ရွှေတိဂုံစေတီတော် လမ်းညွှန်

ပိတုန်းပဒိုင်း တန်ဆောင်း
ရွှေတိဂုံစေတီတော် ရင်ပြင်တော် အရှေ့ဘက် တနင်္လာထောင့်နှင့် အင်္ဂါထောင့်ကြားရှိ တန်ဆောင်းဖြစ်ပါသည်။ မြောက်ဘက်အာရုံခံတန်ဆောင်းကြီးအား ဆောက်လုပ်လှူဒါန်းခဲ့သော ပွဲစားကြီးဆာဘိုးသာမိသားစုမှ လှူဒါန်းခဲ့ပါသည်။ စိန်မပု တန်ဆောင်းဟုလည်း အမည်တွင်ပါသည်။ ရုပ်ပွားတော် ကိန်းဝပ်ရာ ဂန္ဓကုဋိတိုက် အပြင်ပိုင်းတွင် ပိတုန်းရုပ်နှင့် ပဒိုင်းပွင့်များ ရှိသည်။ ထိုရုပ်ပွားတော်ကိုလည်း ပိဒုန်းပိုင်းမိနိဟု ဘွဲ့အမည်တွင်ခဲ့ ပြီး ပိတုန်းပဒိုင်းတန်ဆောင်းဟု လူသိများသည်။
၁၉၉၉ ခုနှစ်တွင် အမိုးပိုင်းကို အသစ်ပြုပြင်ပြီး မြန်မာမှုများတပ်ဆင်ခြင်း၊ အခင်းပြုပြင်ခြင်း၊ ၂၀၁၁ ခုနှစ်တွင် ကြမ်းခင်းပေါလစ်တိုက်ခြင်း၊ ၂၀၁၇ ခုနှစ်တွင် အမိုးပိုင်းအမာခံပြုပြင်ခြင်းနှင့် ၂၀၂၂ ခုနှစ်တွင် ရုပ်ပွား တော်များ အင်္ဂတေပြုပြခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ တန်ဆောင်းအတွင်းရှိ ရုပ်ပွားများနှင့် ပလ္လင်များ အား လုပ်ငန်းစီမံချက်ဖြင့် ၅ နှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်