ရွှေတိဂုံစေတီတော် လမ်းညွှန်

ကဿပမြတ်စွာဘုရား
ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် အာရုံခံတန်ဆောင်းတော်ကြီးအတွင်း သီတင်းသုံးတော် မူလျက်ရှိသော ကဿပမြတ်စွာဘုရားရုပ်ပွားတော်သည် ၁၉၃၁ ခုနှစ် မတ်လ ၆ ရက် မတိုင်မီအထိ ပဉ္စလောဟာ ဘူမိဖဿ အမျိုးအစားဖြစ်သော်လည်း ထိုနေ့တွင် ရွှေတိဂုံစေတီတော် အနောက်ဘက်စောင်းတန်းတော်ကြီး မီးသင့်ရာ၌ ဂန္ဓကုဋီတိုက်အတွင်းရှိ ရုပ်ပွားတော်ပါ မီးထဲပါသွားသဖြင့် “ကျောက်ဆင်းတု” ရုပ်ပွားတော်အသစ်ထုလုပ်၍ ဂန္ဓကုဋီတိုက်အသစ်တွင် ထည့်သွင်းကာ ပူဇော်ထား ရှိခဲ့သည်။
ဘဒ္ဒကမ္ဘာ၌ ဘုရားလေးဆူပွင့်တော်မူခဲ့ပြီးသော ဘုရားလေးဆူတို့တွင် “ကဿပမြတ်စွာဘုရား” သည် တတိယမြောက်ပွင့်တော်မူခဲ့သော ဘုရားဖြစ်သည်။ ရွှေတိဂုံဌာပနာတိုက်တော်၌ ကဿပ မြတ်စွာဘုရား၏ ရေသနုတ်သင်္ကန်းတော်ကို မွေတော်အဖြစ် ဌာပနာထားသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်