ရွှေတိဂုံစေတီတော် လမ်းညွှန်

တံခွန်တိုင်များ

တံခွန်တိုင်များအား မြန်မာနိုင်ငံအတွင်းရှိ စေတီ၊ ပုထိုးများတွင် အလွယ်တကူမြင်တွေ့နိုင်ပါ သည်၊ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် စေတီပုထိုးများ တည်ထားကိုးကွယ်ကြသည့်အခါ တံခွန်တိုင်များပါ ပူးတွဲလှူဒါန်းလေ့ရှိသည်။ တံခွန်တိုင်များ၏ အစောဆုံးကာလအား ခန့်မှန်းရာတွင် အိန္ဒိယပြည် ဆန်ချီစေတီတော်ကြီးအနီးမှ အသောကမင်းကြီး၏ ကမ္ပည်းကျောက်စာတိုင်သည် အစဖြစ်လိမ့်မည်ဟု ယူဆကြ ပါသည်။
တံခွန်တိုင်၏အင်္ဂါရပ်များတွင် တိုင်အောက်ပိုင်းနှင့် တံခွန်တိုင်ထိပ်ပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားသိမြင် နိုင်ပါသည်။ တံခွန်တိုင်၏ ထိပ်ဖျား ပိုင်းတွင် ဟင်္သာရုပ်၊ စေတီပုံ စသည်တို့ပါရှိ၍ အများအားဖြင့် တံခွန်တိုင်ထိပ်ရှိ ဟင်္ဿာရုပ်၏နုတ်သီးမှ တံခွန်တိုင်လုံးများအား ချိတ်ဆွဲပူဇော် ထားလေ့ရှိပါသည်။ တံခွန်တိုင်၏အောက်ပိုင်းတွင် တိုင်လုံးအား စိုက်ထူထားလေ့ရှိသည်။ ဟင်္သာရုပ်မပါရှိသော တံခွန်တိုင်များတွင် တိုင်ထိပ်ပိုင်းမှ တံခွန်လုံးပူဇော်လှူဒါန်းနိုင်ရန် သံချိတ်၊ သံကွင်းများ တပ်ဆင်ထားလေ့ရှိပါသည်။ မြင့်မားသော တံခွန်တိုင်ထိပ်သို့ တံခွန်လုံး၊ ကုက္ကားများ အလွယ်တကူ ချိတ်ဆွဲပူဇော်လှူဒါန်းနိုင်ရန် ကြိုး (သို့မဟုတ်) သံကြိုး များအား စက်သီးဖြင့် တပ်ဆင်ထားလေ့ရှိပါသည်။
       တံခွန်တိုင်များအား သစ်သားတိုင်၊ အုတ်စီတိုင်၊ ကွန်ကရစ်တိုင်များဖြင့် အမျိုးမျိုးတွေ့မြင်နိုင်ပါသည်၊ သစ်သားတံခွန်တိုင်များတွင် တံခွန်တိုင်အား ခိုင်မြဲစေရန် အောက်ခြေ၌ အကူတိုင်များဖြင့်ရံ၍ စိုက်ထူလေ့ရှိပြီး အုတ် (သို့မဟုတ်) ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော တံခွန်တိုင် များတွင်လည်း တိုင်ခြေတွင် တိုင်ခွါများ၊ ပလ္လင်များ၊ ခုံတုံးများဖြင့် တည်ဆောက်လေ့ရှိပါသည်။ တိုင်အား မြန်မာမှုလက်ရာများဖြင့် မွမ်းမံပြုလုပ်၍ ဆေးသုတ်ဆေးချယ်ခြင်းများ ပြုလုပ်ကြပါသည်။
၁၉၆၉ ခုနှစ်တွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ တံခွန်တိုင်ပေါင်း ၁၀ ခုရှိကြောင်း သိရှိရပါသည်။ တံခွန်တိုင်များ၏ ဓာတ်ပုံ မှတ်တမ်းများအား ရွှေတိဂုံစေတီတော် ရင်ပြင်ရာဟုထောင့်ရှိ ဓာတ်ပုံပြခန်းတွင် လေ့လာနိုင်ပါသည်။ ယခုလက်ရှိတွင် ရွှေတိဂုံစေတီတော် မြတ်ကြီး၌ တံခွန်တိုင် ၄ ခုသာ ကျန်ရှိတော့သည်။

အင်္ဂါထောင့်တံခွန်တိုင်

နောင်တော်ကြီးစေတီနီး တံခွန်တိုင်

တနင်္ဂနွေထောင့်တံခွန်တိုင် (၁)

တနင်္ဂနွေထောင့်တံခွန်တိုင် (၂)

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်