ရွှေတိဂုံစေတီတော် လမ်းညွှန်

အနောက်ဘက်အာရုံခံမုခ်ဦးဆောင်
မြန်မာသက္ကရာဇ် ၁၀၉၇ ခုနှစ်တွင် သာယာဝတီမင်းကြီး၏ အိမ်ရှေ့မိဖုရားကြီးက စတင်ဆောက်လုပ် လှူဒါန်းခဲ့သော တန်ဆောင်း ဖြစ်ပါသည်။ ရာသီဥတုဒဏ်ကြောင့် ၁၈၄၀ ပြည့်နှစ်တွင် အသစ်ပြန်လည် တည် ဆောက်ခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၂၆၂ (၁၉၀၀)ခုနှစ်တွင် ပွဲစားကြီး ဦးအောင်ကြီး+ဒေါ်စောညွန့် မိသားစုမှ ရူပီးငွေ ၁၂၀,၀၀၀ အကုန် အကျခံကာ ထပ်မံပြုပြင်မွမ်းမံတည်ဆောက်ခဲ့ပါသည်။ ၁၉၃၁ ခုနှစ်တွင် တန်ဆောင်းကြီးမီးခသဖြင့် တန်ဆောင်းကြီးနှင့်တကွ ရာမဇာတ်ရုပ်လုံးများ ပါသည့် ရှေးဟောင်းပန်းပု လက်ရာများ ပျက်စီးဆုံးရှုံးခဲ့ပါသည်။ တန်ဆောင်း ကြီးအတွင်း၌ ကဿပမြတ်စွာဘုရား ကိန်းဝပ်စံပယ်တော်မူပါသည်။
အနောက်အာရုံခံတန်ဆောင်းကြီးအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ဆက်လက်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပါသည်။ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် တန်ဆောင်းကြီး၏ ဘုံဆောင် ပြာဿဒ်အဆင့်များ ပျက်စီးခဲ့ခြင်းအား ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်။

ပင်မစာမျက်နှာ

စေတီတော်ဆိုင်ရာ

ဖူးမြော်ရန်နေရာများ

ပန်းဆယ်မျိုး

ပွဲတော်များ

ခရီးသွားလမ်းညွှန်