ရွှေတိဂုံစေတီတော် လမ်းညွှန်

ရွှေတိဂုံဘိုးဘိုးကြီး
ရွှေတိဂုံဘိုးဘိုးကြီးရုပ်တုသည် ဘိုးသိကြားမင်းရုပ်တုနှင့်အတူ ရင်ပြင်တော် အနောက်တောင် (စနေထောင့်)တွင် သီးခြားအဆောင်နှင့် ရှိသည်။ ဘိုးဘိုးကြီးမှာ အမြိဿခေါ် မှော်ဘီနတ်ကြီးပင်ဖြစ်သည်။ သူသည် ကမ္ဘာတည် သရွေ့ပတ်လုံး ဘုရားရှင်တို့၏ ဓါတ်တော် မွေတော်များကို စောင့်ရှောက်ရန် တာဝန်ရှိသည်။ ရွှေတိဂုံဘိုးဘိုးကြီးမှာ ဆုတောင်းပြည့်သည် ဟူ၍ ပုဆိုး၊ ပဝါများ၊ ကန်တော့ပွဲများ၊ အမွှေးတိုင်၊ ဖယောင်းတိုင်များဖြင့် ပူဇော်ဆုတောင်းကြသည်။ ရွှေတိဂုံသို့ ရှင်လောင်းများလှည့်လည်ရာတွင် ရွှေတိဂုံဘိုးဘိုးကြီး၌ ကန်တော့ပွဲ တင်၍ ရှင်လောင်းများ ပြကြသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်