသေနင်္ဂ၊ ဝေဟင်္ဂမ လိမ်ရှုပ်ဆင်၊ မြေပြင်ပဝရ၊ သိင်္ဂုတ်တခွင်မှာ၊ စိတ်မုတ်ဒရင် ရောင်ဝါလျှမ်း၊ စုလစ်မွန်ချွန့် ပြာဿဒ်   ဆောင်မှာ နဝရတ်အရောင် ထိန်ညီးလျှံလို့သန်း “

လယ်တီပဏ္ဍိတ ဉီးမောင်ကြီး ရေးဖွဲ့ခဲ့သည့် ရွှေတိဂုံ စေတီတော် ဘုရားရှင်ဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်။

“လေအဇဋာ ဘွေချာမောက်တွင်မှ၊ ရေဗလဝါ ဧရာဆောက်ပါလို့၊ မြေပထဗျာ သေလာကျောက်ကိုလ၊ ရွှေခနောက် မဏ္ဍိုင်။ ဘူမကိုဋ်   မူသမိုက် ထူအစိုက် ကြံ့ခိုင်တယ်၊ ပျံ့ကြိုင်လှိုင်သတင်း”

ဆရာဉီးဝေ၏ ရွှေတိဂုံစေတီဘွဲ့တေးထပ်ကြီး။

“အစီ-အရီ-နဒီဝိုက်၊ မဟီမဏ္ဍလိုက် မြေနဂိုရ်၊ ဝတီဟံနဂရိုက်-ရွှေဗဟိုဝယ်၊ ခေါင်မို-ရောင်စို-မှောင်ကိုထွင်း” 

ဆရာဉီးဝေ၏ တိဂုံစေတီတော်ဘွဲ့ သုံးချက်ညီတေးထပ်။

“ဂီဝါ-နီလာ-ရီကာတန်း၊ ညီညာရှက်လျှမ်း-ကွက်ဆန်းချယ်၊ ဋီကာလက်သန်း-ထွက်ကျမ်းသွယ်လျှင်၊ ပန်းဘွယ်မှန်းရွယ်   ဆန်းကြယ်တောင်း၊ မြိုင်ရပ်-ဆိုင်ပတ်-ခိုင်ချပ်ရုံတယ်” 

ဆရာမှိန်၏ ရွှေတိဂုံစေတီတော်ဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်။

“ယော ဒီပင်္ကရမူလမှိ၊ ပဒံ ဟတ္ထဂတံ စဇိ။ သမ္မာသမ္ဗောဓိ မာကင်္ခံ၊ ဝန္ဒေ တဿ သိရောရုဟံ “

ပထမသာသနာပိုင် မောင်းထောင်ဆရာတော်၏ တိဂုမ္ဘစေတိယထောမနာကျမ်း။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်