ရွှေတိဂုံစေတီတော် လမ်းညွှန်

ရှင်အဇ္ဇဂေါဏဘုရား
နောင်တော်ကြီးဘုရား၏ တောင်ဘက် အာရုံခံတန်ဆောင်းတွင် ရှင်အဇ္ဇဂေါဏ၏ ရုပ်ထုတော် တည်ရှိပါသည်။ ပုဂံခေတ်အခါ၌ မထေရ်မြတ် သည် ကြေးသတ္တုမှ ရွှေဖြစ်စေပြီး၊ လူအများအတွက် ရွှေမိုးငွေမိုး ရွာသွန်း ပေးသည်ဟုဆိုပါသည်။ ရုပ်ထုတော်၏ထူးခြားချက်မှာ မျက်လုံးတော်များ အရွယ်ပမာဏ မတူညီခြင်းဖြစ်ပါသည်။ အကြောင်းရင်းမှာ မထေရ်မြတ်သည် မမြင်ရသော မျက်လုံးတော်များကို အံဘွယ်အစွမ်းဖြင့် ဆိတ်နှင့်နွားတို့၏ မျက်လုံးများဖြင့် အစားထိုးတပ်ဆင်ခဲ့သောကြောင့် ဟုဆိုကြပါသည်။ (အံ့ဖွယ်ကိုးပါးတွင်ပါဝင်သည့် အံ့ဖွယ်အမှတ်(၅)ဖြစ်ပါသည်)

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်