ရွှေတိဂုံစေတီတော် လမ်းညွှန်

နောင်တော်ကြီးစေတီတော်အနီးရှိ တံခွန်တိုင်

       ရွှေတိဂုံစေတီတော်ရင်ပြင်တော် အရှေ့မြောက်ဘက် နောင်တော်ကြီး စေတီအနီးရှိ တံခွန်တိုင်သည် ၁၃၂၃(၁၉၆၁)ခုနှစ်တွင် အင်းစိန်ခရိုင် ထန်းတပင်မြို့အပိုင် အလိမ်လည်ရေတွင်းကုန်းရွာနေ အမိဒေါ်အေးကို အမှူး ထား၍ ဦးကုလားကြီး+ဒေါ်နှင်းလှ သားသမီးမြေးမြစ်များမှ လှူဒါန်းထားခဲ့ပါ သည်။ နှစ် ၆၀ ကျော်သက်တမ်းရှိ တံခွန်တိုင်ဖြစ်ပါသည်။ ၎င်းတံခွန်တိုင် သည် ဦးဘရီတန်ဆောင်းနှင့် သာယာဝတီမင်းခေါင်းလောင်း တန်ဆောင်းတို့ ကွယ်နေ၍ရင်ပြင်တော်ပေါ်တွင် အလွယ်အကူမမြင်နိုင်ပေ။  နောင်တော်ကြီး စေတီအနီးသို့ရောက်မှသာ ၎င်းတံခွန်တိုင်ကို ထင်ရှားစွာ မြင်တွေ့နိုင်ပါ သည်။ တံခွန်တိုင်သည် အုတ်စီတံခွန်တိုင် အမျိုးအစားဖြစ်ပြီး တံခွန်တိုင် ပတ်လည်ကို ကျောက်စိမ်းပြားများ ကပ်ထားသည်၊ တံခွန်တိုင်ထိပ်တွင် စေတီငယ်တစ်ဆူရှိပြီး စေတီငယ်အောက် ကျောင်းဆောင်တွင် နောင်တော် ကြီးစေတီအား မျက်နှာမူထားသော ရှင်ဥပဂုတ္တရုပ်ပွားတော်ရှိသည်၊ အောက်ခြေတွင် မုခ်ရှစ်ပေါက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော် (၅)ဆူရှိသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်