အဇာတသတ် ကန်တော့ခန်း
ခမည်းတော် ဗိမ္ဗိသာရမင်းကိုသတ်မိသော အဇာတသတ်၏ စိတ်သည် မတည်မငြိမ် ဖြစ်နေသည်။ မိမိ၏စိတ် အေးချမ်း တည်ငြိမ်စေရန်အတွက် အားကိုးရာရှာ၏။
ဆရာဇီဝကသည် တန်ဆောင်းမုန်းလပြည့်ညတွင် ဆင်မယာဉ်သာ ၅၀၀ ကို မောင်းမ ၅၀၀ စီးနင်းစေ၍ အဇာတသတ်ကို ခြံရံစေကာ မြတ်စွာဘုရားထံ ပို့လေ၏။ ၁၂၅၀ သော သံဃာ တို့၏ အလယ်၌ရှိသော မြတ်စွာဘုရားကို ဖူးမြော်ရ၍ သံဃာပရိတ်သတ်၏ ငြိမ်သက်မှုကို ဖူးမြင်ရသည့်အခါ နှစ်သက်ကြည်ညို သဒ္ဓါပိုကာ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့် လေသည်။ မြတ်စွာဘုရား၏ တရားကို နာကြားရသောကြောင့် ဥပသကာအဖြစ် ခံယူ လေ၏။