ရွှေတိဂုံစေတီတော် လမ်းညွှန်

မြောက်ဘက်အာရုံခံမုခ်ဦးဆောင်
မြန်မာသက္ကရာဇ် ၁၂၅၆(၁၈၉၄) ခုနစ်တွင် ဆာဘိုးသာ + ဇနီး လေဒီသာ(ခ) ဒေါ်ရီမိသားစုမှ ဆောက်လုပ်လှူဒါန်းခဲ့သော တန်ဆောင်းဖြစ် ပါသည်။ မျက်နှာကြက် များနှင့်တိုင်လုံးများကို မှန်စီကြိုးခင်း ရွှေချထားပြီး အာရုံခံမုခ်ဦးအတွင်း၌ သစ်သား ပန်းပုများကို ဗုဒ္ဓဝင်ဇာတ်ကွက်အလိုက် ဗုဒ္ဓမြတ်စွာဘုရားကို မာရ်နတ်သမီးတော်များ နှောက်ယှက်ခန်း၊ အာဠာဝက ဘီလူးချွတ်ခန်း၊ ဥမ္မာဒန္တီဇာတ်စသည်ဖြင့် စုံလင်စွာထုလုပ် တပ်ဆင်ထား သော အာရုံခံတန်ဆောင်းကြီးဖြစ်ပါသည်။ တန်ဆောင်းကြီးအတွင်း၌ ဂေါတမ မြတ်စွာဘုရား ကိန်းဝပ်စံပယ်တော်မူပါသည်။
၁၉၃၇ ခုနစ်တွင် မှန်စီရွှေချတိုင်များပျက်စီး၍ ပြန်လည်ပြုပြင်ခဲ့ ပါသည်။ ၂၀၀၅ ခုနှစ် ထာဝရဘက်စုံ တည်ဆောက်ရေးလုပ်ငန်းတွင် မျက်နှာကြက်များ မှန်စီကြိုးခင်း ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် တန်ဆောင်းရှိ အလယ်ပြာဿဒ် ဘုံ ၂ ဆင့်ကျိုးကျခဲ့ခြင်းအား မူလလက်ရာမပျက် ပြန်လည် ပြုပြင်မွမ်းမံခဲ့ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်