ရွှေတိဂုံစေတီတော် လမ်းညွှန်

Pagoda Digital Directory အကောင်အထည်ဖော်ဆောင်ရွက်မှုမှတ်တမ်းများ
ဘုရားစေတီအလိုက် PDD ဆောင်ရွက်ရန် လမ်းညွှန်ခြင်း

၁။ ၅-၉-၂၀၂၃ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ တန်ခိုးကြီးဘုရားစေတီ(၉)ဆူတို့၏ ဂေါပကအဖွဲ့များကို နေပြည်တော်သို့ အစည်းအဝေးခေါ်ယူ၍ ဘုရားတစ်ဆူခြင်းအလိုက် အောက်ပါအချက်အလက်များပါဝင်သော Pagoda Digital Directory ရေးဆွဲကြရန် ညွှန်ကြားပါသည် _
( က ) သက်ဆိုင်ရာဘုရား၊ စေတီ၏ တည်နေရာပြမြေပုံ၊ ဘုရားသမိုင်း၊ သက်ဆိုင်ရာမြို့သမိုင်း၊
( ခ ) လှည့်လည်ဖူးမြော်နိုင်ရန် Tourism လမ်းကြောင်းပြမြေပုံ၊
( ဂ ) သက်ဆိုင်ရာဘုရား၊ စေတီပရိဝုဏ်အတွင်း သွားရောက်ဖူးမြော်ကြည်ညိုလေ့လာရမည့် နေရာများပြသခြင်း၊
( ဃ ) အဆိုပါနေရာတစ်ခုခြင်းစီ၏ အကြောင်းအရာ ရှင်းလင်းပြသခြင်း၊
( င ) မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ကားစည်ပင်မှု အခြေအနေတင်ပြခြင်း၊
( စ ) ၄၅ ဝါပတ်လုံး ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူခဲ့သော တရားဓမ္မများအနက် သိမှတ်၊ လိုက်နာ၊ ကျင့်ကြံ အားထုတ်ရမည့် ဒေသနာတော် အဆုံးအမများ။
( ဆ ) သာသနာပြု မင်းကောင်းမင်းမြတ်များနှင့် ဗုဒ္ဓဘာသာ၀င်ပြည်သူတို့က သက်ဆိုင်ရာ ဘုရား၊ စေတီတော်၊ တန်ဆောင်း၊ ပြဿဒ်၊ ဇရပ်တို့ကို မြန်မာမှုအနုလက်ရာ၊ ပန်းဆယ်မျိုးတို့ဖြင့် ထုံမွှန်းတည်ဆောက် လှူဒါန်းပူဇော် ကိုးကွယ်ခဲ့မှုများကို ကြည်ညိုသဒ္ဓါပွားများ ဂုဏ်တက် စေမည့် ပြကွက်များပြသခြင်း၊
( ဇ ) ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ဗုဒ္ဓသာသနာတော် အရှည်ခန့်၍ တည်တံ့အောင် ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်မှုများ
အပေါ် အမျိုးဂုဏ်၊ ဇာတိဂုဏ် ဖြစ်ပေါ်စေသည့် ပြကွက်များပသခြင်း၊
( ဈ ) The Digital Pagoda Directory ပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဘုရား၊ စေတီများမှ တာဝန်ခံဂေါပကများ၊ ကျွမ်းကျင်သူများ၊ ယခင် တာဝန်ယူဆောင်ရွက်ခဲ့ဖူးသော ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ သက်ဆိုင်ရာမြို့များရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကျွမ်းကျင်သူများ၊ IT ကျွမ်းကျင်သူများဖြင့် စနစ်တကျဖွဲ့စည်းသွားရန်လိုအပ်ခြင်း၊ Directory မူကြမ်းကို အတည်ပြုပြီးပါက Software ဖြင့် Screen တင်သည့်လုပ်ငန်းကို IT ကုမ္ပဏီသို့ အပ်နှံရာတွင်လည်း IT Law ဖြင့် စနစ်တကျစာချုပ်ချုပ်ဆိုခြင်း၊
အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ

၂။ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က Pagoda Digital Directory အား အောက်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ပါသည် –
( က ) ၈-၉-၂၀၂၃ ရက်နေ့တွင် ဂေါပကအဖွဲ့မှ Pagoda Digitat Directory ရေးဆွဲရေးလုပ်ငန်းကော်မတီအား ဖွဲ့စည်းဆောင်ရွက်ပါသည်။
( ခ ) ၁၄-၉-၂၀၂၃ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း
ဂေါပကအဖွဲ့ဝင်များနှင့် အစည်းအဝေးကျင်းပ၍ Pagoda Digitat Directory ရေးဆွဲရေးလုပ်ငန်းများနှင့်ပတ်သက်၍ လမ်းညွှန်မှုများပေး အပ်ခဲ့ပါသည်။
( ဂ ) ၂၇-၉-၂၀၂၃ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တန်ခိုးကြီးဘုရား(၉)ဆူမှ ဂေါပကအဖွဲ့
ဝင်များနှင့် သက်ဆိုင်ရာဌာနများ၊ အိုင်တီနည်းပညာရှင်များနှင့် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။
( ဃ ) ၂၅-၁၀-၂၀၂၃ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တန်ခိုးကြီးဘုရား(၉)ဆူမှ ဂေါပက အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများ၊ အိုင်တီနည်းပညာရှင်များနှင့် ရွှေတိဂုံစေတီတော် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းတွင် ဒုတိယအကြိမ်အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
( င ) ၁၂-၁၁-၂၀၂၃ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦီးလွင်အား ရွှေတိဂုံစေတီတော်ဂေါပက
အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ Shwedagon Pagoda Digital Directory ရေးဆွဲပြီးစီးမှုအခြေအနေများအားတင်ပြ၍ လမ်းညွှန်မှုခံယူခဲ့ပါ သည်။

၁၂-၁၁-၂၀၂၃ ၊ ပြည်ထောင်စုဝန်ကြီး ညှိနှိုင်းအစည်းအဝေး

၂၇-၉-၂၀၂၃ ၊ ဒုတိယဝန်ကြီး ညှိနှိုင်းအစည်းအဝေး

၂၅-၁၀-၂၀၂၃၊ ဒုတိယဝန်ကြီး ညှိနှိုင်းအစည်းအဝေး

PagodaDigitalDirectory(Offline)ဆိုင်ရာအချက်အလက်များ လွှဲပြောင်းပေးအပ်လက်ခံပွဲအခမ်းအနား

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်