ရွှေတိဂုံစေတီတော် လမ်းညွှန်

သွေးဆေးကန်

ရွှေတိဂုံစေတီတော်သမိုင်းနှင့် ဆက်စပ်လျက်ရှိသော သွေးဆေးကန် သည် မြောက်ဘက်မုခ်ဦး အတက်၊ ညာဘက်တွင်ရှိသည်။
ထိုသွေးဆေးကန်သည် နှစ်ပေါင်းများစွာမြေကြီးအောက် ရောက်ခဲ့ ပြီး ပျောက်ကွယ်ခဲ့ရသည်။
၁၉၉၆-၉၇ တွင် မြောက်ဘက်မုခ်ဦးနှင့် စောင်းတန်းဆောက်လုပ်ရန် မြေကြီးတူးရာမှ ကန်ဘောင်လှေကားထစ်များကို တွေ့ရပြီး ဆက်လက် တူးရာမှ ပြန်လည်ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရွှေတိဂုံစေတီတော်သမိုင်း၌ စေတီတော်ကြီးတည်စဉ်က လုပ်အား ဒါနလာပြုကြသူတို့ထဲတွင် ပင်ပန်းနွမ်းနယ်သူ၊ ခေါင်းကိုက်သူ၊ လဲကျသူတို့ရှိ လာ၍ သိကြားမင်းက သွေးဆေးကန်ကို တန်ခိုးဖြင့် ဖန်ဆင်းပြီး ကန်ထဲမှ ရေကိုသောက်စေရာ ရောဂါအားလုံးပျောက်ကင်းကြသည်ဆိုသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်