တောထွက်တော်မူခန်း
သက်တော် ၂၉ နှစ် ရောက်သောအခါ အလောင်းတော်မင်းသားသည် အိုခြင်း၊ နာခြင်း၊ သေခြင်း တရားတော်တို့ကို ထိတ်လန့်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုရန် ဓိဋ္ဌာန်တော်မူ၏။
မဟာသက္ကရာဇ် ၉၇ ခုနှစ်၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ ညဉ့်သန်းခေါင်ယံအချိန်တွင် ဆန္နအမတ်ကိုခေါ်၍ ကဏ္ဍကမြင်းတော်ကိုစီးကာ တောထွက်တော်မူ၏။
အနော်မာမြစ်ကမ်းသို့ရောက်သော် တစ်ကိုယ်တည်းကျင့်ကြံအားထုတ်ရန် ရည်သန်၍ မိမိ၏ အဝတ်တန်ဆာများနှင့် ကဏ္ဍကမြင်းကို ဆန္နအမတ်သို့ လွှဲအပ်ပြီး နေပြည်တော်သို့ ပြန်ရန် စေလွှတ်တော်မူ၏။