ရွှေတိဂုံစေတီတော် လမ်းညွှန်

တနင်္ဂနွေထောင့် တံခွန်တိုင်(၂)

       ရွှေတိဂုံစေတီတော် ရင်ပြင်တော်တနင်္ဂနွေထောင့် မင်းတုန်းမင်း ထီးတော်ပုံစေတီ အနောက်မြောက်ဘက်ရှိ တံခွန်တိုင်သည် မြန်မာသက္ကရာဇ် ၁၃၁၅(၁၉၅၃) ခုနှစ်တွင် ရွှေခေါင်းလောင်းကြီး တန်ဆောင်းဒါယကာ ရန်ကုန်မြို့ အထက်ပုဇွန်တောင်နေ ဒေါက်တာဦးညို+ဇနီး ဒေါ်ညွန့်တို့မှ လှူဒါန်း ထားခဲ့ပါသည်။ နှစ် ၇၀ ခန့်သက်တမ်းရှိ တံခွန်တိုင်ဖြစ်ပါသည်။ ယခင်က သစ်သားတံခွန်တိုင်ဖြစ်ပြီး ၂၆-၁၀-၁၉၆၃ ရက်နေ့တွင် လေပြင်းခ၍ ပျက်စီးခဲ့ကြောင်း ယခင်မှတ်တမ်းများအရ သိရှိရပါသည်။ တံခွန်တိုင်သည် အုတ်စီတံခွန်တိုင် အမျိုးအစားဖြစ်ပါသည်။ တိုင်ထိပ်တွင် စေတီငယ်တစ်ဆူ ရှိသည်၊ အောက်ခြေသည် လေးထောင့်ခိုနန်းကြိုး ပလ္လင်ပုံဖြစ်သည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်