ရွှေတိဂုံစေတီတော် လမ်းညွှန်

တောင်ဘက်အာရုံခံမုခ်ဦးဆောင်
ရွှေတိဂုံစေတီတော် ရင်ပြင်တော်တောင်ဘက်ရှိ တောင်ဘက် အာရုံခံတန်ဆောင်းကြီး၏ မွမ်းမံအလှူရှင်မှာ ဦးဘရီ+ဒေါ်သန်းမေ မိသားစု ဖြစ်ပါသည်။ ဘုံဆောင် ပြာဿဒ်ရှိ သစ်သားပန်းများ၊ မျက်နှာကြက်၊ တိုင်လုံး များနှင့် လင်နို့တောင်ပန်းများကို ရွှေပိန်းချကပ်ထားသော အာရုံခံ တန်ဆောင်းကြီး ဖြစ်ပါသည်။ တန်ဆောင်းကြီးအတွင်း၌ ကောဏဂမန မြတ်စွာဘုရား ကိန်းဝပ်စံပယ်တော်မူပါသည်။
၂၀၀၅ ခုနှစ် ဘက်စုံစီမံကိန်းတွင် မျက်နှာကြက် ၂ ထပ် ဖောင်း‌ ကြွေပြားပန်းများ တပ်ဆင်ခဲ့ပါသည်။ ၂၀၀၈ ခုနစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် တန်ဆောင်းရှိ အလယ်ပြာသာဒ်ဆောင်ထုပိကာ တွဲလဲ ကျခြင်းနှင့် အရံပြာသာဒ်ဆောင်များရှိ ထုပိကာများ တိမ်းစောင်းခဲ့ခြင်းအား ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်