ရွှေတိဂုံစေတီတော် လမ်းညွှန်

အောင်မြေနေရာ
စေတီတော်ကြီး၏ ရာဟုထောင့်တွင် အောင်မြေနေရာ ရှိပါသည်။ အပေါ်စီးမှကြည့်လျင် ပန်းကြာပွင့် ပုံစံတွေ့မြင်ရပြီး အောင်မြေဧရိယာကို ရင်ပြင်တော်အထက် အနည်းငယ်မြှင့်ထားသည်။ အောင်မြေ မျက်နှာမူရာ အရပ်သည် စေတီတော်ကြီးကို ရှင်းရှင်းကြီး ဖူးမြော်ရသောနေရာဖြစ်၍ စေတီတော်ကြီးနှင့် အလွန်လိုက်ဖက်သော နေရာဖြစ်ပါသည်။ အဓိဌာန်ဝင်၊ ပုတီးစိပ်သူများ ပြည့်နေသော နေရာဖြစ်ပါသည်။ ရွှေတိဂုံစေတီ တော်တွင် အောင်မြေ(၃)နေရာရှိရာ
( ၁ ) တနင်္ဂနွေထောင့် ထီးတော်ပုံစေတီသုံးဆူရှိ သည့်အနက် ဘိုးဘိုးအောင်ဂူဘုရားရှေ့ရှိ ထီးတော်ပုံ စေတီနေရာ
( ၂ ) အင်္ဂါထောင့်ရှိ တံခွန်တိုင်မြင့်မြင့်ကြီးအနီး စတုသစ္စာပါရမီ အသင်းတန်ဆောင်း ရှေ့နေရာ
( ၃ ) ရာဟုထောင့်အောင်မြေနေရာတို့ ဖြစ်ကြပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်