ရွှေတိဂုံစေတီတော် လမ်းညွှန်

ဗုဒ္ဓ၏ အဆုံးအမတော်များ

ဓမ္မတရားတို့မှာ စိတ်သာရှေ့သွားခေါင်းဆောင် ဖြစ်ကုန်၏။ စိတ်သာ အကြီး အမှူး ဦးစီးဖြစ်ကုန်၏။ စိတ်အတိုင်းဖြစ်ကုန်၏။ မကောင်းစိတ်ဖြင့် ပြောဆိုပြုလုပ် ကြံစည်သူ ၏နောက်သို့ (လှည်းဘီးသည်ဝန်ဆောင်နွား၏ ခြေရာသို့အစဉ်လိုက်သကဲ့ သို့) ဆင်းရဲဒုက္ခ လိုက်လေသည်။

ယမကဝဂ်၊ ဓမ္မပဒ

လောက၌ရန်တုံ့မူသဖြင့် ရန်တို့သည် တစ်ရံတစ်ဆစ်မျှ မပျောက်ကုန်၊ ရန်တုံ့ မမူသဖြင့်သာလျှင် ရန်တို့သည် ပျောက်ငြိမ်းကုန်၏။ ဤသို့ ရန်မလိုမှ ရန်ပြိုခြင်းသည် ရှေးရှေး၌ဖြစ်သော သဘောတံထွာ ဓမ္မတာပင်တည်း။

ယမကဝဂ်၊ ဓမ္မပဒ

ဓမ္မတရားတို့မှာ စိတ်သာရှေ့သွားခေါင်းဆောင်ဖြစ်ကုန်၏။ စိတ်သာအကြီး အမှူးဦးစီးဖြစ်ကုန်၏။ စိတ်အတိုင်းဖြစ်ကုန်၏။ ကောင်းသောစိတ်ဖြင့် ပြောဆိုပြုလုပ် ကြံစည်သူ၏နောက်သို့ (အရိပ်သည်အစဉ်လိုက်သကဲ့သို့) ချမ်းသာသုခအစဉ်လိုက်လေ သည်။

ယမကဝဂ်၊ ဓမ္မပဒ

သူမိုက်တို့သည် ဤလောက၌ မိမိတို့အမြဲမနေ သေရဦးမည်ကို မအောင့်မေ့ မဆင်ခြင်ဘဲ ခိုက်ရန်ဖြစ်ပွားကြကုန်၏။ ပညာရှိတို့ကား ဤလောက၌ မိမိတို့အမြဲမနေ သေရဦးမည်ကို အောက်မေ့ဆင်ခြင်လျက် ခိုက်ရန်ငြိမ်းအောင် ပြုကြကုန်၏။

ယမကဝဂ်၊ ဓမ္မပဒ

ဤသူသည် ငါ့ကို ဆဲရေး၏။ ငါ့ကို ညဉ်းဆဲ၏။ ငါ့ကို အနိုင်ကျင့်၏။ ငါ့ဥစ္စာကို ယူ၏ဟု စိတ်၌ အမျက်ထားလျက် ရန်ငြိုးဖွဲ့သော သူတို့မှာ ရန်မငြိမ်းချေ။

ဤသူသည် ငါ့ကို ဆဲရေး၏။ ငါ့ကို ညဉ်းဆဲ၏။ ငါ့ကို အနိုင်ကျင့်၏။ ငါ့ဥစ္စာကို ယူ၏ဟု စိတ်၌ အမျက်မထား၊ ရန်ငြိုးမဖွဲ့သော သူတို့မှာ ရန်ငြိမ်းလေ၏။

ယမကဝဂ်၊ ဓမ္မပဒ

တင့်တယ်သော အာရုံကို အဖန်တလဲလဲရှုလေ့ရှိသော ဣန္ဒြေကို မစောင့်စည်း သော၊ အစာအာဟာရ၌ အတိုင်းအရှည်ကို မသိသော၊ ပျင်းရိ၍လုံ့လမရှိသောသူကို (လေမုန်တိုင်း သည် အားနည်းသောသစ်ပင်ကို လှဲသကဲ့သို့) ကိလေသာမာရ် ကိုယ်တွင်း ရန်သည် နှိပ်စက် ဖျက်ဆီးလေ၏။

မတင့်တယ်မှုကို အဖန်တလဲလဲ ရှုလေ့ရှိသော ဣန္ဒြာကို စောင့်စည်းသော၊ အစာ အာဟာရ၌ အတိုင်းအရှည်ကို သိသော၊ ယုံကြည်မှုနှင့် လုံ့လရှိသောသူကို (လေပြည် လေညင်းသည် ကျောက်တောင်ကိုမလှဲနိုင်သကဲ့သို့) ကိလေသာမာရ် ကိုယ်တွင်းရန်သည် မနှိပ်စက် မဖျက်ဆီးနိုင်ချေ။

ယမကဝဂ်၊ ဓမ္မပဒ

oယမကဝဂ်၊ ဓမ္မပဒ

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်