ရွှေတိဂုံစေတီတော် လမ်းညွှန်

တနင်္ဂနွေထောင့် တံခွန်တိုင်(၁)

       ရွှေတိဂုံစေတီတော် ရင်ပြင်တော်တနင်္ဂနွေထောင့် မင်းတုန်းမင်း ထီးတော်ပုံစေတီ အနောက်တောင်ဘက်ရှိ တံခွန်တိုင်သည် မြန်မာသက္ကရာဇ် ၁၂၄၁(၁၈၇၉)ခုနှစ်ခန့်တွင် စတင်လှူဒါန်းထားခဲ့ပြီး နှစ် ၁၄၄ ခန့်သက်တမ်းရှိ တံခွန်တိုင်ဖြစ်ပါသည်။ တံခွန်တိုင်သည် အုတ်စီတံခွန်တိုင် အမျိုးအစားဖြစ်ပါ သည်။ တိုင်ထိပ်တွင် (၇)ဘုံဆင့်အုတ်ပြာဿဒ်ရှိသည်၊ အောက်ခြေတွင် မုခ်ရှစ်ပေါက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်(၈)ဆူရှိပါသည်၊ ရင်ပြင်တော်ပေါ်ရှိ တံခွန် တိုင်အားလုံးတွင် အမြင့်ဆုံးဖြစ်ခြင်း၊ တိုင်လုံးနှင့် တိုင်အမြင့် အချိုးညီခြင်း တို့ကြောင့် ရှေးဟောင်းမှတ်တမ်းဝင်သော တံခွန်တိုင်ဖြစ်ပါ သည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်