ရွှေတိဂုံစေတီတော် လမ်းညွှန်

လောကပါလယက္ခမယ်တော်ကြီး
လောကပါလမယ်တော်ကြီးရုပ်တုမှာ ရွှေတိဂုံစေတီမြောက်ဘက် စောင်းတန်းကြီး၏ မုခ်ဉီးထိပ်တွင် ရှိသည်။ ဘုရင်မကြီးရှင်စောပုကဘုရားကို စောင့်ရှောက်ရန် လှူဒါန်းခဲ့သည်ဟု ဆိုကြသည်။ ဘုရင်မကြီး ရှင်စောပု လှူစဉ်က ယက္ခရုပ်(၂)ရုပ် ဘယ်၊ညာတစ်ရုပ်စီ လှူခဲ့သော်လည်း ညာဘက်မှ ရုပ်တုမှာ ပြိုသွား၍ ရုပ်တုနေရာသာ ကျန်ခဲ့သည်။
ယခုရှိသောလောကပါလ မယ်တော်ကြီးရုပ်တုမှာ ဂေါပကအဖွဲ့မှ ပြုပြင်ထားသော ရုပ်တုဖြစ်သည်။ ဆုတောင်းပြည့်သည်ဟူ၍ ကန်တော့ ပွဲများ၊ ဒန်ပေါက်ထုပ်များနှင့် ဖယောင်းတိုင်၊ အမွှေးတိုင်များလှူဒါန်းပြီး ဆုတောင်း ကြသည်။ မိမိမတရားနှိပ်စက်ခံရလျှင် (သို့မဟုတ်) ဘုရား၏ ဘဏ္ဍာ တော်အဖျက်အဆီးခံရသော် တိုင်တည်၍ရသည်။ အတော်အစွမ်း ထက်သည်ဟုဆိုကြ၏။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်