ရွှေတိဂုံစေတီတော် လမ်းညွှန်

စဥ့်ကူးမင်းခေါင်းလောင်း
စဉ့်ကူးမင်းခေါင်းလောင်းသည် ရွှေတိဂုံစေတီတော် ရာဟုထောင့်တွင် ရှိသည်။ စဉ့်ကူးမင်း ခေါင်းလောင်းကို ရွှေ၊ ငွေ၊ ကြေး၊ ခဲ၊ သံ သတ္ထုငါးမျိုးဖြင့် ပေါင်းစပ်သွန်းလုပ်ထားသည်။ ပဉ္စလောဟာ ငါးမျိုးစပ် ခေါင်းလောင်းဖြစ်သည်။
သာယာဝတီမင်းကစတင်သွန်းလောင်းခဲ့သော်လည်း ခေါင်းလောင်းမပြီးမီ နတ်ရွာစံသဖြင့် သားတော် စဉ့်ကူးမင်းက ဆက်လက်သွန်းလုပ်စေခဲ့ပြီး ၁၇၇၈ တွင် ရွှေတိဂုံစေတီတော်သို့ ကပ်လှူ ခဲ့သည်။
အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသောအခါ စဉ့်ကူးမင်း ခေါင်းလောင်းကို အင်္ဂလန်သို့ သယ်ယူရာ ရန်ကုန်မြစ်ထဲ ပြုတ်ကျသော်လည်း ပြန်ဆယ်၍မရပဲ ခေါင်းလောင်းဆုံးရှုံးခဲ့သည်။ မြန်မာတို့က မြန်မာ့နည်း မြန့်မာဟန်ဖြင့် ပြန်လည်ဆယ်ယူရာရရှိပြီး ၁၈၂၆ တွင် ယခုတန်ဆောင်း နေရာတွင် ထားလိုက်သည်။ စဉ့်ကူးမင်းခေါင်းလောင်းထားသော တန်ဆောင်း၏ မူလ အလှူရှင်မှာ ဦးဘိုးကြီး+ဒေါ်ကြီး ဖြစ်သည်။
အလေးချိန် – ၁၅၅၅၅ ပိဿာ ( ၂၄ )တန်
အကျယ် – ၆ ပေ ၉ လက်မ
အမြင့် – ၇ ပေ ၈ လက်မ ရှိသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်