ရွှေတိဂုံစေတီတော် လမ်းညွှန်

စေတီတော်ရင်ပြင်တွင် ရေးထိုးထားသည့် မြတ်ဗုဒ္ဓ၏ အဆုံးအမများ

မကောင်းမှုဟူသမျှကို မပြုလုပ်စေရာ။
ကောင်းမှုဟူသမျှကို ပြုလုပ်စေရာ၏။
မိမိစိတ်ကို သန့်ရှင်းစေရာ၏။

ပုထုဇဉ် သူမြတ်တို့ မွေ့လျော်ရာ ဒုစရိုက်ကင်းစင်သည့်မြင့်မြတ်သောသာသနာ့နယ်မြေ

“ဒုစရိုက်တရားဟူသော စကားရပ်တွင် ဘာသာရေးနှင့် မအပ်စပ်သည်သာမကသဘောသဘာဝခြင်းလည်း ခြားနားဆန့်ကျင်သော ကာယဝစီ မနောချီသည့်အလုပ်သုံးပါးလုံး အကြုံးဝင်သည်”

ချမ်းသာရရန်ချမ်းသာအရင်းခံ

တိက္ထိပရိဗိုဇ်များက ရှင်ဂေါတမအား ချမ်းသာသုခရရှိရန် ဘာကို အရင်းတည်ရမည်နည်းဟု မေးကြသည်။ မြတ်စွာဘုရားရှင်က ချမ်းသာသုခရရှိဖို့ရ် ချမ်းသာသုခကိုပင် အရင်းတည်ရစေမည်။ ဤကဲ့သို့ ချမ်းသာသုခကို အရင်းတည်မှသာလျှင် တစ်ဆင့်ထက်တစ်ဆင့်မြင့်သော ချမ်းသာသုခကို ရရှိခံစားနိုင်မည်ဟု ဖြေဆိုတော်မူသည်။ ထိုစကား၏ ပထမဈာန်ချမ်းသာကို အရင်းခံ၍ ဒုတိယဈာန်ချမ်းသာကို အရယူနိုင်သည်။ ဒုတိယဈာန်ချမ်းသာကို အရင်းတည်၍ တတိယဈာန်ချမ်းသာကို ရနိုင်သည်။ တတိယဈာန်ချမ်းသာကို အရင်းတည်၍ စတုတ္ထဈာန်ချမ်းသာကို ရရှိခံစားနိုင်မည်။

ဗုဒ္ဓဘာသာလက်စွဲကျမ်း-ဒုတိယတွဲ

ပါရမီ (၁၀)ပါး

မြင့်မြတ်သူတို့ ကျင့်အပ်၍ နိဗ္ဗာန်ရောက်စေတတ်သော ကုသိုလ်တရားစုများ
၁။ ဒါနပါရမီ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း

၂။ သီလပါရမီ အားထုတ်၍ စောင့်စည်းခြင်း

၃။ နေက္ခမ္မပါရမီ စွန့်ခွါ၍ ကျွတ်လွတ်ခြင်း

၄။ ပညာပါရမီ ဟုတ်မှန်စွာ အမှန်ကိုသိမြင်ခြင်း

၅။ ဝီရိယပါရမီ သက်စွန်ကြိုးပမ်း အားထုတ်ခြင်း

၆။ ခန္တီပါရမီ မယိမ်းမယိုင် သည်းခံနိုင်ခြင်း

၇။ သစ္စာပါရမီ ဖြောင့်မတ်စွာ အမှန်ကိုဆိုခြင်း

၈။ အဓိဌာန်ပါရမီ မဖြစ်မနေ ဇွဲကောင်းခြင်း

၉။ မေတ္တာပါရမီ တွေ့မြင်သမျှ ချမ်းသာစေခြင်း

၁၀။ ဥပေက္ခာပါရမီ ချီးမြောက်ရှုံချနှစ်ဌာန၌ လျစ်လျူရှုခြင်း

ဂေါပကအဖွဲ့ (၁၂.၂.၉၈)

ဗောဓိဉာဏ်၏ အင်္ဂါ (၇)ပါး

၁။ သတိ သ‌မ္ဗောဇ္စျင် – ဖြစ်ပေါ်လာသမျှ ရုပ်နာမ်သင်္ခါရတို့ကိုမလစ်လပ်အောင် မလွတ်တမ်း ရှုမှတ်တတ်သော သတိ။

၂။ ဓမ္မဝိဇယ သ‌မ္ဗောဇ္စျင် – သန့်ရှင်းကြည်လင်သော ဉာဏ်ပညာ။

၃။ ဝိရိယ သ‌မ္ဗောဇ္စျင် – တက်တက်ကြွကြွ အရှိန်ကောင်းနေသော
ဝိရိယ။

၄။ ပီတိ သ‌မ္ဗောဇ္စျင် – ရွှင်လန်းကြည်လင်နှစ်သက်သော ပီတိ။

၅။ ပဿဒ္ဓိ သ‌မ္ဗောဇ္စျင် – ငြိမ်သက်အေးချမ်းမှု ပဿဒ္ဓိ။

၆။ သမာဓိ သ‌မ္ဗောဇ္စျင် – မလှုပ်မယှက်တည်ငြိမ် စူးစိုက်မှု သမာဓိ။

၇။ ဥပေက္ခာ သ‌မ္ဗောဇ္စျင် – ပကတိအတိုင်း တည်ရှိမှုကို ဥပေက္ခာပြုရန်။

ဗုဒ္ဓဘာသာလက်စွဲကျမ်း- ပထမတွဲ

၁။ ဌာန ဌာန ကောသလ္လဉာဏ်တော် – အကြောင်းဟုတ်မဟုတ်ကို သိသော ဉာဏ်။

၂။ ဝိပါက ဉာဏ်တော် – ကောင်းကျိုး မကောင်းကျိုးကို သိသော ဉာဏ်။

၃။ သဗ္ဗတ္ထဂါမိနီပဋိပဒါဉာဏ်တော် – သတ္တဝါတို့ လားရာ ရောက်ရာကို သိသော ဉာဏ်။

၄။ အနေကဓာတုနာ နာဓာတုဉာဏ်တော် – အထူးထူးသော ဓါတ်သဘောတို့ကို သိသော ဉာဏ်။

၅။ နာ နာဓိမုတ္တိဉာဏ် – အလိုဆန္ဒအားလုံးကို သိသော ဉာဏ်။

၆။ ဣန္ဒြိယပရော ပရိယတ္တဉာဏ် – သတ္တဝါတို့၏ ဣန္ဒြိအနုအရင့်ကို သိသော ဉာဏ်။

၇။ စျာနဝိမောက္ခသမာဓိသမာပတ္တိဉာဏ် – ညစ်ညူးကြောင်းကို သိသော ဉာဏ်တော်။

၈။ ပုဗ္ဇေနိဝါသာနုဿတိဉာဏ် – ရှေ့ဖြစ်ဟောင်း ဘ၀ခန္ဓာအစဉ်ကို သိသော ဉာဏ်။

၉။ ဒိဗ္ဗစက္ခုဉာဏ် – သတ္တဝါတို့၏ စုတေခြင်း၊ ပဋိသန္ဓေနေခြင်းတို့ကို သိသောဉာဏ်။

၁၀။ အာသဝက္ခယဉာဏ် – အာသဝေါတရားတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော ဉာဏ်။

၁၁။ အာသယာနုသယဉာဏ်တော် – နှလုံးသွင်းဓါတ်ခံကို သိသောဉာဏ်။

၁၂။ ယမကပါဋိဟာရိယဉာဏ် – ရေမီးအစုံအစုံတန်ခိုး ပြာဋိဟာ ပြနိုင်သော ဉာဏ်။

၁၃။ မဟာဂရုဏာသမာပတ္တိဉာဏ် – ဒုက္ခိတသတ္တဝါတို့ကို ကြီးစွာသော သနားကြင်နာမှုနှင့် ယှဉ်သော ဉာဏ်။

၁၄။ သဗ္ဗညုတဉာဏ် – အလုံးစုံကို သိမြင်သော ဉာဏ်။

၁၅။ အနာဝရဏဉာဏ် – အပိတ်အပင် အတားအဆီးမရှိ ဖောက်ထွင်းသိမြင်သော ဉာဏ်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်