ရွှေတိဂုံစေတီတော် လမ်းညွှန်

ဆယ်တော်မူဘုရား
ဆယ်တော်မူဗုဒ္ဓရုပ်ပွားတော်သည် အင်္ဂါထောင့်အရပ် ဦးမောင်ကြီး တန်ဆောင်းအတွင်း သီတင်းသုံးတော်မူသည်။ တိုင်းရင်းဆေးဆရာကြီး ဆရာမြိုင်လှူဒါန်းသော ရုပ်ပွားတော်ဖြစ်သည်။
ယခင်က ဆယ်တော်မူရုပ်ပွားတော်သည် လက်ညှိုးတော်ရေကျ ဘုရားဘေးရှိ လူတစ်ကိုယ်စာ ဝင်ပေါက်မှ ခန္ဓာကိုယ် စောင်းဝင်ရသော နေရာတွင်ရှိသည်။
အဓိဋ္ဌာန်ဝင်သူများ ဆုတောင်းပြည့်သဖြင့် လူသိများလာသော အခါ မူလနေရာမှာ လူတစ်ယောက်သာ ဝင်ရောက်ဖူးမြော်နိုင်သော နေရာဖြစ်၍၊ လူအများဖူးမြော်နိုင်ရန် ဦးမောင်ကြီး တန်ဆောင်းအတွင်းသို့ ပြောင်းရွှေ့ကာ ပူဇော်ပေးထားသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်