ရွှေတိဂုံစေတီတော် လမ်းညွှန်

ပြည်တော်ပြန်ဘုရား
ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ပြည်တော်ပြန်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူ ရှိပါသည်။ တစ်ဆူမှာ တနင်္ဂနွေထောင့်နှင့် ကျန်တစ်ဆူမှာ အင်္ဂါထောင့်တွင် ရှိပါသည်။
(၁) တနင်္ဂနွေထောင့်ရှိ ပြည်တော်ပြန်ရုပ်ပွားတော်မှာ ၁၂၆၉ တွင် ခနောင် တိုနေ ဦးသုခ+ဒေါ်မိ တို့လှူဒါန်းထားသော တန်ဆောင်း အတွင်းရှိပါသည်။ တန်ဆောင်းသည် အုတ်ပြဿဒ် ကိုငုံ၍ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ဗြတိသျှကိုလိုနီခေတ်က တန်ဆောင်းအတွင်းမှ အင်္ဂလန်သို့ ယူဆောင်သွားရာမှ မြန်မာ ပြည်သို့ပြန်လည်ရောက်ရှိလာသဖြင့် ပြည်တော်ပြန်ဗုဒ္ဓ ရုပ်ပွား တော်အဖြစ် အမည်တွင်လာခြင်း ဖြစ်ပါသည်။
(၂) အင်္ဂါထောင့်ရှိ ပြည်တော်ပြန်ဗုဒ္ဓရုပ်ပွားတော်မှာ အညာဆန် သင်္ဘောပေါ်တွင် ထမင်းရောင်းသူ ဦးချိန်ကန်+ဒေါ်ကြည်တို့၏ ကောင်းမှုဖြစ်ပါ သည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်