ရွှေတိဂုံစေတီတော် လမ်းညွှန်

သာယာဝတီမင်းခေါင်းလောင်း
သာယာဝတီမင်းခေါင်းလောင်းသည် ရွှေတိဂုံစေတီတော် တနင်္ဂနွေအရပ်တွင် ရှိသည်။ သာယာဝတီမင်းသည် ရွှေတိဂုံစေတီတော်သို့ ၃-၁၀-၁၈၄၁ တွင် တက်ရောက် ဖူးမြော်သည်။ ရန်ကုန်တွင် စိုးစံရင်း ခေါင်းလောင်းကြီးကို သွန်းလောင်းစေသည်။
၂၂-၁-၁၈၄၂ တွင် အမရပူရသို့ ပြန်ကြွသွားသော်လည်း ခေါင်းလောင်းကြီးကို လူယုံများဖြင့် ဆက်လက်သွန်းလောင်းစေသည်။
၁၉-၂-၁၈၄၃ တွင် သာယာဝတီမင်းကိုယ်စား အသည်ဝန်မဟာစည်သူနှင့် ပန်းတဉ်းဝန်တို့က ရွှေတိဂုံစေတီတော်သို့ ကပ်လှူခဲ့သည်။
ဘွဲ့တော်အမည် – မဟာတိသဒ္ဒဃဏ္ဏ
အလေးချိန် – ၂၅၄၄၀ ပိဿာ (၄၂) တန်
အမြင့် – ၈ ပေ ၆ လက်မ
အကျယ် – ၇ ပေ ၈ လက်မ
ခေါင်းလောင်းတိုင်ရှိပဉ္စရူပအမြင့် – ၉ ပေ ၁ လက်မ

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်