ရွှေတိဂုံစေတီတော် လမ်းညွှန်

နောင်တော်ကြီးစေတီတော်
နောင်တော်ကြီးစေတီတော်သည် ရင်ပြင်တော်အရှေ့မြောက်အရပ် တွင် တည်ရှိပြီး ဉာဏ်တော်အမြင့် (၁၅၀) ပေ (၄၆) မီတာရှိပါသည်။ ဂေါတမဗုဒ္ဓ္ဓ ဘုရားရှင်ထံမှရရှိသော ဆံတော်မြတ်ကို နောင်တော်ကြီး တဖုဿကပင့်ဆောင်၍ တည်ထားပူဇော်ခြင်းကြောင့် နောင်တော်ကြီး စေတီဟု ခေါ်ဝေါ်ကြောင်းသိရပါသည်။
အလောင်းမင်းတရားကြီး၏သားတော် ဒီပဲယင်းမင်း (ကန်တွင်း စည်းခုံဒါယကာ နောင်တော်ကြီး) ခရစ်နှစ် (၁၇၆၀-၆၃)လက်ထက်တွင် လည်းကောင်း၊ ရွှေဘိုမင်းခေါ် သာယာသတီ မင်း၏ နောင်တော်ဖြစ်သော ရတနာပူစတုတ္ထမြို့တည် စစ်ကိုင်းမင်း ခရစ်နှစ်(၁၈၁၉-၃၈) လက်ထက် တွင်လည်းကောင်း ပြန်လည်ပြုပြင် မွမ်းမံခဲ့ပြီး၊ သက္ကရာဇ်(၁၂၃၇)ခုနှစ်တွင် ထီးတော်မှစ၍ ပြိုကျပျက်စီးခဲ့သဖြင့် မော်လမြိုင်မြို့၊ ကတိုးရွာ၊ မှိုင်းလုံးကြီးသစ်တောအုပ်မင်း ဦးမွန်ထော်၊ ဒေါ်ဖွား (ထီးတော်ရုံ တန်ဆောင်းအမ)တို့က ထီးတော်၊ ငှက်မြတ်နားတော်တင်လှူခြင်း၊ အုတ်အင်္ဂတေ မွမ်းမံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ (၁၉၇၅) ခုနှစ်တွင် စေတီတော်ဂေါပကအဖွဲ့က ထီးတော် သစ်တင်လှူ ခဲ့သည်။
ခရစ်နှစ် (၂၀ဝ၀) ပြည့်နှစ်တွင်နိုင်ငံတော်မှ ဦးဆောင်၍ ဘက်စုံ ပြုပြင်မွမ်းမံပြီး ကိုယ်လုံးတော်ပြည့် ကြေးဘောင်ကြေးပြား ကပ်လှူ ပူဇော်ခဲ့သည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်